မေလးရွားနဲ႔ ဗီယက္နမ္ရဲ႕ ကစားကြက္ကို ႏိႈင္းယွဥ္ၾကည့္ျခင္း

294
2K Shares

မေလးရွားနဲ႔ ဗီယက္နမ္ရဲ႕ ကစားကြက္ကို ႏိႈင္းယွဥ္ၾကည့္ျခင္း

မေလးရွားအသင္း နဲ ဗီယက္နမ္အသင္းတို႔ ယွဥ္ၿပဳိင္ကစားမယ့္ ဗိုလ္လုပြဲစဥ္ ပထမအေက်ာ႕ က်င္းပမယ့္ ေန႔ရက္က ေရာက္ရွိလာခဲ့ၿပီျဖစ္ၿပီး ပထမတစ္ႀကီ ဒီႏွစ္သင္း (၂၀၀၈) ခုႏွစ္ ေတြ႕ဆံုခဲ့တဲ့ ပြဲစဥ္မွာေတာ့ မေလးရွားအသင္းက အိမ္ကြင္းမွာ (၂) ဂိုးဂိုးမရွိနဲ႔ အႏိုင္ရရွိထားခဲ့ဖူးပါတယ္။မေလးရွားအသင္းရဲ႕ အိမ္ကြင္း ဘူကစ္ဂ်ာလီက တကယ့္ကို ပရိသတ္အားေပးမႈအျမင့္မားဆံုး အေျခအေနမွာ ရွိေနၿပီး မေလးရွားအသင္းရဲ႕ ၿပိဳင္ဘက္အသင္းေတြ အိမ္ကြင္းဖိအားဆိုတဲ့ ဒဏ္နဲ႔ အဓိက ရုန္းကန္ၾကရတက္ပါတယ္။လာမယ့္ ပြဲစဥ္မွာေကာ ေနရာအလုိက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနမယ့္ ကစားသမားေတြကို ႏိႈင္းယွဥ္ေဖာ္ျပေပးခ်င္ပါတယ္။

ဖရိုက္ဇယ္ မာလီးယက္စ္ vs ဒန္ဗန္လမ္

မေလးရွားအသင္းအတြက္ကေတာ့ အုပ္စုပြဲစဥ္ အဖြင့္ (၃) ပြဲမွာ လက္စြမ္းျပသခဲ့ၿပီး (၂) ပြဲထိေပးဂိုးမရွိကစားထားႏိုင္ခ့ဲ့တဲ့ ၀ါရင့္ဂိုးသမားဖက္မီရဲ႕ ေနရာမွာ မာလီးယက္္စ္ ကို အသံုးျပဳခဲ့လို႔ ေ၀ဖန္မႈေတြကို ခံခဲ့ရတဲ့ သူတစ္ဦးပါ။ဒါေပမယ့္ ေနာက္ပိုင္း ျမန္မအသင္းနဲ႔ ကစားခ့ဲတဲ့ ပြဲစဥ္ကစလို႔ ထိုင္အသင္းနဲ႔ ပြဲစဥ္ (၂) ပြဲအၿပီးမွာ မာလီးယက္စ္ရဲ႕ စြမ္းေဆာင္ရည္ပိုင္းက (၇၁.၄) ရာခိုင္ႏႈန္းထိ ကာကြယ္မႈေတြ ျပဳလုပ္ထားႏုိင္ခဲ့တာကိုျမင္ေတြ႕ခဲ့ရပါတယ္။ဂိုးကန္သြင္းခ်က္ (၉) ႀကိမ္မွာ (၄) ႀကိမ္ထိကို မာလီးယက္စ္ ကာကြယ္ေပးထားႏိုင္ခဲ့ပါတယ္။

ဗီယက္နမ္အသင္းမွာေတာ့ ဒန္ဗန္လမ္က အဓိက အေရးပါတဲ့ေနရာမွာ ရွိေနခဲ့သလို ၿပိဳင္ပြဲတစ္ေလာ်က္လံုးမွာ ေပးဂိုးကလည္း (၂) ဂိုးသာခြင့္ျပဳထားခဲ့ရပါတယ္။အုပ္စုတြင္းမွာ ေပးဂိုးမရွိ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဖိလစ္ပိုင္အသင္းနဲ႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္မွဂိုးႏွစ္ဂိုးေပးခဲ့ရတယ္ဆိုေပမယ့္ ဗန္လမ္ရဲ႕ စြမ္းေဆာင္ရည္က (၁၂) ႀကိမ္ကန္သြင္းခဲ့တဲ့ အေရအတြက္မွာ (၁၀) ႀကိမ္ကာကြယ္ႏိုင္ခဲ့ပါတယ္။ဒီလိုကာကြယ္မႈ (၈၂.၃) ရာခိုင္ႏႈန္းပိုင္ဆိုင္ႏိုင္ခဲ့ရာမွာ အဓိက က်တဲ့ေနရာကေန ပါ၀င္ေနတာက ေနာက္တန္းကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ျဖစ္လို႔ မာလီးယက္စ္ထက္စာရင္ ဒန္ဗန္လမ္က ပိုၿပီးေတာ့ စိတ္ခ်လက္ခ်ကစားလို႔ရတဲ့ အေျခအေနမွာ ရွိေနပါတယ္။

ဇာဖူအန္ – ရွာရယ္ ဆဒ္ vs ကီေငါ့ဟိုင္ – ထရန္ဒင္ထေရာ႔

ဇာဖူအန္ နဲ႔ ရွာရယ္ဆဒ္တို႔႕ေတာ့ မေလးရွားအသင္းရဲ႕ ခံစစ္ေၾကာင္းမွာ အဓိက အေရးပါသူေတြျဖစ္ၿပီး (၆) ပြဲကစားၿပီးခ်ိမွာ ဇာဖူအန္က ကာကြယ္မႈ (၄) ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ၿပီး ရွင္းထုတ္မႈ (၂၁) ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ဆဒ္ကေတာ့ ကာကြယ္မႈ (၆) ႀကိမ္နဲ႔ ရွင္းထုတ္မႈ (၂၄) ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။သူတို႔ႏွစ္ဦးမွာ ခံစစ္အတြက္ အျမင့္ေဘာရွင္းထုတ္မႈေတြ နဲ႔ ၿပိဳင္ဘက္အသင္းတိုက္စစ္လမ္းေၾကာင္းကို တားဆီးရာမွာေတာ့ ဇာဖူအန္က ပိုၿပိးေတာ့ ထိေရာက္တဲ့ ေျခစြမ္းကို ျပသထားႏိုင္ခဲ့ၿပီး အျမင့္ေဘာ (၂၃) ႀကိမ္မွာ (၁၃) ႀကိမ္ ေခါင္းတိုက္ရွင္းထုတ္ထားႏိုင္ခဲ့ၿပီး ဆဒ္ကေတာ့ (၉) ႀကိမ္မွာ (၇) ႀကိမ္ရွင္းထုတ္ထားနိုင္ခဲ့ပါတယ္။ရွင္းထုတ္မႈပိုင္းမွာေတာ့ ဆဒ္က အနည္းငယ္ပိုသာတယ္လို႔ ဆိုႏိုင္ၿပီး ထိုင္းအသင္းနဲ႔ ဒုတိယပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တဲ့ ဇာဖူအန္ရဲ႕ ၾကံ့ခိုင္မႈကေတာ့ အနည္းငယ္ သံသယျဖစ္စရာအေျခအေနမွာ ရွိေနပါတယ္။

မေလးရွားအသင္းနဲ႔ ခံစစ္ေၾကာငး္ထကိပိုၿပီးေတာ့ ဗီယက္နမ္အသင္းရဲ႕ ခံစစ္ေၾကာင္းက ေတာင့္တင္းတယ္ဆိုတာ အျမင္အားျဖင့္ ေတာ္ေတ္ာေလးကို သိသာေစပါတယ္။သံုးေယာက္တန္း ခံစစ္ရဲ႕ အေရးပါတဲ့သူေတြအျဖစ္ ရွိေနသလုိ အုပ္စုပြဲစဥ္ (၄) ပြဲမွာ ဂိုးသမားျဖစ္သူကို စုစုေပါင္း (၁၂) ႀကိမ္သာ ကာကြယ္ရေစၿပီး ေပးဂိုးမရွိ စြမ္းေဆာင္ရည္ကို ျပသထားႏိုင္ခဲ့တဲ့ခံစစ္ေၾကာင္းပါ။ၿပိဳင္ဘက္ကစားသမားနဲ႔ ေဘာလံုးယွဥ္လုရာမွာ ႏွစ္ဦးလံုးက ထူးခၽြန္သူေတြျဖစ္ၿပီး ႏွစ္ေယာက္ေပါင္းကို (၁၉) ႀကိမ္ထိရွိခဲ့ပါတယ္။ေခါင္းတိုက္ရွင္းထုတ္မႈ ပိုင္းမွာလည္း မေလးရွားအသင္းကစားသမားေတြထက္ သာလြန္ေနခဲ့လို႔ အသင္းရဲ႕ေအာင္ျမင္မႈေတြအတြက္ အဓိက က်ေနမယ့္သူႏွစ္ဦးပါ။

မာဟီနန္ – ကြတ္တီ အဘ္ဘာ vs ငုရင္ကြမ္ဟိုင္ – ေလာင္ရွန္ထေရာင္

မေလးရွားအသင္းရဲ႕ ကစားဟန္က ကြင္းလယ္မွာ ေဘာလံုးကိုင္ကစားၿပီး အရည္အေသြးျမင့္ကြင္းလယ္ကစားသမားေတြကို စိတ္ႀကိဳက္အထိုင္ခ်ၿပီး ၿပိဳင္ဘက္သအငး္ကုိ ရင္ဆိုင္ကစားပါတယ္။မာဟီနန္က ၿပီဳင္ပြဲတစ္ေလ်ာက္ ေပးပို႔မႈ (၃၅၅) ႀကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့ၿပီး အျမင့္ဆံုးမွတ္တမ္းတစ္ခုကို ပိုင္ဆိုင္ထားခဲ့သလို တစ္မိနစ္ကို တစ္ႀကိမ္နီးေပါးေလာက္ ေပးပို႔မႈ ျပဳလုပ္ႏိုင္ၿပီး တစ္ပြဲကို (၇၂.၃) ႀကိမ္ေလာက္ ေပးပို႔ႏိုင္ၿပီး (၈၅) ရာခို္င္ႏႈန္းေလာက္ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ထားေပးႏိုင္ခဲ့ပါတယ္။သူ႔ရဲ႕တြဲဖက္ ကြတ္တီကေတာ့ (၈၂.၅)ရာခိုင္ႏႈန္းေလာက္ကို ေအာင္ျမင္ေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့သူပါ။မာဟီနန္က ခံစစ္ ကစားသမား (၄) ဦးရဲ႕ေရွ႕ကေန ကြင္းလယ္ခံစစ္ပိုင္းကို တာ၀န္ယူကစားၿပီး ကြတ္တီကေတာ့ ၿပိဳင္ဘက္အသင္းရဲ႕ ကြင္းဘက္ျခမ္းမွာ စြမ္းေဆာင္ရည္ျမင့္ျမင့္နဲ႔ အေရးပါတဲ့ ေပးပို႔မႈ (၇) ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့သလို ဂိုးဖန္တီးမႈ (၆)ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။

ဗီယက္နမ္ရဲ႕ ကြင္းလယ္တိုက္စစ္ပိုင္းမွာ အေရးပါတဲ့သူအျဖစ္ရွိေနခဲ့တာက ငုရင္ကြမ္ဟိုင္ျဖစ္ၿပီး သြင္းဂိုး (၃) ဂိုးသြင္းယူၿပီး (၁) ႀကိမ္ဂိုးဖန္တီးေပးထားႏိုင္ခဲ့တဲ့ သူတစ္ဦးပါ။ကြင္းတယ္တိုက္စစ္ပိုင္းကေန ေရွ႕တန္းကစားသမားေတြနဲ႔ ခ်ိတ္ဆက္ေပးပို႔မႈက (၁၀၁) ႀကိမ္ထိရွိခဲ့ၿပီး တိုက္စစ္ပိုင္းကို အေကာင္းဆံုးဖန္တီးေပးႏိုင္တဲ့ ကြင္းလယ္ဖန္တီးရွင္တစ္ဦးပါ။ထေရာင္ကေတာ့ အသင္းရဲ႕ တိုက္စစ္လမ္းေၾကာင္းေတြကို ျပန္လည္စတင္ေပးသူျဖစ္ၿပီး အသင္းအတြက္ ပြဲစဥ္ (၄) ပြဲသာ ပါ၀င္ကစားေပးထားရသူဆိုေပမယ့္ ကြင္းလယ္ခံစစ္ပိုင္းမွာေတာ့ ကတယ့္ကိုစြမ္းေဆာင္ရည္ေကာင္းျပသႏိုင္သူဆိုတာ ၿပိဳင္ဘက္အသင္းထံကေန ေဘာလံုးရယူႏိုင္စြမ္းက (၈) ႀကိမ္ထိရွိေနခဲ့ၿပီး ေပးပို႔မႈပိုင္းမွာလည္း (၈၃) ရာခိုင္ႏႈန္းေလာက္ စြမ္းေဆာင္ထားႏိုင္ခဲ့သူပါ။

အဒ္လန္ – အဒ္ဟာ vs ဖန္ဗန္ဒက္ – ငုရင္အန္ဒက္

မေလးရွားအသငး္ရဲ႕ တိုက္စစ္ပိုင္း အဒ္ဟာ ရဲ႕ စြမ္းေဆာင္ရည္ပိုင္းကိုသာ အသိအမွတ္ျပဳျမင္ေတြ႕ေနက်ေပမယ့္ အဒ္လန္ကေတာ့အသင္းအတြက္ သြင္းဂိုးသြင္းယူမႈ (၅) ႀကိမ္ေတာင္ရွိထားခ့ဲတဲ့ ကစားသမားပါ။ထိုင္းအသင္းနဲ႔ ပြဲစဥ္မွာ ေနာက္တစ္ဆင့္အတြက္ အေရးပါတဲ့သြင္းဂိုးကိုရယူေပးႏိုင္ခဲ့သူျဖစ္သလို ၿပိဳင္ပြဲရဲ႕ တန္ဖိုးအရွိဆံုးကစားသမားဆုအတြက္လည္း ေရပန္းစားေနသူပါ။ပြဲကစားခ်ိန္ (၉၅) မိနစ္ေရာက္တိုင္း သြင္းဂိး (၁) ဂိုးသြင္းယူႏိုင္တဲ့ မွတ္တမ္းကို ပိုင္ဆိုင္ထားခဲ့တဲ့ အဒ္လန္က ၿပိဳင္ပြဲရဲ႕အေကာင္းဆံုး ကစာသမားတစ္ဦးျဖစ္သလို တြဲဖက္ အဒ္ဟာကလည္း ရရွိခဲ့တဲ့အခြင့္အေရးေတြက ရာခိုင္ႏႈန္း (၅၀) ကိုဂိုးအျဖစ္ ေျပာင္းလဲႏိုင္သူတစ္ဦးပါ။

မေလးရွာအသင္း တိုက္စစ္မွဴးေတြနဲ႔ယွဥ္ရင္ေတာ့ ဗီယက္နမ္အသင္းတိုက္စစ္မွဴးေတြမွာ အားနည္းခ်က္ကေတာ့ အနည္းငယ္ရွိပါတယ္။ဗန္ဒက္က (၂၂၄) မိနစ္မွ သြင္းဂိုးတစ္ဂိုးသြင္းယူႏိုင္သလို အန္္ဒက္ကေတာ့ (၁၃၀) မိနစ္ၾကာမွ တစ္ဂိုးသြင္းယူႏိုင္ေပမယ့္ ႏွစ္ဦးလံုးကေတာ့ ဗီယက္နမ္အသင္းရဲ႕ ပံုရိပ္တိုက္စစ္မွဴးေတြပါပဲ။ဖိလစ္ပိုင္အသင္းဘက္ကိုလည္း ဂိုးသြင္းေျခစြမ္းျပခဲ့သူေတြျဖစ္သလို မေလးရွာအသင္းနဲ႔ ရင္ဆိုင္ခဲ့တဲ့ အုပ္စုတြင္းမွာလည္းအန္ဒက္က အသင္းအတြက္ သြင္းဂိုးတစ္ဂိုးကိုရယူေပးထားႏိုင္ခဲ့ပါတယ္။

Unicode Font

မလေးရှားနဲ့ ဗီယက်နမ်ရဲ့ ကစားကွက်ကို နှိုင်းယှဉ်ကြည့်ခြင်း

မလေးရှားအသင်း နဲ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဗိုလ်လုပွဲစဉ် ပထမအကျော့ ကျင်းပမယ့် နေ့ရက်က ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပထမတစ်ကြီ ဒီနှစ်သင်း (၂၀၀၈) ခုနှစ် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်မှာတော့ မလေးရှားအသင်းက အိမ်ကွင်းမှာ (၂) ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိထားခဲ့ဖူးပါတယ်။မလေးရှားအသင်းရဲ့ အိမ်ကွင်း ဘူကစ်ဂျာလီက တကယ့်ကို ပရိသတ်အားပေးမှုအမြင့်မားဆုံး အခြေအနေမှာ ရှိနေပြီး မလေးရှားအသင်းရဲ့ ပြိုင်ဘက်အသင်းတွေ အိမ်ကွင်းဖိအားဆိုတဲ့ ဒဏ်နဲ့ အဓိက ရုန်းကန်ကြရတက်ပါတယ်။လာမယ့် ပွဲစဉ်မှာကော နေရာအလိုက် ပြိုင်ဆိုင်မှု ပြင်းထန်နေမယ့် ကစားသမားတွေကို နှိုင်းယှဉ်ဖော်ပြပေးချင်ပါတယ်။

ဖရိုက်ဇယ် မာလီးယက်စ် vs ဒန်ဗန်လမ်

မလေးရှားအသင်းအတွက်ကတော့ အုပ်စုပွဲစဉ် အဖွင့် (၃) ပွဲမှာ လက်စွမ်းပြသခဲ့ပြီး (၂) ပွဲထိပေးဂိုးမရှိကစားထားနိုင်ခဲ့တဲ့ ဝါရင့်ဂိုးသမားဖက်မီရဲ့ နေရာမှာ မာလီးယက်စ် ကို အသုံးပြုခဲ့လို့ ဝေဖန်မှုတွေကို ခံခဲ့ရတဲ့ သူတစ်ဦးပါ။ဒါပေမယ့် နောက်ပိုင်း မြန်မအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကစလို့ ထိုင်အသင်းနဲ့ ပွဲစဉ် (၂) ပွဲအပြီးမှာ မာလီးယက်စ်ရဲ့ စွမ်းဆောင်ရည်ပိုင်းက (၇၁.၄) ရာခိုင်နှုန်းထိ ကာကွယ်မှုတွေ ပြုလုပ်ထားနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဂိုးကန်သွင်းချက် (၉) ကြိမ်မှာ (၄) ကြိမ်ထိကို မာလီးယက်စ် ကာကွယ်ပေးထားနိုင်ခဲ့ပါတယ်။

ဗီယက်နမ်အသင်းမှာတော့ ဒန်ဗန်လမ်က အဓိက အရေးပါတဲ့နေရာမှာ ရှိနေခဲ့သလို ပြိုင်ပွဲတစ်လောျက်လုံးမှာ ပေးဂိုးကလည်း (၂) ဂိုးသာခွင့်ပြုထားခဲ့ရပါတယ်။အုပ်စုတွင်းမှာ ပေးဂိုးမရှိ စွမ်းဆောင်နိုင်ခဲ့ပြီး ဖိလစ်ပိုင်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှဂိုးနှစ်ဂိုးပေးခဲ့ရတယ်ဆိုပေမယ့် ဗန်လမ်ရဲ့ စွမ်းဆောင်ရည်က (၁၂) ကြိမ်ကန်သွင်းခဲ့တဲ့ အရေအတွက်မှာ (၁၀) ကြိမ်ကာကွယ်နိုင်ခဲ့ပါတယ်။ဒီလိုကာကွယ်မှု (၈၂.၃) ရာခိုင်နှုန်းပိုင်ဆိုင်နိုင်ခဲ့ရာမှာ အဓိက ကျတဲ့နေရာကနေ ပါဝင်နေတာက နောက်တန်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်ဖြစ်လို့ မာလီးယက်စ်ထက်စာရင် ဒန်ဗန်လမ်က ပိုပြီးတော့ စိတ်ချလက်ချကစားလို့ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ဇာဖူအန် – ရှာရယ် ဆဒ် vs ကီငေါ့ဟိုင် – ထရန်ဒင်ထရော့

ဇာဖူအန် နဲ့ ရှာရယ်ဆဒ်တို့တော့ မလေးရှားအသင်းရဲ့ ခံစစ်ကြောင်းမှာ အဓိက အရေးပါသူတွေဖြစ်ပြီး (၆) ပွဲကစားပြီးချိမှာ ဇာဖူအန်က ကာကွယ်မှု (၄) ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ရှင်းထုတ်မှု (၂၁) ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ဆဒ်ကတော့ ကာကွယ်မှု (၆) ကြိမ်နဲ့ ရှင်းထုတ်မှု (၂၄) ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။သူတို့နှစ်ဦးမှာ ခံစစ်အတွက် အမြင့်ဘောရှင်းထုတ်မှုတွေ နဲ့ ပြိုင်ဘက်အသင်းတိုက်စစ်လမ်းကြောင်းကို တားဆီးရာမှာတော့ ဇာဖူအန်က ပိုပြိးတော့ ထိရောက်တဲ့ ခြေစွမ်းကို ပြသထားနိုင်ခဲ့ပြီး အမြင့်ဘော (၂၃) ကြိမ်မှာ (၁၃) ကြိမ် ခေါင်းတိုက်ရှင်းထုတ်ထားနိုင်ခဲ့ပြီး ဆဒ်ကတော့ (၉) ကြိမ်မှာ (၇) ကြိမ်ရှင်းထုတ်ထားနိုင်ခဲ့ပါတယ်။ရှင်းထုတ်မှုပိုင်းမှာတော့ ဆဒ်က အနည်းငယ်ပိုသာတယ်လို့ ဆိုနိုင်ပြီး ထိုင်းအသင်းနဲ့ ဒုတိယပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဇာဖူအန်ရဲ့ ကြံ့ခိုင်မှုကတော့ အနည်းငယ် သံသယဖြစ်စရာအခြေအနေမှာ ရှိနေပါတယ်။

မလေးရှားအသင်းနဲ့ ခံစစ်ကြောင်းထကိပိုပြီးတော့ ဗီယက်နမ်အသင်းရဲ့ ခံစစ်ကြောင်းက တောင့်တင်းတယ်ဆိုတာ အမြင်အားဖြင့် တော်တေ်ာလေးကို သိသာစေပါတယ်။သုံးယောက်တန်း ခံစစ်ရဲ့ အရေးပါတဲ့သူတွေအဖြစ် ရှိနေသလို အုပ်စုပွဲစဉ် (၄) ပွဲမှာ ဂိုးသမားဖြစ်သူကို စုစုပေါင်း (၁၂) ကြိမ်သာ ကာကွယ်ရစေပြီး ပေးဂိုးမရှိ စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့တဲ့ခံစစ်ကြောင်းပါ။ပြိုင်ဘက်ကစားသမားနဲ့ ဘောလုံးယှဉ်လုရာမှာ နှစ်ဦးလုံးက ထူးချွန်သူတွေဖြစ်ပြီး နှစ်ယောက်ပေါင်းကို (၁၉) ကြိမ်ထိရှိခဲ့ပါတယ်။ခေါင်းတိုက်ရှင်းထုတ်မှု ပိုင်းမှာလည်း မလေးရှားအသင်းကစားသမားတွေထက် သာလွန်နေခဲ့လို့ အသင်းရဲ့အောင်မြင်မှုတွေအတွက် အဓိက ကျနေမယ့်သူနှစ်ဦးပါ။

မာဟီနန် – ကွတ်တီ အဘ်ဘာ vs ငုရင်ကွမ်ဟိုင် – လောင်ရှန်ထရောင်

မလေးရှားအသင်းရဲ့ ကစားဟန်က ကွင်းလယ်မှာ ဘောလုံးကိုင်ကစားပြီး အရည်အသွေးမြင့်ကွင်းလယ်ကစားသမားတွေကို စိတ်ကြိုက်အထိုင်ချပြီး ပြိုင်ဘက်သအင်းကို ရင်ဆိုင်ကစားပါတယ်။မာဟီနန်က ပြီုင်ပွဲတစ်လျောက် ပေးပို့မှု (၃၅၅) ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပြီး အမြင့်ဆုံးမှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့သလို တစ်မိနစ်ကို တစ်ကြိမ်နီးပေါးလောက် ပေးပို့မှု ပြုလုပ်နိုင်ပြီး တစ်ပွဲကို (၇၂.၃) ကြိမ်လောက် ပေးပို့နိုင်ပြီး (၈၅) ရာခိုင်နှုန်းလောက် အောင်မြင်အောင် စွမ်းဆောင်ထားပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့တွဲဖက် ကွတ်တီကတော့ (၈၂.၅)ရာခိုင်နှုန်းလောက်ကို အောင်မြင်အောင် စွမ်းဆောင်ထားနိုင်ခဲ့သူပါ။မာဟီနန်က ခံစစ် ကစားသမား (၄) ဦးရဲ့ရှေ့ကနေ ကွင်းလယ်ခံစစ်ပိုင်းကို တာဝန်ယူကစားပြီး ကွတ်တီကတော့ ပြိုင်ဘက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာ စွမ်းဆောင်ရည်မြင့်မြင့်နဲ့ အရေးပါတဲ့ ပေးပို့မှု (၇) ကြိမ်ပြုလုပ်ထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၆)ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဗီယက်နမ်ရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းမှာ အရေးပါတဲ့သူအဖြစ်ရှိနေခဲ့တာက ငုရင်ကွမ်ဟိုင်ဖြစ်ပြီး သွင်းဂိုး (၃) ဂိုးသွင်းယူပြီး (၁) ကြိမ်ဂိုးဖန်တီးပေးထားနိုင်ခဲ့တဲ့ သူတစ်ဦးပါ။ကွင်းတယ်တိုက်စစ်ပိုင်းကနေ ရှေ့တန်းကစားသမားတွေနဲ့ ချိတ်ဆက်ပေးပို့မှုက (၁၀၁) ကြိမ်ထိရှိခဲ့ပြီး တိုက်စစ်ပိုင်းကို အကောင်းဆုံးဖန်တီးပေးနိုင်တဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးပါ။ထရောင်ကတော့ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေကို ပြန်လည်စတင်ပေးသူဖြစ်ပြီး အသင်းအတွက် ပွဲစဉ် (၄) ပွဲသာ ပါဝင်ကစားပေးထားရသူဆိုပေမယ့် ကွင်းလယ်ခံစစ်ပိုင်းမှာတော့ ကတယ့်ကိုစွမ်းဆောင်ရည်ကောင်းပြသနိုင်သူဆိုတာ ပြိုင်ဘက်အသင်းထံကနေ ဘောလုံးရယူနိုင်စွမ်းက (၈) ကြိမ်ထိရှိနေခဲ့ပြီး ပေးပို့မှုပိုင်းမှာလည်း (၈၃) ရာခိုင်နှုန်းလောက် စွမ်းဆောင်ထားနိုင်ခဲ့သူပါ။

အဒ်လန် – အဒ်ဟာ vs ဖန်ဗန်ဒက် – ငုရင်အန်ဒက်

မလေးရှားအသင်းရဲ့ တိုက်စစ်ပိုင်း အဒ်ဟာ ရဲ့ စွမ်းဆောင်ရည်ပိုင်းကိုသာ အသိအမှတ်ပြုမြင်တွေ့နေကျပေမယ့် အဒ်လန်ကတော့အသင်းအတွက် သွင်းဂိုးသွင်းယူမှု (၅) ကြိမ်တောင်ရှိထားခဲ့တဲ့ ကစားသမားပါ။ထိုင်းအသင်းနဲ့ ပွဲစဉ်မှာ နောက်တစ်ဆင့်အတွက် အရေးပါတဲ့သွင်းဂိုးကိုရယူပေးနိုင်ခဲ့သူဖြစ်သလို ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုအတွက်လည်း ရေပန်းစားနေသူပါ။ပွဲကစားချိန် (၉၅) မိနစ်ရောက်တိုင်း သွင်းဂိး (၁) ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့တဲ့ အဒ်လန်က ပြိုင်ပွဲရဲ့အကောင်းဆုံး ကစာသမားတစ်ဦးဖြစ်သလို တွဲဖက် အဒ်ဟာကလည်း ရရှိခဲ့တဲ့အခွင့်အရေးတွေက ရာခိုင်နှုန်း (၅၀) ကိုဂိုးအဖြစ် ပြောင်းလဲနိုင်သူတစ်ဦးပါ။

မလေးရှာအသင်း တိုက်စစ်မှူးတွေနဲ့ယှဉ်ရင်တော့ ဗီယက်နမ်အသင်းတိုက်စစ်မှူးတွေမှာ အားနည်းချက်ကတော့ အနည်းငယ်ရှိပါတယ်။ဗန်ဒက်က (၂၂၄) မိနစ်မှ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်သလို အန်ဒက်ကတော့ (၁၃၀) မိနစ်ကြာမှ တစ်ဂိုးသွင်းယူနိုင်ပေမယ့် နှစ်ဦးလုံးကတော့ ဗီယက်နမ်အသင်းရဲ့ ပုံရိပ်တိုက်စစ်မှူးတွေပါပဲ။ဖိလစ်ပိုင်အသင်းဘက်ကိုလည်း ဂိုးသွင်းခြေစွမ်းပြခဲ့သူတွေဖြစ်သလို မလေးရှာအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အုပ်စုတွင်းမှာလည်းအန်ဒက်က အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုရယူပေးထားနိုင်ခဲ့ပါတယ်။

Facebook Comments
2K Shares