ဂ်ဴဗင္တပ္အသင္းမွာ ေဘးလ္ကို အလိုမရွိဘူးလို႔ ရိုနယ္ဒို ထုတ္ေဖာ္ေျပာၾကား

393
2K Shares

ဂ်ဴဗင္တပ္အသင္းမွာ ေဘးလ္ကို အလိုမရွိဘူးလို႔ ရိုနယ္ဒို ထုတ္ေဖာ္ေျပာၾကား

ဂ်ဴဗင္တပ္အသင္း တိုက္စစ္မွဴး ရိုနယ္ဒိုကေတာ လက္ရွိ အသင္းလူစာရင္းက ၿပီးျပည့္စံုေနၿပီး ဂါရတ္ေဘးလ္ရဲ႕ စြမ္းေဆာင္ရည္ေတြ အသံုးမလုိဘူးလို႔ ေ၀ဖန္တိုက္ခိုက္သလို အဓိပၸါယ္ထြက္ေပၚေစခဲ့တဲ့ စကားကိုဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဂ်ဴဗင္တပ္အသင္းက ဂ်ိမ္းစ္ ရိုဒရီဂြတ္ နဲ႔ မာကို အဆန္စီယိုတို႔ကလည္းေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့တာနဲ႔ ပတ္သက္ၿပီး ရိုနယ္ဒိုက “ အသင္းမွာ ဂ်ိမ္း ၊ ေဘးလ္ နဲ႔ အဆန္စီယိုတို႔ကို ေခၚယူဖို႔ျပင္ဆင္ေနတာေတြရွိေနပမယ့္ သူတို႔ရဲ႕စြမ္းေဆာင္ရည္ေတြ အသင္းအတြက္ မလိုအပ္ဘူးလို႔ ေျပာခ်င္ပါတယ္။ဒီအတြက္လည္း အသင္းဥကၠဌကို ေျပာၾကားသင့္ေပမယ့္ လာမယ့္ကာလေတြမွာ ဘာေတြျဖစ္လာဦးမယ္ဆိုတာကို ေသခ်ာမေျပာႏိုင္ေသးပါဘူး။” လို႔ ဆိုပါတယ္။

ရီးရဲလ္အသင္းရဲ႕ ဘယ္ေနာက္ခံကစားသမား မာဆယ္လိုနဲ႔ ပတ္သက္လို႔ေတာ့ ရိုနယ္ဒို အျမဲတမ္းေထာက္ခံေျပာၾကားေနဆဲျဖစ္ၿပီး မာဆယ္လိုသာ အသင္းကိုလာမယ္ဆိုရင္ အျမဲတမ္းတံခါးဖြင့္ထားေပးမယ္လို႔ ထုတ္ေဖာ္ခဲ့ဖူးပါတယ္။

မာဆယ္လုိကိုယ္တိုင္ကလည္း ဂ်ဴဗင္တပ္အသင္းမွာ ရိုနယ္ဒိုနဲ႔ ျပန္လည္တြဲဖက္ကစားခ်ိန္တန္ၿပီလို႔ ဆိုထားခဲ့ၿပီး ရာသီအစပို္င္းက ရီးရဲလ္အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့ေပမယ့္ လက္ရွိရလဒ္ေတြက သူ႔႕ကိုအသင္းကအေန ထြက္ခြာဖို႔အတြက္ဖိအားေပးသလိုျဖစ္ေနပါတယ္။ဂါရတ္ေဘးလ္ကေတာ့ ရိုနယ္ဒိုထြက္ခြာသြားခဲ့ခ်ိန္တည္းက သူ႔ရဲ႕ေနရာကိုအစားထိုးဖို႔အတြက္ လံုေလာက္တဲ့ေျခစြမ္းကို ျပသႏိုင္ခဲ့ျခင္းမရွိခဲ့ပဲ ဒီရာသီမွာသြင္းဂိုး (၄) ဂိုးသာသြင္းယူေပးထားႏိုင္ခဲ့ပါတယ္။

ဂါရတ္ေဘးလ္ကိုေခၚယူဖို႔ ရိုနယ္ဒိုတားျမစ္ခ့ဲရာမွာ သူတို႔ႏွစ္ဦးၾကားအခ်င္းမ်ားမႈေတြ ရီးရဲလ္အသင္းမွာေတာ္ေတာ္ေလးျမင္ေတြ႕ခဲ့ရၿပီး တစ္ဦးဂိုးသြင္းရင္ တစ္ဦးက သြားေရာက္ေအာင္ပြဲခံျခင္းမရွိခဲ့တဲ့ျဖစ္ရပ္ေတြရွိခဲ့ဖူးပါတယ္။

Unicode Font

ဂျူဗင်တပ်အသင်းမှာ ဘေးလ်ကို အလိုမရှိဘူးလို့ ရိုနယ်ဒို ထုတ်ဖော်ပြောကြား

ဂျူဗင်တပ်အသင်း တိုက်စစ်မှူး ရိုနယ်ဒိုကတော လက်ရှိ အသင်းလူစာရင်းက ပြီးပြည့်စုံနေပြီး ဂါရတ်ဘေးလ်ရဲ့ စွမ်းဆောင်ရည်တွေ အသုံးမလိုဘူးလို့ ဝေဖန်တိုက်ခိုက်သလို အဓိပ္ပါယ်ထွက်ပေါ်စေခဲ့တဲ့ စကားကိုဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်အသင်းက ဂျိမ်းစ် ရိုဒရီဂွတ် နဲ့ မာကို အဆန်စီယိုတို့ကလည်းခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာနဲ့ ပတ်သက်ပြီး ရိုနယ်ဒိုက “ အသင်းမှာ ဂျိမ်း ၊ ဘေးလ် နဲ့ အဆန်စီယိုတို့ကို ခေါ်ယူဖို့ပြင်ဆင်နေတာတွေရှိနေပမယ့် သူတို့ရဲ့စွမ်းဆောင်ရည်တွေ အသင်းအတွက် မလိုအပ်ဘူးလို့ ပြောချင်ပါတယ်။ဒီအတွက်လည်း အသင်းဥက္ကဌကို ပြောကြားသင့်ပေမယ့် လာမယ့်ကာလတွေမှာ ဘာတွေဖြစ်လာဦးမယ်ဆိုတာကို သေချာမပြောနိုင်သေးပါဘူး။” လို့ ဆိုပါတယ်။

ရီးရဲလ်အသင်းရဲ့ ဘယ်နောက်ခံကစားသမား မာဆယ်လိုနဲ့ ပတ်သက်လို့တော့ ရိုနယ်ဒို အမြဲတမ်းထောက်ခံပြောကြားနေဆဲဖြစ်ပြီး မာဆယ်လိုသာ အသင်းကိုလာမယ်ဆိုရင် အမြဲတမ်းတံခါးဖွင့်ထားပေးမယ်လို့ ထုတ်ဖော်ခဲ့ဖူးပါတယ်။

မာဆယ်လိုကိုယ်တိုင်ကလည်း ဂျူဗင်တပ်အသင်းမှာ ရိုနယ်ဒိုနဲ့ ပြန်လည်တွဲဖက်ကစားချိန်တန်ပြီလို့ ဆိုထားခဲ့ပြီး ရာသီအစပိုင်းက ရီးရဲလ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိရလဒ်တွေက သူ့ကိုအသင်းကအနေ ထွက်ခွာဖို့အတွက်ဖိအားပေးသလိုဖြစ်နေပါတယ်။ဂါရတ်ဘေးလ်ကတော့ ရိုနယ်ဒိုထွက်ခွာသွားခဲ့ချိန်တည်းက သူ့ရဲ့နေရာကိုအစားထိုးဖို့အတွက် လုံလောက်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ခြင်းမရှိခဲ့ပဲ ဒီရာသီမှာသွင်းဂိုး (၄) ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဂါရတ်ဘေးလ်ကိုခေါ်ယူဖို့ ရိုနယ်ဒိုတားမြစ်ခဲ့ရာမှာ သူတို့နှစ်ဦးကြားအချင်းများမှုတွေ ရီးရဲလ်အသင်းမှာတော်တော်လေးမြင်တွေ့ခဲ့ရပြီး တစ်ဦးဂိုးသွင်းရင် တစ်ဦးက သွားရောက်အောင်ပွဲခံခြင်းမရှိခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့ဖူးပါတယ်။

Facebook Comments
2K Shares