ႏူးကမ့္ကြင္းထဲမွာ ေနာက္ဆံုးအခ်ိန္ထိ တိုက္ပြဲ၀င္သြားမယ္ဆိုတဲ့ စပါးနည္းျပပိုခ်က္တီႏုိ

41
908 Shares

ႏူးကမ့္ကြင္းထဲမွာ ေနာက္ဆံုးအခ်ိန္ထိ တိုက္ပြဲ၀င္သြားမယ္ဆိုတဲ့ စပါးနည္းျပပိုခ်က္တီႏုိ

စပါးအသင္းရဲ႔နည္းျပ ပုိခ်က္တီႏိုက သူတုိ႔အသင္းအေနနဲ႔ ႏူးကမ့္ကြင္းထဲမွာ ေနာက္ဆံုးအခ်ိန္ထိ တိုက္ပြဲ၀င္သြားမယ္လို႔ ၾကံဳး၀ါးေျပာဆို သြားခဲ့ပါတယ္။ ပိုခ်က္တီႏိုရဲ႔ စပါးအသင္းဟာ ယေန႔ညမွာေတာ့ ဘာစီလိုနာအသင္းရဲ႔ အိမ္ကြင္းႏူးကမ့္မွာ ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆံုး အဆံုးအျဖတ္ပြဲစဥ္ ယွဥ္ျပိဳင္ကစား သြားရမွာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ေနာက္တစ္ဆင့္ကို တက္ေရာက္သြားျပီ ျဖစ္ေပမယ့္လဲ စပါးအသင္းအေနနဲ႔ ယခုပြဲမွာ အႏုိင္ရပါက ဘာစီလိုနာနဲ႔အတူ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မွာပါ။ တကယ္လို႔ စပါးအသင္း အႏုိင္မရခဲ့ဘဲ တစ္ဖက္ပြဲမွာ အင္တာမီလန္အသင္းက ပီအက္စ္ဗြီအသင္းကို အႏုိင္ရသြားပါက အင္တာအသင္းက ေနာက္တစ္ဆင့္ကို တက္ေရာက္သြားမွာျဖစ္ျပီး စပါးအသင္းက ျပိဳင္ပြဲကေန ထြက္ခြာရေတာ့မွာပါ။

ဒါေပမယ့္လဲ ပိုခ်က္တီႏိုက “ဘာစီလိုနာကို ရပ္တန္႔ပစ္ဖုိ႔ဆိုတာ အေတာ္ေလးခက္ခဲပါတယ္။ အထူးသျဖင့္ ႏူးကမ့္ကြင္းထဲမွာဆုိေတာ့ ပိုဆိုးတာေပါ့။ အႏုိင္ရရင္ ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္မွာျဖစ္ေပမယ့္ ဘာစီလိုနာကို အႏုိင္ရဖုိ႔ဆိုတာ ကြ်န္ေတာ္တို႔အသင္း အရင္ကထက္ ၁၀ဆေလာက္ ၾကိဳးစားမွရမွာပါ။ ဘာပဲျဖစ္ျဖစ္ ဒီပြဲစဥ္က ကြ်န္ေတာ္တို႔အတြက္ အရမ္းကိုအေရးၾကီးတဲ့ပြဲပါ။ ဒါ့ေၾကာင့္ ေနာက္ဆံုးအခ်ိန္အထိ တိုက္ပြဲ၀င္သြားမွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Unicode Font

နူးကမ့်ကွင်းထဲမှာ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စပါးနည်းပြပိုချက်တီနို

စပါးအသင်းရဲ့နည်းပြ ပိုချက်တီနိုက သူတို့အသင်းအနေနဲ့ နူးကမ့်ကွင်းထဲမှာ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးပြောဆို သွားခဲ့ပါတယ်။ ပိုချက်တီနိုရဲ့ စပါးအသင်းဟာ ယနေ့ညမှာတော့ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းနူးကမ့်မှာ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံး အဆုံးအဖြတ်ပွဲစဉ် ယှဉ်ပြိုင်ကစား သွားရမှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပေမယ့်လဲ စပါးအသင်းအနေနဲ့ ယခုပွဲမှာ အနိုင်ရပါက ဘာစီလိုနာနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ တကယ်လို့ စပါးအသင်း အနိုင်မရခဲ့ဘဲ တစ်ဖက်ပွဲမှာ အင်တာမီလန်အသင်းက ပီအက်စ်ဗွီအသင်းကို အနိုင်ရသွားပါက အင်တာအသင်းက နောက်တစ်ဆင့်ကို တက်ရောက်သွားမှာဖြစ်ပြီး စပါးအသင်းက ပြိုင်ပွဲကနေ ထွက်ခွာရတော့မှာပါ။

ဒါပေမယ့်လဲ ပိုချက်တီနိုက “ဘာစီလိုနာကို ရပ်တန့်ပစ်ဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ အထူးသဖြင့် နူးကမ့်ကွင်းထဲမှာဆိုတော့ ပိုဆိုးတာပေါ့။ အနိုင်ရရင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပေမယ့် ဘာစီလိုနာကို အနိုင်ရဖို့ဆိုတာ ကျွန်တော်တို့အသင်း အရင်ကထက် ၁၀ဆလောက် ကြိုးစားမှရမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီပွဲစဉ်က ကျွန်တော်တို့အတွက် အရမ်းကိုအရေးကြီးတဲ့ပွဲပါ။ ဒါ့ကြောင့် နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

Facebook Comments
908 Shares