ေရာ္နယ္ဒိုေၾကာင့္ က်န္းမာေနတယ္လို႕ ေျပာလာတဲ့ မက္ဆီ

282
2K Shares

ေရာ္နယ္ဒိုေၾကာင့္ က်န္းမာေနတယ္လို႕ ေျပာလာတဲ့ မက္ဆီ

၂၀၀၉ ခုႏွစ္ကတည္းက ၿပိဳင္ဆိုင္လာခဲ့ရတဲ့ ေရာ္နယ္ဒိုေၾကာင့္သာ က်န္းမာေနတာျဖစ္ၿပီး အခုလို သူတို႔ွႏွစ္ဦးရဲ႕ ၿပိဳင္ဆိုင္မႈက ပရိသတ္ေတြအတြက္ေတာ့ အေကာင္းဆုံးပဲလို႔ မက္ဆီက စပိန္သတင္းဌာန မာကာကို ေျပာခဲ့တာ ပါ။ဘာစီလိုနာ တုိက္စစ္မွဴး လီယြန္နယ္မက္ဆီကေတာ့ ကာလရွည္ အဓိက ၿပိဳင္ဖက္ ေရာ္နယ္ဒိုနဲ႔ ပတ္သက္ၿပီး အ့ံအားသင့္ဖြယ္စကားတစ္ခြန္းကို ထုတ္ေျပာလာခဲ့ပါတယ္။အဲ့ဒါကေတာ့ ေရာ္နယ္ဒိုနဲ႔ ၿပိဳင္ဆိုင္ေနရျခင္းက က်န္းမာေစတယ္ဆိုၿပီး ေျပာလာတာ ျဖစ္သလို ပရိသတ္ေတြ အတြက္လည္း ပိုေကာင္းေစတယ္လို႔ စပိန္သတင္းဌာန မာကာကို ထုတ္ေျပာလာခဲ့တာပါ။၂၀၀၉ ခုႏွစ္ ေရာ္နယ္ဒို စေရာက္လာခ်ိန္ကတည္းက ႏွစ္ဦးသား ၿပိဳင္ဆိုင္မႈ ျပင္းထန္လာခဲ့တာ ျဖစ္ၿပီး ေရာ္နယ္ဒိုက လာလီဂါမွာ အမွတ္ေပးဖလား ၂ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၄ ႀကိမ္ရခဲ့ပါတယ္။

မက္ဆီကေတာ့ လာလီဂါ ၉ ႀကိမ္နဲ႔ခ်န္ပီယံလိဂ္ ၄ ႀကိမ္ကို ဘာစီလိုနာ တစ္သင္းတည္းနဲ႔ ရယူခဲဲ့ဖူးပါတယ္။ တစ္ဦးခ်င္းဆုတံဆိပ္မ်ားစြာလည္း ရရွိိထားၾကၿပီး ကမၻာ႔အေကာင္းဆုံး ဆုကိုလည္း တစ္ဦးလွ်င္ ၅ ႀကိမ္စီ ရယူ ထားတာပါ။၂၀၁၈ မွာေတာ့ အသက္ ၃၃ ႏွစ္အရြယ္ ေရာ္နယ္ဒိုတစ္ေယာက္ ၉ ႏွစ္တာ က်င္လည္ခဲ့တဲ့ ၿပိဳင္ပြဲထဲက ထြက္လာခဲ့တယ္လို႔ ေျပာရမွာ ျဖစ္ၿပီး ဂ်ဴဗင္တပ္ကို ေျပာင္းခဲ့ပါတယ္။ဒါေ၂၀၁၈ မွာေတာ့ အသက္ ၃၃ ႏွစ္အရြယ္ ေရာ္နယ္ဒိုတစ္ေယာက္ ၉ ႏွစ္တာ က်င္လည္ခဲ့တဲ့ ၿပိဳင္ပြဲထဲက ထြက္လာခဲ့တယ္လို႔ ေျပာရမွာ ျဖစ္ၿပီး ဂ်ဴဗင္တပ္ကို ေျပာင္းခဲ့ပါတယ္။ဒါေမယ့္ သူတို႔ႏွစ္ေယာက္ရဲ႕ တစ္ဦးခ်င္း ၿပိဳင္ဆိုင္မႈေတြက ရပ္တန္႔မသြားပဲ ဆက္လက္ရွိေနဦးမွာ ျဖစ္ၿပီး မက္ဆီ ေျပာပုံအရဆိုရင္ ေရာ္နယ္ဒို ရွိေနလို႔ က်န္းမာေနတယ္ဆိုတာကေတာ့ သံသယရွိစရာလိုမယ္မထင္ ပါဘူး။

Unicode Font

ရော်နယ်ဒိုကြောင့် ကျန်းမာနေတယ်လို့ ပြောလာတဲ့ မက်ဆီ

၂၀၀၉ ခုနှစ်ကတည်းက ပြိုင်ဆိုင်လာခဲ့ရတဲ့ ရော်နယ်ဒိုကြောင့်သာ ကျန်းမာနေတာဖြစ်ပြီး အခုလို သူတို့ှနှစ်ဦးရဲ့ ပြိုင်ဆိုင်မှုက ပရိသတ်တွေအတွက်တော့ အကောင်းဆုံးပဲလို့ မက်ဆီက စပိန်သတင်းဌာန မာကာကို ပြောခဲ့တာ ပါ။ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ ကာလရှည် အဓိက ပြိုင်ဖက် ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ်စကားတစ်ခွန်းကို ထုတ်ပြောလာခဲ့ပါတယ်။အဲ့ဒါကတော့ ရော်နယ်ဒိုနဲ့ ပြိုင်ဆိုင်နေရခြင်းက ကျန်းမာစေတယ်ဆိုပြီး ပြောလာတာ ဖြစ်သလို ပရိသတ်တွေ အတွက်လည်း ပိုကောင်းစေတယ်လို့ စပိန်သတင်းဌာန မာကာကို ထုတ်ပြောလာခဲ့တာပါ။၂၀၀၉ ခုနှစ် ရော်နယ်ဒို စရောက်လာချိန်ကတည်းက နှစ်ဦးသား ပြိုင်ဆိုင်မှု ပြင်းထန်လာခဲ့တာ ဖြစ်ပြီး ရော်နယ်ဒိုက လာလီဂါမှာ အမှတ်ပေးဖလား ၂ ကြိမ်နဲ့ ချန်ပီယံလိဂ် ၄ ကြိမ်ရခဲ့ပါတယ်။

မက်ဆီကတော့ လာလီဂါ ၉ ကြိမ်နဲ့ချန်ပီယံလိဂ် ၄ ကြိမ်ကို ဘာစီလိုနာ တစ်သင်းတည်းနဲ့ ရယူခဲ့ဖူးပါတယ်။ တစ်ဦးချင်းဆုတံဆိပ်များစွာလည်း ရရှိထားကြပြီး ကမ္ဘာ့အကောင်းဆုံး ဆုကိုလည်း တစ်ဦးလျှင် ၅ ကြိမ်စီ ရယူ ထားတာပါ။၂၀၁၈ မှာတော့ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုတစ်ယောက် ၉ နှစ်တာ ကျင်လည်ခဲ့တဲ့ ပြိုင်ပွဲထဲက ထွက်လာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ဂျူဗင်တပ်ကို ပြောင်းခဲ့ပါတယ်။ဒါေ၂၀၁၈ မှာတော့ အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုတစ်ယောက် ၉ နှစ်တာ ကျင်လည်ခဲ့တဲ့ ပြိုင်ပွဲထဲက ထွက်လာခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ဂျူဗင်တပ်ကို ပြောင်းခဲ့ပါတယ်။ဒါမေယ့် သူတို့နှစ်ယောက်ရဲ့ တစ်ဦးချင်း ပြိုင်ဆိုင်မှုတွေက ရပ်တန့်မသွားပဲ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး မက်ဆီ ပြောပုံအရဆိုရင် ရော်နယ်ဒို ရှိနေလို့ ကျန်းမာနေတယ်ဆိုတာကတော့ သံသယရှိစရာလိုမယ်မထင် ပါဘူး။

Facebook Comments
2K Shares