ဒီရာသီ ခ်န္ပီယံလိဂ္မွာ ရံႈးပြဲမရွိေသးတဲ့ အသင္း (၅)သင္း

233
1K Shares

ဒီရာသီ ခ်န္ပီယံလိဂ္မွာ ရံႈးပြဲမရွိေသးတဲ့ အသင္း (၅)သင္း

ဒီေန႔ညမွာေတာ့ ဥေရာပခ်န္ပီယံလိဂ္ျပိဳင္ပြဲရဲ႕ အုပ္စုအဆင့္ ေနာက္ဆံုးပြဲစဥ္ေတြကို ကစားေတာ့မွာ ျဖစ္ပါတယ္။ အုပ္စုပြဲစဥ္ (၆) အျဖစ္နဲ႔ ကစားရမွာ ျဖစ္ျပီး ဒီေန႔ကစားမယ့္ ပြဲစဥ္ေတြမတိုင္ခင္မွာ ရံႈးပြဲမရွိေသးတဲ့ အသင္းေတြလည္း ရွိေနခဲ့ပါတယ္။ စုစုေပါင္း အသင္း (၅)သင္း ရွိျပီး အဲဒီအသင္းေတြကေတာ့…………….။

လိုင္ယြန္

ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတြမွာဆို အခုေနာက္ပိုင္း ရုန္းကန္ေနခဲ့ရတဲ့ လိုင္ယြန္ဟာ ဒီႏွစ္မွာေတာ့ အုပ္စုပြဲ (၅)ပြဲ ကစားျပီးတဲ့အခ်ိန္ထိ ရံႈးပြဲမရွိေသးပါဘူး။ အုပ္စုတြင္းမွာ (၇)မွတ္ပိုင္ဆိုင္ထားျပီး အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။ ဒီအုပ္စုမွာေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံမန္စီးတီး ပါ၀င္ေနျပီး လိုင္ယြန္က မန္စီးတီးနဲ႔ (၂)ေက်ာ့ကစားခဲ့ရာမွာ တစ္ပြဲႏိုင္၊ တစ္ပြဲသေရနဲ႔ အထင္ၾကီးစရာ ေျခစြမ္းျပသခဲ့ပါတယ္။ မန္စီးတီးကို အေ၀းကြင္းမွာေတာင္ အႏိုင္ယူခဲ့တာလည္း ျဖစ္ပါတယ္။ အျခားအသင္းႏွစ္သင္းျဖစ္တဲ့ ေဟာ့ဖန္ဟိမ္း နဲ႔ ရွက္တာဒိုးနတ္အသင္းေတြကိုလည္း အေရးမနိမ့္ေအာင္ လိုင္ယြန္က ကစားထားပါတယ္။

ေအဂ်က္ဇ္

ဥေရာပမွာ အစဥ္အလာၾကီးမားတဲ့ သမိုင္းေၾကာင္းရွိတဲ့ နယ္သာလန္ကလပ္ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဥေရာပမွာ သူတို႔ရဲ႕ ေအာင္ျမင္မႈေတြ ဆိတ္သုဥ္းေနခဲ့ရတဲ့ ႏွစ္ေတြကေတာ့ ၾကာျမင့္ေနခဲပါျပီ။ ဒါေပမယ့္ ဒီႏွစ္ေဘာလံုးရာသီမွာေတာ့ ေအဂ်က္ဇ္ဟာ ေတာက္ပတဲ့ ေျခစြမ္းေတြနဲ႔ ဥေရာပျပိဳင္ပြဲကို ျပန္လာႏိုင္ခဲ့ပါတယ္။ အုပ္စုတြင္းမွာ ဘိုင္ယန္၊ ေအအီးေကေအသင္၊ ဘင္ဖီကာတို႔နဲ႔ ရင္ဆိုင္ခဲ့ရျပီး ငါးပြဲကစားျပီးရာမွာ (၃)ပြဲႏိုင္ (၂)ပြဲသေရ ရလာဒ္နဲ႔ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ခဲ့ျပီလည္း ျဖစ္ပါတယ္။ အုပ္စုေနာက္ဆံုးပြဲအျဖစ္ ဘိုင္ယန္နဲ႔ အိမ္ကြင္းမွာ ကစားရမွာမို႔ ရံႈးပြဲမရွိစံခ်ိန္ကို ထိန္းႏိုင္မလား ေစာင့္ၾကည့္ရပါမယ္။

ေပၚတို

ခ်န္ပီယံလိဂ္ခ်န္ပီယံေဟာင္း ေပၚတိုအသင္းကလည္း ရံႈးပြဲမရွိအသင္းေတြထဲမွာ ပါ၀င္ေနပါတယ္။ အုပ္စု (ဃ)က ေပၚတူဂီကလပ္ဟာ (၄)ပြဲအႏုိင္ရထားျပီး (၁)ပြဲသေရနဲ႔ အုပ္စုတြင္းကို ဦးေဆာင္ေနျပီး ေနာက္တဆင့္ကိုလည္း တက္ေရာက္သြားခဲ့ပါျပီ။ ဒီအုပ္စုမွာက အလယ္အလတ္အသင္းေတြ အတူတူက်ေရာက္ေနျပီး ေပၚတုိက အျခားအသင္းေတြျဖစ္တဲ့ ဂါလာတာစာေရး၊ ေရွာ္လ္ေကး၊ လိုကိုမိုးတစ္တို႔ထက္ ေခါင္းတစ္လံုးသာေနခဲ့တာပါ။ ေနာက္ဆံုးပြဲကို တူရကီမွာ သြားေရာက္ကစားရမွာျဖစ္ျပီး ေပၚတုိအတြက္ေတာ့ ဒီပြဲက ရံႈးပြဲမရွိစံခ်ိန္ကို ထိန္းႏိုင္ဖို႔ အနည္းငယ္ အခက္အခဲ ရွိႏိုင္ပါတယ္။

ဘိုင္ယန္

ဘြန္ဒက္လီဂါမွာ ရလာဒ္ေတြဆိုးရြားေနေပမယ့္လည္း ခ်န္ပီယံလိဂ္မွာေတာ့ ဘိုင္ယန္က သူတို႔ရဲ႕ သမၻာနဲ႔၀ါကို ျပသေနခဲ့ပါတယ္။ ေအဂ်က္ဇ္နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနခဲ့ျပီးေတာ့ သူတို႔က (၄)ပြဲ အႏိုင္ကစားကာ (၁)ပြဲသာ သေရျဖစ္ထားပါတယ္။ အုပ္စုတြင္းမွာ အားနည္းတဲ့ ျပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရလို႔ ဒီလိုရလာဒ္ ပိုင္ဆိုင္ထားတယ္လို႔ ေျပာလို႔ရေပမယ့္လည္း တကယ္လည္း အႏိုင္ရရွိသင့္တဲ့ ေျခစြမ္းကို ပိုင္ဆိုင္ထားလို႔ဆိုတာကိုေတာ့ ၀န္ခံရပါလိမ့္မယ္။ ရံႈးပြဲမရွိ စံခ်ိန္ကုိ ထိန္းသိမ္းဖို႔အတြက္ေတာ့ နယ္သာလန္မွာ ေအဂ်က္ဇ္နဲ႔ သြားေရာက္ကစားရမွာျဖစ္ျပီး ေအဂ်က္ဇ္ကလည္း ရံႈးပြဲမရွိေသးတဲ့ အသင္းျဖစ္တာမို႔ ဘိုင္ယန္အေနနဲ႔ အနည္းငယ္ရုန္းကန္ရႏိုင္ပါတယ္။

ဘာစီလိုနာ

ဘာစီလိုနာက အုပ္စုတြင္းမွာ စပါး၊ အင္တာ၊ PSV တို႔နဲ႔ က်ေရာက္ေနခဲ့တာပါ။ သူတို႔က အဖြင့္ပြဲမွာ PSV ကို ေလးဂိုးျပတ္သြင္းခဲ့သလို စပါးကိုလည္း အေ၀းကြင္းမွာ ၄-၂ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ အင္တာမီလန္ကို တစ္ပြဲႏိုင္ တစ္ပြဲသေရ ကစားထားျပီးေတာ့ ေလးပြဲႏိုင္ကာ တစ္ပြဲသေရက်ထားခဲ့တာပါ။ အာနက္စတိုဗယ္လ္ဗာဒီရဲ႕ အသင္းဟာ ေနာက္ဆံုးပြဲအျဖစ္ ေတာ့တင္ဟမ္နဲ႔ ကစားရမွာ ျဖစ္ျပီး အိမ္ကြင္းမွာ ယွဥ္ျပိဳင္ရမွာပါ။ ေတာ့တင္ဟမ္က မျဖစ္မေန အႏိုင္ကစားရမယ့္ ပြဲျဖစ္ေနျပီး ဒီပြဲကို ဘာစီလိုနာတိုက္စစ္မွဴး ဆြာရက္ဇ္ လြဲေခ်ာ္မွာပါ။ ဒီေတာ့ ဘာစီလိုနာရဲ႕ ရံႈးပြဲမရွိစံခ်ိန္ကို ေတာ့တင္ဟမ္က ဖ်က္ဆီးႏိုင္မလား၊ ဘာစီလိုနာကပဲ သူတို႔ရဲ႕စံခ်ိန္ကို ထိန္းသိမ္းႏိုင္မလား စိတ္၀င္စားစရာပါ။

Unicode Font

ဒီရာသီ ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်း (၅)သင်း

ဒီနေ့ညမှာတော့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွေကို ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုပွဲစဉ် (၆) အဖြစ်နဲ့ ကစားရမှာ ဖြစ်ပြီး ဒီနေ့ကစားမယ့် ပွဲစဉ်တွေမတိုင်ခင်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းတွေလည်း ရှိနေခဲ့ပါတယ်။ စုစုပေါင်း အသင်း (၅)သင်း ရှိပြီး အဲဒီအသင်းတွေကတော့…………….။

လိုင်ယွန်

ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာဆို အခုနောက်ပိုင်း ရုန်းကန်နေခဲ့ရတဲ့ လိုင်ယွန်ဟာ ဒီနှစ်မှာတော့ အုပ်စုပွဲ (၅)ပွဲ ကစားပြီးတဲ့အချိန်ထိ ရှုံးပွဲမရှိသေးပါဘူး။ အုပ်စုတွင်းမှာ (၇)မှတ်ပိုင်ဆိုင်ထားပြီး အုပ်စုဒုတိယနေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒီအုပ်စုမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံမန်စီးတီး ပါဝင်နေပြီး လိုင်ယွန်က မန်စီးတီးနဲ့ (၂)ကျော့ကစားခဲ့ရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ အထင်ကြီးစရာ ခြေစွမ်းပြသခဲ့ပါတယ်။ မန်စီးတီးကို အဝေးကွင်းမှာတောင် အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။ အခြားအသင်းနှစ်သင်းဖြစ်တဲ့ ဟော့ဖန်ဟိမ်း နဲ့ ရှက်တာဒိုးနတ်အသင်းတွေကိုလည်း အရေးမနိမ့်အောင် လိုင်ယွန်က ကစားထားပါတယ်။

အေဂျက်ဇ်

ဥရောပမှာ အစဉ်အလာကြီးမားတဲ့ သမိုင်းကြောင်းရှိတဲ့ နယ်သာလန်ကလပ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥရောပမှာ သူတို့ရဲ့ အောင်မြင်မှုတွေ ဆိတ်သုဉ်းနေခဲ့ရတဲ့ နှစ်တွေကတော့ ကြာမြင့်နေခဲပါပြီ။ ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ အေဂျက်ဇ်ဟာ တောက်ပတဲ့ ခြေစွမ်းတွေနဲ့ ဥရောပပြိုင်ပွဲကို ပြန်လာနိုင်ခဲ့ပါတယ်။ အုပ်စုတွင်းမှာ ဘိုင်ယန်၊ အေအီးကေအေသင်၊ ဘင်ဖီကာတို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ငါးပွဲကစားပြီးရာမှာ (၃)ပွဲနိုင် (၂)ပွဲသရေ ရလာဒ်နဲ့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အုပ်စုနောက်ဆုံးပွဲအဖြစ် ဘိုင်ယန်နဲ့ အိမ်ကွင်းမှာ ကစားရမှာမို့ ရှုံးပွဲမရှိစံချိန်ကို ထိန်းနိုင်မလား စောင့်ကြည့်ရပါမယ်။

ပေါ်တို

ချန်ပီယံလိဂ်ချန်ပီယံဟောင်း ပေါ်တိုအသင်းကလည်း ရှုံးပွဲမရှိအသင်းတွေထဲမှာ ပါဝင်နေပါတယ်။ အုပ်စု (ဃ)က ပေါ်တူဂီကလပ်ဟာ (၄)ပွဲအနိုင်ရထားပြီး (၁)ပွဲသရေနဲ့ အုပ်စုတွင်းကို ဦးဆောင်နေပြီး နောက်တဆင့်ကိုလည်း တက်ရောက်သွားခဲ့ပါပြီ။ ဒီအုပ်စုမှာက အလယ်အလတ်အသင်းတွေ အတူတူကျရောက်နေပြီး ပေါ်တိုက အခြားအသင်းတွေဖြစ်တဲ့ ဂါလာတာစာရေး၊ ရှော်လ်ကေး၊ လိုကိုမိုးတစ်တို့ထက် ခေါင်းတစ်လုံးသာနေခဲ့တာပါ။ နောက်ဆုံးပွဲကို တူရကီမှာ သွားရောက်ကစားရမှာဖြစ်ပြီး ပေါ်တိုအတွက်တော့ ဒီပွဲက ရှုံးပွဲမရှိစံချိန်ကို ထိန်းနိုင်ဖို့ အနည်းငယ် အခက်အခဲ ရှိနိုင်ပါတယ်။

ဘိုင်ယန်

ဘွန်ဒက်လီဂါမှာ ရလာဒ်တွေဆိုးရွားနေပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ ဘိုင်ယန်က သူတို့ရဲ့ သမ္ဘာနဲ့ဝါကို ပြသနေခဲ့ပါတယ်။ အေဂျက်ဇ်နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့ပြီးတော့ သူတို့က (၄)ပွဲ အနိုင်ကစားကာ (၁)ပွဲသာ သရေဖြစ်ထားပါတယ်။ အုပ်စုတွင်းမှာ အားနည်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရလို့ ဒီလိုရလာဒ် ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရပေမယ့်လည်း တကယ်လည်း အနိုင်ရရှိသင့်တဲ့ ခြေစွမ်းကို ပိုင်ဆိုင်ထားလို့ဆိုတာကိုတော့ ဝန်ခံရပါလိမ့်မယ်။ ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်းဖို့အတွက်တော့ နယ်သာလန်မှာ အေဂျက်ဇ်နဲ့ သွားရောက်ကစားရမှာဖြစ်ပြီး အေဂျက်ဇ်ကလည်း ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်တာမို့ ဘိုင်ယန်အနေနဲ့ အနည်းငယ်ရုန်းကန်ရနိုင်ပါတယ်။

ဘာစီလိုနာ

ဘာစီလိုနာက အုပ်စုတွင်းမှာ စပါး၊ အင်တာ၊ PSV တို့နဲ့ ကျရောက်နေခဲ့တာပါ။ သူတို့က အဖွင့်ပွဲမှာ PSV ကို လေးဂိုးပြတ်သွင်းခဲ့သလို စပါးကိုလည်း အဝေးကွင်းမှာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အင်တာမီလန်ကို တစ်ပွဲနိုင် တစ်ပွဲသရေ ကစားထားပြီးတော့ လေးပွဲနိုင်ကာ တစ်ပွဲသရေကျထားခဲ့တာပါ။ အာနက်စတိုဗယ်လ်ဗာဒီရဲ့ အသင်းဟာ နောက်ဆုံးပွဲအဖြစ် တော့တင်ဟမ်နဲ့ ကစားရမှာ ဖြစ်ပြီး အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ တော့တင်ဟမ်က မဖြစ်မနေ အနိုင်ကစားရမယ့် ပွဲဖြစ်နေပြီး ဒီပွဲကို ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် လွဲချော်မှာပါ။ ဒီတော့ ဘာစီလိုနာရဲ့ ရှုံးပွဲမရှိစံချိန်ကို တော့တင်ဟမ်က ဖျက်ဆီးနိုင်မလား၊ ဘာစီလိုနာကပဲ သူတို့ရဲ့စံချိန်ကို ထိန်းသိမ်းနိုင်မလား စိတ်ဝင်စားစရာပါ။

Facebook Comments
1K Shares