စမတ်ဖုန်းမသုံးဘဲ ခေါက်ဖုန်းဖြင့် တပတ်တိတိနေနိုင်သူကို ဒေါ်လာ ၁ဝဝဝ ဆုချမည်ဟု စိန်ခေါ်

516
463 Shares

စမတ်ဖုန်းမသုံးဘဲ ခေါက်ဖုန်းဖြင့် တပတ်တိတိနေနိုင်သူကို ဒေါ်လာ ၁ဝဝဝ ဆုချမည်ဟု စိန်ခေါ်

fdqty

ရှေးခေတ်သုံး ခေါက်ဖုန်းအဟောင်းလေးနဲ့ တပတ်ကြာနေထိုင်နိုင်မယ့်သူကို ဒေါ်လာ ၁၀၀၀ ပေးမယ်ဆိုပြီး ယူတက်အခြေစိုက်ကုမ္ပဏီတခုက စိန်ခေါ်လိုက်တယ်လို့ ဇွန် ၇ ရက်နေ့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။

ဒီအစီအစဉ်ကို ယူတက်ပြည်နယ်အခြေစိုက် Frontier Bundles ကုမ္ပဏီက ပြုလုပ်လိုက်တာဖြစ်ပြီး “စမတ်ဖုန်းခတ်မှာ စမတ်ဖုန်းတွေကို လုံးဝအသုံးမပြုဘဲ သာမာန် ခေါက်ဖုန်းလေးတလုံးနဲ့ တပတ်တိတိ နေထိုင်ဖို့ သတ္တိရှိသူကို ဖိတ်ခေါ်ပါတယ်” လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။

ဒီစိန်ခေါ်မှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရသူဟာ စိန်ခေါ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုရင် ဒေါ်လာ ၁၀၀၀ ရရှိမယ်လို့လည်း သိရပါတယ်။

fdqty

ဒီစိန်ခေါ်မှုဟာ လူမူကွန်ရက်ကို မသုံးမနေနိုင်အောင် ဆွဲလမ်းနေသူများ၊ လူမူကွန်ရက် ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့သူဟာ ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ သူတို့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်ရှင်းပြရမှာ ဖြစ်ပါတယ်။

Facebook Comments
463 Shares