ပရီးမီးယားလိဂ္ဖလားကို လီဗာပူးလ္ ဘာလို႔ ရရွိသြားႏိုင္တာလဲ?

89
730 Shares

ပရီးမီးယားလိဂ္ဖလားကို လီဗာပူးလ္ ဘာလို႔ ရရွိသြားႏိုင္တာလဲ?

ပရီးမီးယားလိဂ္ပြဲစဥ္ (၁၆) အျပီးမွာ လီဗာပူးလ္က အမွတ္ေပးဇယား ထိပ္ဆုံးကို ေရာက္လာပါတယ္။ အမွတ္ေပးဇယားကို ဦးေဆာင္ေနခဲ့တဲ့ မန္စီးတီးတို႔ ခ်ယ္လ္ဆီးကြင္းမွာ အေရးနိမ့္ခဲ့တာေၾကာင့္ လီဗာပူးလ္က တစ္မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္လိုက္တာပါ။
ဒီအတြက္ အမွတ္ေပးဖလားကို (၁၈)ၾကိမ္ ရရွိထားတဲ့ လီဗာပူးလ္အတြက္ ပရီးမီးယားလိဂ္ဖလားလို႔ နာမည္ေျပာင္းျပီးေနာက္ပိုင္း အမွတ္ေပးဖလားကို တစ္ၾကိမ္တစ္ခါမွ မရရွိေတာ့တဲ့ လီဗာပူးလ္အတြက္ ဒီႏွစ္မွာ အမွတ္ေပးခ်န္ပီယံဆုကို ျပန္လည္ရယူဖို႔အတြက္ အေကာင္းဆံုး အေနအထားကို ပိုင္ဆိုင္လိုက္တာလည္း ျဖစ္ပါတယ္။ ဒီရာသီ အမွတ္ေပးဖလားကို လီဗာပူးလ္ ရရွိသြားႏိုင္တဲ့ အေၾကာင္းရင္းေတြကလည္း ရွိေနပါတယ္။ အဲဒီအေၾကာင္းရင္းေတြကို ေျပာျပေပးရမယ္ဆိုရင္ေတာ့……။

ပထမဆံုးေျပာခ်င္တာက လီဗာပူးလ္ရဲ႕ တိုက္စစ္ပိုင္းပါ။ ဒီရာသီမွာ လီဗာပူးလ္တိုက္စစ္ပိုင္းက ေတာ္ေတာ္ေလး ထက္ျမက္ေနျပီး အခုဆိုရင္ ဆာလာလည္း ပံုမွန္ေျခစြမ္းကို ရရွိေနပါျပီ။ ဆာလာဆိုရင္ ပရီးမီးယားလိဂ္ဂိုး (၁၀)ဂိုး ပိုင္ဆုိင္သြားျပီျဖစ္ျပီး ဆာဒီယိုမာေနး နဲ႔ ဖာမီႏိုတို႔က (၆) ဂိုး နဲ႔ (၄)ဂိုးစီ အသီးသီးသြင္းယူေပးထားပါတယ္။ ဒီတိုက္စစ္အစုအဖြဲ႕ဟာ ျပီးခဲ့တဲ့ ရာသီကလည္း ေတာ္ေတာ္ေလး ဂိုးသြင္းစြမ္းရည္ထက္ျမက္ခဲ့တာျဖစ္ျပီး ကေလာ့ပ္က ဒီတိုက္စစ္အထိုင္ကို ပုံမပ်က္သြားေအာင္ ထိန္းသိမ္းထားႏိုင္ဆဲပါ။ အသက္အရြယ္အရလည္း အေကာင္းဆံုး ကစားႏိုင္တဲ့ အခ်ိန္ျဖစ္ေနပါတယ္။ ဒါ့အျပင္ ကြင္းလယ္မွာ ဖန္တီးမႈျမင့္မားတဲ့ ကီတာလိုကစားသမားကိုလည္း ပိုင္ဆိုင္ထားသလို ရွာကြီရီ၊ စတားရစ္ခ်္တို႔လို တိုက္စစ္ပိုင္းအတြက္ အားကိုးရတဲ့ ကစားသမားေတြလည္း အရံသင့္ရွိေနလို႔ လီဗာပူးလ္တိုက္စစ္က စိတ္ပူစရာမလိုပါဘူး။ အေကာင္းဆံုးတိုက္စစ္သည္ အေကာင္းဆံုးခံစစ္ဆိုတဲ့ စကားအတုိင္း လီဗာပူးလ္ရဲ႕ တိုက္စစ္ပိုင္းေကာင္းမြန္မႈက အမွတ္ေပးဖလားကို ရယူသြားႏိုင္တဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။

ေနာက္တစ္ခ်က္က အားလံုးသိထားတဲ့အတိုင္း လီဗာပူးလ္ရဲ႕ တိုးတက္လာခဲ့တဲ့ ခံစစ္ပိုင္းပါ။ ျပီးခဲ့တဲ့ ရာသီမွာ ခံစစ္ပိုင္းအားနည္းမႈေတြက လီဗာပူးလ္ကို ဆုဖလားနဲ႔ ေ၀းကြာေစခဲ့တယ္ဆိုတာ ကေလာ့ပ္ကိုယ္တိုင္လည္း သိခဲ့ပါတယ္။ ဒီအတြက္ ဗန္ဒုိက္ကို အရင္ဆံုးေခၚယူျပီး အသင္းကို တည္ေဆာက္ခဲ့ပါတယ္။ အဲဒီေနာက္မွာ ဗန္ဒိုက္ကို ဗဟိုခံစစ္ရဲက အမာခံကစားသမားအျဖစ္ ကေလာ့ပ္က အထိုင္ခ်ခဲ့ျပီး ဒီရာသီမွာ ဂိုမက္ဇ္နဲ႔ တြဲဖက္ကစားေစခဲ့တာပါ။ ဂိုမက္ဇ္က ေျခစြမ္းျပႏိုင္ခဲ့လို႔ လီဗာပူးလ္ခံစစ္က ေတာ့္တင္းခဲ့ျပီး (၁၆)ပြဲ ကစားျပီးခ်ိန္မွာ (၆)ဂိုးသာ ေပးထားရပါတယ္။ (၃)ပြဲကိုမွ တစ္ဂိုးႏႈန္းေလာက္သာ ေပးထားရတာမို႔ လီဗာပူးလ္ရဲ႕ ခံစစ္ပိုင္းက ခ်န္ပီယံအသင္းတစ္သင္းရဲ႕ ခံစစ္ပိုင္းလိုမ်ိဳး ျဖစ္တယ္ဆိုတာ ျငင္းမရပါဘူး။ ခံစစ္အစြန္ကစားသမားေတြျဖစ္တဲ့ ေရာဘတ္ဆန္ နဲ႔ အာႏိုးလ္တို႔ရဲ႕ ေျခစြမ္းကလည္း အပ်ံစားျဖစ္ေနသလို ဂိုးသမား အယ္လစ္ဆန္ကလည္း လီဗာပူးလ္ဂိုးေပါက္ကို တံတိုင္းၾကီးသဖြယ္ ကာကြယ္ေပးႏိုင္ခဲ့လို႔ သူတို႔ဂိုးေပါက္ကို ဂိုးသြင္းအေျဖရွာဖို႔ဆိုတာ ျပိဳင္ဘက္ေတြအတြက္ ခက္ခဲေနပါတယ္။

ေနာက္ဆံုးအခ်က္ကေတာ့ လီဗာပူးလ္ရဲ႕ တစ္သင္းလံုးကစားပုံ တည္ျငိမ္မႈပါ။ ေရွ႕ေနာက္ညီညႊတ္မွ်တေနျပီးေတာ့ အျပစ္ဆိုခ်င္စရာဆိုလို႔ ေစ့ေစ့စပ္စပ္ အေျဖရွာမွသာ ေတြ႕ရမွာပါ။ (၁၆)ပြဲကစားအျပီးမွာ (၁၃)ပြဲအထိ အႏိုင္ကစားထားႏိုင္ခဲ့လို႔ သူတို႔ရဲ႕ အသင္းလိုက္ စြမ္းေဆာင္ရည္ ထက္ျမက္မႈေတြကို သိသိသာသာ ျမင္ရမွာပါ။ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ရႈံးပြဲမရွိေသးတဲ့ တစ္ခုတည္းေသာ အသင္းအျဖစ္ ရပ္တည္သြားႏိုင္ျပီး လက္ရွိေျခစြမ္းပိုင္းအရလည္း အန္ဖီးလ္ကလပ္ကို အႏိုင္ကစားဖို႔ဆိုတာက မလြယ္ကူေသးပါဘူး။ လီဗာပူးလ္အေနနဲ႔ အသင္းလိုက္ ကစားပံု ေကာင္းမြန္ေနမႈကို ထိန္းသိမ္းထားႏိုင္မယ္ဆိုရင္ ႏွစ္ေပါင္းမ်ားစြာ ေ၀းကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို အရယူသြားႏိုင္မယ့္ ေဘာလံုးရာသီ ျဖစ္လာမယ္လိ႔ု ယူဆမိပါတယ္။

Unicode Font

ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ဘာလို့ ရရှိသွားနိုင်တာလဲ?

ပရီးမီးယားလိဂ်ပွဲစဉ် (၁၆) အပြီးမှာ လီဗာပူးလ်က အမှတ်ပေးဇယား ထိပ်ဆုံးကို ရောက်လာပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တဲ့ မန်စီးတီးတို့ ချယ်လ်ဆီးကွင်းမှာ အရေးနိမ့်ခဲ့တာကြောင့် လီဗာပူးလ်က တစ်မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်လိုက်တာပါ။
ဒီအတွက် အမှတ်ပေးဖလားကို (၁၈)ကြိမ် ရရှိထားတဲ့ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ဖလားလို့ နာမည်ပြောင်းပြီးနောက်ပိုင်း အမှတ်ပေးဖလားကို တစ်ကြိမ်တစ်ခါမှ မရရှိတော့တဲ့ လီဗာပူးလ်အတွက် ဒီနှစ်မှာ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ရယူဖို့အတွက် အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးလ် ရရှိသွားနိုင်တဲ့ အကြောင်းရင်းတွေကလည်း ရှိနေပါတယ်။ အဲဒီအကြောင်းရင်းတွေကို ပြောပြပေးရမယ်ဆိုရင်တော့……။

ပထမဆုံးပြောချင်တာက လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းပါ။ ဒီရာသီမှာ လီဗာပူးလ်တိုက်စစ်ပိုင်းက တော်တော်လေး ထက်မြက်နေပြီး အခုဆိုရင် ဆာလာလည်း ပုံမှန်ခြေစွမ်းကို ရရှိနေပါပြီ။ ဆာလာဆိုရင် ပရီးမီးယားလိဂ်ဂိုး (၁၀)ဂိုး ပိုင်ဆိုင်သွားပြီဖြစ်ပြီး ဆာဒီယိုမာနေး နဲ့ ဖာမီနိုတို့က (၆) ဂိုး နဲ့ (၄)ဂိုးစီ အသီးသီးသွင်းယူပေးထားပါတယ်။ ဒီတိုက်စစ်အစုအဖွဲ့ဟာ ပြီးခဲ့တဲ့ ရာသီကလည်း တော်တော်လေး ဂိုးသွင်းစွမ်းရည်ထက်မြက်ခဲ့တာဖြစ်ပြီး ကလော့ပ်က ဒီတိုက်စစ်အထိုင်ကို ပုံမပျက်သွားအောင် ထိန်းသိမ်းထားနိုင်ဆဲပါ။ အသက်အရွယ်အရလည်း အကောင်းဆုံး ကစားနိုင်တဲ့ အချိန်ဖြစ်နေပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ ဖန်တီးမှုမြင့်မားတဲ့ ကီတာလိုကစားသမားကိုလည်း ပိုင်ဆိုင်ထားသလို ရှာကွီရီ၊ စတားရစ်ချ်တို့လို တိုက်စစ်ပိုင်းအတွက် အားကိုးရတဲ့ ကစားသမားတွေလည်း အရံသင့်ရှိနေလို့ လီဗာပူးလ်တိုက်စစ်က စိတ်ပူစရာမလိုပါဘူး။ အကောင်းဆုံးတိုက်စစ်သည် အကောင်းဆုံးခံစစ်ဆိုတဲ့ စကားအတိုင်း လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းကောင်းမွန်မှုက အမှတ်ပေးဖလားကို ရယူသွားနိုင်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

နောက်တစ်ချက်က အားလုံးသိထားတဲ့အတိုင်း လီဗာပူးလ်ရဲ့ တိုးတက်လာခဲ့တဲ့ ခံစစ်ပိုင်းပါ။ ပြီးခဲ့တဲ့ ရာသီမှာ ခံစစ်ပိုင်းအားနည်းမှုတွေက လီဗာပူးလ်ကို ဆုဖလားနဲ့ ဝေးကွာစေခဲ့တယ်ဆိုတာ ကလော့ပ်ကိုယ်တိုင်လည်း သိခဲ့ပါတယ်။ ဒီအတွက် ဗန်ဒိုက်ကို အရင်ဆုံးခေါ်ယူပြီး အသင်းကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဗန်ဒိုက်ကို ဗဟိုခံစစ်ရဲက အမာခံကစားသမားအဖြစ် ကလော့ပ်က အထိုင်ချခဲ့ပြီး ဒီရာသီမှာ ဂိုမက်ဇ်နဲ့ တွဲဖက်ကစားစေခဲ့တာပါ။ ဂိုမက်ဇ်က ခြေစွမ်းပြနိုင်ခဲ့လို့ လီဗာပူးလ်ခံစစ်က တော့်တင်းခဲ့ပြီး (၁၆)ပွဲ ကစားပြီးချိန်မှာ (၆)ဂိုးသာ ပေးထားရပါတယ်။ (၃)ပွဲကိုမှ တစ်ဂိုးနှုန်းလောက်သာ ပေးထားရတာမို့ လီဗာပူးလ်ရဲ့ ခံစစ်ပိုင်းက ချန်ပီယံအသင်းတစ်သင်းရဲ့ ခံစစ်ပိုင်းလိုမျိုး ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ ခံစစ်အစွန်ကစားသမားတွေဖြစ်တဲ့ ရောဘတ်ဆန် နဲ့ အာနိုးလ်တို့ရဲ့ ခြေစွမ်းကလည်း အပျံစားဖြစ်နေသလို ဂိုးသမား အယ်လစ်ဆန်ကလည်း လီဗာပူးလ်ဂိုးပေါက်ကို တံတိုင်းကြီးသဖွယ် ကာကွယ်ပေးနိုင်ခဲ့လို့ သူတို့ဂိုးပေါက်ကို ဂိုးသွင်းအဖြေရှာဖို့ဆိုတာ ပြိုင်ဘက်တွေအတွက် ခက်ခဲနေပါတယ်။

နောက်ဆုံးအချက်ကတော့ လီဗာပူးလ်ရဲ့ တစ်သင်းလုံးကစားပုံ တည်ငြိမ်မှုပါ။ ရှေ့နောက်ညီညွှတ်မျှတနေပြီးတော့ အပြစ်ဆိုချင်စရာဆိုလို့ စေ့စေ့စပ်စပ် အဖြေရှာမှသာ တွေ့ရမှာပါ။ (၁၆)ပွဲကစားအပြီးမှာ (၁၃)ပွဲအထိ အနိုင်ကစားထားနိုင်ခဲ့လို့ သူတို့ရဲ့ အသင်းလိုက် စွမ်းဆောင်ရည် ထက်မြက်မှုတွေကို သိသိသာသာ မြင်ရမှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိသေးတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ရပ်တည်သွားနိုင်ပြီး လက်ရှိခြေစွမ်းပိုင်းအရလည်း အန်ဖီးလ်ကလပ်ကို အနိုင်ကစားဖို့ဆိုတာက မလွယ်ကူသေးပါဘူး။ လီဗာပူးလ်အနေနဲ့ အသင်းလိုက် ကစားပုံ ကောင်းမွန်နေမှုကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို အရယူသွားနိုင်မယ့် ဘောလုံးရာသီ ဖြစ်လာမယ်လိ့ု ယူဆမိပါတယ်။

Facebook Comments
730 Shares