ဗီရာကို ထိုးသတ်ဖို့ အပြင်းအထန် လေ့ကျင့်နေရတယ်ဆိုတဲ့ အောင်လအန်ဆန်း(VIDEO)

804
990 Shares

ဟဲဗီးဝိတ်ချန်ပီယံ ဗီရာကို ထိုးသတ်ဖို့ အပြင်းအထန် လေ့ကျင့်နေရတယ်ဆိုတဲ့ အောင်လအန်ဆန်း

feaqty 1

မစ်ဒယ်ဝိတ်တန်း ခါးပတ် ကာကွယ်ပွဲကို အကောင်းဆုံး ထိုးသတ်ပြီး ကာကွယ်နိုင်ခဲ့ပြီဖြစ်တဲ့ အောင်လအန်ဆန်ဟာ လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်ကာကွယ်ပွဲ အတွက်လည်း ပြင်ဆင်မှုတွေ ပြုလုပ်လျှက်ရှိတာ တွေ့ရပါတယ် ။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်း ချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ပြုလုပ် ကျင်းပသွားမှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသား ဟဲဗီးဝိတ်တန်းက ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ် ။

အသက် ၄၁ နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာဟာ အရပ် ၆ ပေ ၃ လက်မ ရှိပြီး MMA ပွဲပေါင်း ၂၄ ပွဲမှာ ၁၆ ပွဲနိုင်ထားပြီး ၇ ပွဲ ရှုံးထားသူ ဖြစ်ပါတယ် ။ MMA ချန်ပီယံ နှစ်ဦး ဖြစ်တဲ့အပြင် ယခင်က သင်ကြားခဲ့တဲ့ ဆရာတူ ဖိုက်တာ နှစ်ဦးလည်းဖြစ်ကြောင်း သိရပါတယ် ။

feaqty 2feaqty 3feaqty 4

လက်ရှိ အောင်လအန်ဆန်းကတော့ ဒီနှစ် ၂၀၁၉ ခုထဲမှာ ချန်ပီယံနှစ်ခုအတွက် အကောင်းဆုံး ကာကွယ်မှုတွေ ပြုလုပ်တာဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ လက်ရှိ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲအတွက် ပြင်ဆင်မှုတွေကို စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ် ။

ပြိုင်ဘက် ဖိုက်တာ ဗီရာကတော့ ဟဲဗီးဝတ်ချန်ပီယံ တစ်ဦးဖြစ်တာကြောင့် ခန္ဓာကိုယ်ပိုင်းကွာခြားလွန်းတာကြောင့် ပိုမို ပြင်ဆင်မှုတွေ လုပ်ဆောင်နေရပြီး ယခင်ထက် ကြံ့ခိုင်မှုရှိအောင် လေ့ကျင့်နေရကြောင်း သိရပါတယ် ။ နေ့စဉ် ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အဓိကထားပြုလုပ်နေရပြီး အကောင်းဆုံး တိုက်စစ်ဖွင့်နိုင်ဖို့ ပြင်ဆင်လျှက်ရှိတာ တွေ့ရပါတယ် ။

feaqty 5feaqty 6

လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်အတွက် ပြင်ဆင်မှုတွေ အပြင်းအထန် ပြုလုပ်နေရတဲ့ အောင်လအန်ဆန်းရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ် ။

Heavyweight no problem. Just give me sometime and we will be there. Doing some S&C in the evening with Doctor 🥼 Peacock as I get ready to defend my Light Heavyweight belt. P.S. we are fighters not power lifters.

Geplaatst door Aung La Nsang(Burmese Python) op Dinsdag 4 juni 2019
Facebook Comments
990 Shares