ပထမဆုံး IPhone XS ရောင်းအား ကိန်းဂဏန်းကို နိုဝင်ဘာ ၁ ရက်တွင် Apple ထုတ်ပြန်မည်

32




 

Unicode Font

၂၀၁၈ ခုနှစ်ရဲ့ နောက်ဆုံး Apple ဘဏ္ဍာရေးအစည်းအဝေးအတွက် တရားဝင်နေ့စွဲ ထွက်ပေါ်လာပါပြီ။

ရင်းနှီးမြှုပ်နှံသူတွေဟာ ပထမဆုံး iPhone XS ရောင်းအား ကိန်းဂဏန်းအချက်အလက်တွေကို Apple ရဲ့ ၂၀၁၈ စတုတ္ထသုံးလပတ် ဘဏ္ဍာရေးအစည်းအဝေးမှာ သိရှိရမှာ ဖြစ်ပါတယ်။ အဲ့ဒီအစည်းအဝေးကို နိုဝင်ဘာ ၁ ရက်မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။

Apple ဟာ ဘဏ္ဍာရေးအစည်းအဝေး ကျင်းပမယ့်ရက်ကို ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူများ ဝက်ဘ်ဆိုက်ကနေ အောက်တိုဘာ ၃ ရက် (ဒီနေ့) မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ စတုတ္ထအကြိမ်မြောက် သုံးလပတ် ဘဏ္ဍာရေးအစည်းအဝေးမှာ iPhone XS, iPhone XS Max နဲ့ Apple Watch Series 4 တို့ရဲ့ ရောင်းအားကို ပထမဆုံး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Facebook Comments
105 Shares