မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြိုင်ကစားသမားခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

34
377 Shares

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အပြိုင်ကစားသမားခေါ်ယူဖို့ ပြင်ဆင်နေတဲ့ ရီးရဲလ်မက်ဒရစ်

football 3 1

ရီးရဲလ်မက်ဒရစ်အသင်းကတော့ နာပိုလီအသင်းနောက်ခံကစားသမား ကူလီဘလီကို ရီးရဲလ်အသင်းနဲ့အပြိုင်ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေပါတယ်။ရီးရဲလ်အသင်းအနေနဲ့ လာမယ့်နွေရာသီမှာအသင်းရဲ့ နောက်ခံကစားသမား ဗာရန်းကိုလက်လွှတ်ရဖွယ်ရှိနေခဲ့တာကြောင့်အသင်းရဲ့ နောက်တန်းအတွက် ကူလီဘလီကို ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

football 1 1

ကူလီဘလီကိုခေါ်ယူမယ်ဆိုရင် အနည်းဆုံး ယူရိုသန်း (၁၀၀) လောက်အသုံးပြုရဖွယ်ရှိနေခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့လည်းအပြိုင်ခေါ်ယူရဖွယ်ရှိနေတာဖြစ်ပါတယ်။ဒီရာသီမှာ ခြေစွမ်းပိုင်းအဓိက ထက်မြက်လာခဲ့တဲ့ ကူလီဘလီကိုခေါ်ယူနိုင်ဖို့အတွက် ဥရောပထိပ်သီးအသင်းတော်တော်များများက ပစ်မှတ်ထားနေခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း အသင်းရဲ့နောက်တန်းကို အင်အားဖြည့်ပေးနိုင်မယ့် ကစားသမားလို့ ကူလီဘလီကို ထင်မှတ်ထားတာကြောင့် အသင်းထံအရခေါ်ယူဖို့အတွက် ပြင်ဆင်နေပါတယ်။

football 2 1

ရီးရဲလ်အသင်းအဓိက ခေါ်ယူဖို့အတွက် ပြင်ဆင်နေခဲ့တာက အသင်းရဲ့နောက်တန်းကနေ ဗာရန်းထွက်ခွာသွားမှာစိုးတဲ့အတွက်ကြောင့်ဖြစ်ပြီး ဗာရန်းသာဆက်ရှိနေမယ်ဆိုရင်တော့ ဒီပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုဖို့ဆိုတာက စဉ်းစားစရာတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။

Facebook Comments
377 Shares