အမြဲတမ်းနည်းပြ ဖြစ်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ရယူမယ်လို့ ကြွေးကြော်လိုက်တဲ့ ဆိုးလ်ရှား

16
352 Shares

အမြဲတမ်းနည်းပြ ဖြစ်လာပြီးနောက် ပရီးမီးယားလိဂ်ဖလား ရယူမယ်လို့ ကြွေးကြော်လိုက်တဲ့ ဆိုးလ်ရှား

so 1

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိကိုင်တွယ်နေတဲ့ အသင်းရဲ့ ကစားသမားဟောင်းလဲဖြစ်တဲ့ နော်ဝေနိုင်ငံသား အိုလေဂန်နာ ဆိုးလ်ရှားကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် သုံးနှစ်စာချုပ်ချုပ်ဆိုကာ တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ တရားဝင်ကြေငြာသွားပြီးနောက်မှာတော့ ပရီးမီးယားလိဂ်ဖလားကို အရယူမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ယခင်နည်းပြဟောင်းမော်ရင်ဟိုရဲ့ နေရာကို အကောင်းဆုံး ဆက်ခံနိုင်ခဲ့ပြီး အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်လည် ရောက်ရှိစေခဲ့တာကြောင့် အသင်းက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

so 1

အသက် ၄၆နှစ်အရွယ် ဆိုးလ်ရှားဟာ မော်ရင်ဟိုရဲ့နေရာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဆက်ခံခဲ့ပြီး အသင်းကို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေဖို့ အနီးစပ်ဆုံးအနေအထားဖြစ်တဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၅နေရာအထိ ပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ စစချင်းကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ်၉ပွဲဆက် နိုင်ပွဲရရှိခဲ့ပြီး ဇန်နဝါရီလရဲ့ တစ်လတာအကောင်းဆုံး မန်နေဂျာဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

so 2

ဆိုးလ်ရှားဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်စဉ်ကတည်းက အသင်းရဲ့ ဂန္ထ၀င်​နည်းပြကြီး ဖာဂူဆန်ရဲ့ အကြံဥာဏ်တွေကို ရယူလေ့ရှိကာ ဖာဂူဆန်ကိုယ်တိုင်က ဆိုးလ်ရှားကို အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် သင့်တော်ကြောင်း ထောက်ခံပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက်ကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ပီအက်စ်ဂျီအသင်းကို အံ့အားသင့်ဖွယ် အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်စေနိုင်ခဲ့တာပါ။

so 1

မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြဖာဂူဆန်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလားနဲ့ ဝေးကွာနေခဲ့ရကာ ယခုနည်းပြဆိုးလ်ရှားကတော့ အဆိုပါအမှတ်ပေးဖလားကို တစ်ကျော့ပြန်ရယူဖို့ ရည်ရွယ်ချက်ရှိကြောင်း အခုလိုပြောကြား သွားခဲ့ပါတယ်။ ဒီဖလားဟာ ကျွန်တော်တို့ အကြိမ်ကြိမ်ရယူခဲ့ဖူးတာကြောင့် ကျွန်တော့်လက်ထက်မှာလည်း ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါကို နောက်ထပ် နှစ်တွေ အကြာကြီး မစောင့်နိုင်တော့ပါဘူး။

so 2

ဒီအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တာ သုံးလရှိခဲ့ပါပြီ။ ဆုဖလားတွေကိုင်မြောက်နိုင်ဖို့အတွက် အသင်းရဲ့ လက်ရှိလူစာရင်းထက် ပိုတောင့်တင်းတဲ့ လူစာရင်း ရရှိဖို့ လိုပြီး လက်ရှိကစားသမားတွေကိုလည်း လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပိုမိုကြိုးစား စေမှာပါ။ ကျွန်တော်တို့အသင်းဟာ ပုံစံကောင်းကို ပြန်လည်ရရှိနေပြီလို့ ခံစားရပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။ လို့ အသင်းရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Facebook Comments
352 Shares