ဆူဇူကီးဖလား ဗိုလ္လုပြဲရဲ႕ မိနစ္ (၉၀)မွာ ဘယ္အသင္းက အသာစီးရသြားမလဲ?

1351
8K Shares

ဆူဇူကီးဖလား ဗိုလ္လုပြဲရဲ႕ မိနစ္ (၉၀)မွာ ဘယ္အသင္းက အသာစီးရသြားမလဲ?

ဒီေန႔မွာ 2018 AFF Suzuki Cup ျပိဳင္ပြဲရဲ႕ ဗုိလ္လုပြဲ ပထမအေက်ာ့ကို ကစားၾကေတာ့မယ္။ မေလးရွားရဲ႕ နာမည္ေက်ာ္အိမ္ကြင္းျဖစ္တဲ့ ဘူကစ္ဂ်ာလီကြင္းၾကီးမွာ ကစားရမွာျဖစ္ျပီး ဗီယက္နမ္အသင္းအတြက္ေတာ့ နည္းနည္းေလး အခက္ေတြ႕ရမယ့္ ပြဲလည္း ျဖစ္တယ္လို႔ထင္တယ္။ ဗီယက္နမ္က လက္ရွိအခ်ိန္ထိ ရံႈးပြဲမရွိေသးတဲ့ အသင္းဆိုေပမယ့္ မေလးရွားကလည္း ထိုင္းလို ရံႈးပြဲမရွိေသးတဲ့ အသင္းကို ေက်ာ္ျဖတ္ခဲ့တာကို သတိထားရမွာပါ။

ထိုင္းအသင္းဆိုရင္ မိနစ္ (၉၀)အတြင္း လံုး၀ရံႈးပြဲခဲ့ပဲနဲ႔ ဒီျပိဳင္ပြဲကို ႏႈတ္ဆက္သြားခဲ့ရတာပါ။ မေလးရွားက အေ၀းကြင္းမွာ အဖိုးတန္တဲ့ သြင္းဂိုးေတြ ရယူႏိုင္ခဲ့လို႔ ထိုင္းတို႔ ရံႈးခ်က္နာခဲ့ရပါတယ္။ ပထမအေက်ာ့မွာ ထိုင္းကို ေပးဂိုးမရွိေအာင္ မေလးရွားက အေကာင္းဆံုးကစားျပႏိုင္ခဲ့့လို႔ ဗီယက္နမ္ကိုလည္း သူတို႔အိမ္ကြင္းမွာ ဒီလိုပံုစံအတိုင္း ကစားဦးမွာ ေသခ်ာပါတယ္။

အုပ္စုတြင္းေတြ႕ဆံုမႈမွာ မေလးရွားက ရံႈးခဲ့တယ္ဆိုေပမယ့္လည္း ဟႏြိဳင္းမွာ သြားကစားရတာကိုလည္း ထည့္တြက္ရပါမယ္။ ဒီေတာ့ ဘူကစ္ဂ်ာလီမွာ အခြင့္အေရးေတြကို ရရွိဖို႔အတြက္ မေလးရွားက အစြမ္းကုန္ျပင္ဆင္လာမွာ အေသအခ်ာပဲ။ အိမ္ကြင္းအားသာခ်က္၊ ပရိသတ္ေတြရဲ႕အားေပးမႈနဲ႔ ပထမအေက်ာ့မွာ ရလာဒ္ေကာင္းရဖို႔ မေလးရွားက ဦးတည္လာႏိုင္ပါတယ္။

မေလးရွားအသင္း ျဖတ္သန္းခဲ့တဲ့ ပြဲေတြကို ၾကည့္မယ္ဆိုရင္ ကေမၻာဒီးယားကို ၁-၀၊ လာအိုကို ၃-၁၊ ျမန္မာကို ၃-၀ နဲ႔ အႏိုင္ယူျပီး ဗီယက္နမ္ကို ၂-၀ နဲ႔ ရံႈးခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာ ထိုင္းနဲ႔ေတြ႕ေတာ့ ပထမအေက်ာ့မွာ ၀-၀၊ ဒုတိယအေက်ာ့မွာ ၂-၂ နဲ႔ ကစားျပီး မေလးရွားက ဗို္လ္လုပြဲကို ေရာက္ခဲ့တာပါ။ ရဂိုးအားျဖင့္ (၉)ဂိုးရွိခဲ့ျပီး ေပးဂိုး (၄)ဂိုး ရွိခဲ့ပါတယ္။

ဗီယက္နမ္ကေတာ့ လာအိုကို ၃-၀၊ မေလးရွားကို ၂-၀၊ ျမန္မာနဲ႔ ၀-၀ ျဖစ္ခဲ့ျပီး ကေမၻာဒီးယားကို ၃-၀ နဲ႔ အႏိုင္ရခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာ ဖိလစ္ပိုင္ကို ႏွစ္ေက်ာ့စလံုး ၂-၁ ေတြနဲ႔ အႏိုင္ယူျပီး ဗိုလ္လုပြဲတက္ခဲ့တာပါ။ ရဂိုးက (၁၂)ဂိုးရွိျပီး ေပးဂိုးက (၂)ဂိုးတည္းသာ ရွိခဲ့တာပါ။ ဒီေတာ့ ဗီယက္နမ္ရဲ႕ တိုက္စစ္နဲ႔ ခံစစ္က မေလးရွားထက္ပိုျပီးေကာင္းေနတယ္လို႔ ေယဘုယ်ေကာက္ခ်က္ခ်ရမွာပါ။

ဗိုလ္လုပြဲက စုစုေပါင္း မိနစ္ (၁၈၀) ကစားရမွာပါ။ ေနာက္ထပ္ မိနစ္ (၉၀) အခြင့္အေရးေတြကို ႏွစ္သင္းလံုး ပိုင္ဆိုင္ထားလို႔ ပထမအေက်ာ့မွာ ဆိုးဆိုး၀ါး၀ါးမျဖစ္ဘူးဆိုရင္ ဒုတိယအေက်ာ့ကို ေမွ်ာ္လင့္လို႔ ရပါေသးတယ္။ ဒီေတာ့ ႏွစ္သင္းစလံုးက ပထမအေက်ာ့မွာ အမွားမရွိေအာင္ ကစားသြားဖို႔ အာရံုစိုက္ထားမွာပါ။ မေလးရွားအတြက္က ပိုအေရးၾကီးပါတယ္။ ေနာက္ပြဲကို အေ၀းကြင္းမွာ သြားကစားရမွာ ျဖစ္တဲ့အတြက္ပါ။

မေလးရွားမွာဆိုရင္ တိုက္စစ္မွဴး တယ္လဟ၊ ကြင္းလယ္လူ ဆူမာရက္ နဲ႔ ဆာဖာ၀ီ၊ ေနာက္တန္းက ဆာဖာရီ နဲ႔ အသင္းေခါင္းေဆာင္ ဇာကြင္တို႔က အဓိကကစားသမားေတြပါ။ မေလးရွားရဲ႕ တိုက္စစ္ကို ဒီကစားသမား (၄)ေယာက္က အဓိက အားျဖည့္ေပးေနတာျဖစ္ျပီး ခံစစ္ပိုင္း ေတာင့္တင္းတဲ့ ဗီယက္နမ္ကို ဂိုးသြင္းႏိုင္ဖို႔ သူတို႔ (၄)ဦး ေျခစြမ္းျပႏိုင္ဖို႔ ေမွ်ာ္လင့္ထားရမွာပါ။

ဗီယက္နမ္ကလည္း ငုယင္ကြမ္ဟိုင္၊ ငုယင္ကြမ္ေဖာင္ နဲ႔ တိုက္စစ္မွဴး အန္ဒူတို႔ရဲ႕ တိုက္စစ္အားနဲ႔ ျပိဳင္ဘက္ေတြကို ေခ်မႈန္းေနခဲ့တာပါ။ ကြင္းလယ္ခံစစ္ နဲ႔ ေနာက္တန္း မာေက်ာမႈဂုဏ္လည္း အျပည့္ရွိပါတယ္။ အေ၀းကြင္းျဖစ္ေနလို႔ ဗီယက္နမ္က ဂိုးမေပးရဖို႔ အဓိကထား ကစးသြားမယ္လိ႔လည္း ထင္ပါတယ္။ ဒီေတာ့ မေလးရွားတိုက္စစ္ နဲ႔ ဗီယက္နမ္ခံစစ္ အားျပိဳင္မယ့္ပြဲ ျဖစ္ျပီး ဗီယက္နမ္က တန္ျပန္တိုက္စစ္ေတြကိုသာ အားျပဳမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘယ္လိုရလာဒ္ေတြ ထြက္ေပၚလာမလဲဆိုတာကေတာ့ မၾကာခင္မွာပဲ အေျဖေပၚလာေတာ့မွာပါ။

Unicode Font

ဆူဇူကီးဖလား ဗိုလ်လုပွဲရဲ့ မိနစ် (၉၀)မှာ ဘယ်အသင်းက အသာစီးရသွားမလဲ?

ဒီနေ့မှာ 2018 AFF Suzuki Cup ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ ပထမအကျော့ကို ကစားကြတော့မယ်။ မလေးရှားရဲ့ နာမည်ကျော်အိမ်ကွင်းဖြစ်တဲ့ ဘူကစ်ဂျာလီကွင်းကြီးမှာ ကစားရမှာဖြစ်ပြီး ဗီယက်နမ်အသင်းအတွက်တော့ နည်းနည်းလေး အခက်တွေ့ရမယ့် ပွဲလည်း ဖြစ်တယ်လို့ထင်တယ်။ ဗီယက်နမ်က လက်ရှိအချိန်ထိ ရှုံးပွဲမရှိသေးတဲ့ အသင်းဆိုပေမယ့် မလေးရှားကလည်း ထိုင်းလို ရှုံးပွဲမရှိသေးတဲ့ အသင်းကို ကျော်ဖြတ်ခဲ့တာကို သတိထားရမှာပါ။

ထိုင်းအသင်းဆိုရင် မိနစ် (၉၀)အတွင်း လုံးဝရှုံးပွဲခဲ့ပဲနဲ့ ဒီပြိုင်ပွဲကို နှုတ်ဆက်သွားခဲ့ရတာပါ။ မလေးရှားက အဝေးကွင်းမှာ အဖိုးတန်တဲ့ သွင်းဂိုးတွေ ရယူနိုင်ခဲ့လို့ ထိုင်းတို့ ရှုံးချက်နာခဲ့ရပါတယ်။ ပထမအကျော့မှာ ထိုင်းကို ပေးဂိုးမရှိအောင် မလေးရှားက အကောင်းဆုံးကစားပြနိုင်ခဲ့လို့ ဗီယက်နမ်ကိုလည်း သူတို့အိမ်ကွင်းမှာ ဒီလိုပုံစံအတိုင်း ကစားဦးမှာ သေချာပါတယ်။

အုပ်စုတွင်းတွေ့ဆုံမှုမှာ မလေးရှားက ရှုံးခဲ့တယ်ဆိုပေမယ့်လည်း ဟနွိုင်းမှာ သွားကစားရတာကိုလည်း ထည့်တွက်ရပါမယ်။ ဒီတော့ ဘူကစ်ဂျာလီမှာ အခွင့်အရေးတွေကို ရရှိဖို့အတွက် မလေးရှားက အစွမ်းကုန်ပြင်ဆင်လာမှာ အသေအချာပဲ။ အိမ်ကွင်းအားသာချက်၊ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ပထမအကျော့မှာ ရလာဒ်ကောင်းရဖို့ မလေးရှားက ဦးတည်လာနိုင်ပါတယ်။

မလေးရှားအသင်း ဖြတ်သန်းခဲ့တဲ့ ပွဲတွေကို ကြည့်မယ်ဆိုရင် ကမ္ဘောဒီးယားကို ၁-ဝ၊ လာအိုကို ၃-၁၊ မြန်မာကို ၃-၀ နဲ့ အနိုင်ယူပြီး ဗီယက်နမ်ကို ၂-၀ နဲ့ ရှုံးခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့တွေ့တော့ ပထမအကျော့မှာ ဝ-၀၊ ဒုတိယအကျော့မှာ ၂-၂ နဲ့ ကစားပြီး မလေးရှားက ဗိုလ်လုပွဲကို ရောက်ခဲ့တာပါ။ ရဂိုးအားဖြင့် (၉)ဂိုးရှိခဲ့ပြီး ပေးဂိုး (၄)ဂိုး ရှိခဲ့ပါတယ်။

ဗီယက်နမ်ကတော့ လာအိုကို ၃-ဝ၊ မလေးရှားကို ၂-ဝ၊ မြန်မာနဲ့ ဝ-၀ ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဖိလစ်ပိုင်ကို နှစ်ကျော့စလုံး ၂-၁ တွေနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ ရဂိုးက (၁၂)ဂိုးရှိပြီး ပေးဂိုးက (၂)ဂိုးတည်းသာ ရှိခဲ့တာပါ။ ဒီတော့ ဗီယက်နမ်ရဲ့ တိုက်စစ်နဲ့ ခံစစ်က မလေးရှားထက်ပိုပြီးကောင်းနေတယ်လို့ ယေဘုယျကောက်ချက်ချရမှာပါ။

ဗိုလ်လုပွဲက စုစုပေါင်း မိနစ် (၁၈၀) ကစားရမှာပါ။ နောက်ထပ် မိနစ် (၉၀) အခွင့်အရေးတွေကို နှစ်သင်းလုံး ပိုင်ဆိုင်ထားလို့ ပထမအကျော့မှာ ဆိုးဆိုးဝါးဝါးမဖြစ်ဘူးဆိုရင် ဒုတိယအကျော့ကို မျှော်လင့်လို့ ရပါသေးတယ်။ ဒီတော့ နှစ်သင်းစလုံးက ပထမအကျော့မှာ အမှားမရှိအောင် ကစားသွားဖို့ အာရုံစိုက်ထားမှာပါ။ မလေးရှားအတွက်က ပိုအရေးကြီးပါတယ်။ နောက်ပွဲကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်တဲ့အတွက်ပါ။

မလေးရှားမှာဆိုရင် တိုက်စစ်မှူး တယ်လဟ၊ ကွင်းလယ်လူ ဆူမာရက် နဲ့ ဆာဖာဝီ၊ နောက်တန်းက ဆာဖာရီ နဲ့ အသင်းခေါင်းဆောင် ဇာကွင်တို့က အဓိကကစားသမားတွေပါ။ မလေးရှားရဲ့ တိုက်စစ်ကို ဒီကစားသမား (၄)ယောက်က အဓိက အားဖြည့်ပေးနေတာဖြစ်ပြီး ခံစစ်ပိုင်း တောင့်တင်းတဲ့ ဗီယက်နမ်ကို ဂိုးသွင်းနိုင်ဖို့ သူတို့ (၄)ဦး ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားရမှာပါ။

ဗီယက်နမ်ကလည်း ငုယင်ကွမ်ဟိုင်၊ ငုယင်ကွမ်ဖောင် နဲ့ တိုက်စစ်မှူး အန်ဒူတို့ရဲ့ တိုက်စစ်အားနဲ့ ပြိုင်ဘက်တွေကို ချေမှုန်းနေခဲ့တာပါ။ ကွင်းလယ်ခံစစ် နဲ့ နောက်တန်း မာကျောမှုဂုဏ်လည်း အပြည့်ရှိပါတယ်။ အဝေးကွင်းဖြစ်နေလို့ ဗီယက်နမ်က ဂိုးမပေးရဖို့ အဓိကထား ကစးသွားမယ်လိ့လည်း ထင်ပါတယ်။ ဒီတော့ မလေးရှားတိုက်စစ် နဲ့ ဗီယက်နမ်ခံစစ် အားပြိုင်မယ့်ပွဲ ဖြစ်ပြီး ဗီယက်နမ်က တန်ပြန်တိုက်စစ်တွေကိုသာ အားပြုမယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုရလာဒ်တွေ ထွက်ပေါ်လာမလဲဆိုတာကတော့ မကြာခင်မှာပဲ အဖြေပေါ်လာတော့မှာပါ။

Facebook Comments
8K Shares