လူးဝစ်ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးရန် ရက်ရှ်ဖို့ဒ်ကို ဦးစားပေး ပစ်မှတ်ထားလာတဲ့ ဘာစီလိုနာ…

31
546 Shares

လူးဝစ်ဆွာရက်ဇ်ရဲ့နေရာကို အစားထိုးရန် ရက်ရှ်ဖို့ဒ်ကို ဦးစားပေး ပစ်မှတ်ထားလာတဲ့ ဘာစီလိုနာ…

mu

ဘာစီလိုနာအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ရဲ့ နေရာကို အစားထိုးဖို့အတွက် လူငယ်တိုက်စစ်ကစားသမား(၃)ဦးကို လျာထားခဲ့ပြီး ၄င်း(၃)ဦးထဲမှာမှ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ဦးစားပေးပစ်မှတ်ထားနေတာဖြစ်တယ်လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ Mundo Deportivo မှာ ဖော်ပြသွားခဲ့ပါတယ်။

mu

Mundo Deportivo သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာတော့ ဘာစီလိုနာအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမား ပစ်မှတ်သုံးဦးကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မတိုင်မီ အကြိုသဘောတူညီမှု ရရှိဖို့ ကြိုးစားနေတယ်လို့ ဖော်ပြပါရှိထားပါတယ်။ ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကိုတော့ ပထမဦးစားပေးအဖြစ် သတ်မှတ်ပြီး လက်ရှိအချိန်မှာ အနီးကပ်စောင့်ကြည့်နေကာ လက်ဦးမှုရယူနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

mu

အသက်၂၁နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းနဲ့ ၂၀၂၀ အထိသာ စာချုပ်ချုပ်ဆိုထားခဲ့ပြီး စာချုပ်သက်တမ်း တစ်နှစ်သာကျန်ရှိတော့တာကြောင့် ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်အကြား စာချုပ်သက်တမ်းတိုးမှု အဆင်မပြေဖြစ်ဖို့ကို အလိုရှိနေပြီး ကြားထဲကနေ အခွင့်ကောင်းယူဖို့ ကြံစည်နေတာပါ။ ရက်ရှ်ဖို့ဒ်ဟာ နည်းပြဆိုးလ်ရှားလက်ထက်မှာတော့ ပုံမှန်ပွဲထွက်ခွင့် ပြန်လည်ရရှိလာခဲ့ပြီး အသင်းအတွက် ခြေစွမ်းပြသွင်းဂိုးတွေ ပြန်လည်သွင်းယူနိုင်နေတာလည်း ဖြစ်ပါတယ်။

mu

ဘာစီလိုနာအသင်းအနေနဲ့ ရက်ရှ်ဖို့ဒ်ကို မရရှိပါက နောက်ထပ်ဦးစားပေး တိုက်စစ်မှူးအဖြစ် လက်ရှိ ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းအများဆုံး အဖြစ် ဦးဆောင်နေတဲ့ ဖရန့်ဖတ်တိုက်စစ်မှူး လူကာဂျိုဗစ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ အသက် (၂၁)နှစ်အရွယ် လူကာဂျိုဗစ်ဟာ ဘင်ဖီကာအသင်းကနေ အငှားနဲ့လာရောက်ကစားနေတဲ့ သူဖြစ်ပြီး လက်ရှိ ဥရောပရဲ့ စွမ်းဆောင်ရည်အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရကာ လာမယ့်နွေရာသီမှာ နူးကမ့်ကို ရောက်နိုင်ချေရှိတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

mu

ဘာစီလိုနာရဲ့ နောက်ဆုံးပစ်မှတ်ကတော့ သူတို့ရဲ ကာလရှည်ပစ်မှတ်တစ်ခု ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းပါ။ အသက် ၂၈နှစ်အရွယ် တိုက်စစ်မှူးဟာ လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေသူဖြစ်ပြီး ဂရစ်ဇ်မန်းကတော့ ဆွာရက်ဇ်ရဲ့နေရာမှာ အစားဝင်ဖို့ အသင့်တော်ဆုံး ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Facebook Comments
546 Shares