ျပည္ပမွာ ကစားသမားဘဝကုိ ျပန္လည္စတင္ရဖြယ္ရွိေနတဲ႔ ဝဲလ္ဘတ္

77
603 Shares

ျပည္ပမွာ ကစားသမားဘဝကုိ ျပန္လည္စတင္ရဖြယ္ရွိေနတဲ႔ ဝဲလ္ဘတ္

မန္ယူလူငယ္အကယ္ဒမီထြက္ ကစားသမားေလးျဖစ္လုိ႔ တစ္ေန႔မွာ အရမ္းေကာင္းတဲ႔ ေဘာလုံးသမားတစ္ေယာက္ ျဖစ္လာလိမ့္မယ္လုိ႔ အားလုံးက ထင္မွတ္ထားၾကေပမယ့္လည္း သူရဲ႕ ကံၾကမာဆုိးေတြေၾကာင့္ တျခားကစားသမားေတြထက္ အၿမဲေနာက္ေကာက္က်ခဲ႔ပါတယ္။ အခုလည္း သူရဲ႕ေမြးရပ္ေျမ အဂၤလန္ႏုိင္ငံကုိ စြန္႔ခြာၿပီး ျပည္ပမွာ သူရဲ႕ကစားသမားဘဝကုိ ျပန္လည္စတင္ရေတာ့မယ့္ အေနအထားေတြ ရွိေနသူကေတာ့ တုိက္စစ္မွဴးဒင္နီဝဲလ္ဘတ္ပဲျဖစ္ပါတယ္။

အသက္ ၂၇ႏွစ္အရႊယ္ကုိ ေရာက္လုိ႔ေနၿပီျဖစ္တဲ႔ ဝဲလ္ဘတ္က လက္ရွိမွာ ဒဏ္ရာျပသာနာေၾကာင့္ ဒီႏွစ္ေဘာလုံးရာသီအကုန္အထိကုိ အနားယူေနရတာျဖစ္ပါတယ္။ ဝဲလ္ဘတ္က ၿပီးခဲ႔တဲ့လမွာ ယွဥ္ၿပိဳင္ကစားခဲ႔တဲ႔ စပုိ႔တင္းလစၥဘြန္းနဲ႔ ယူရုိပါလိဂ္ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာကုိ ဆုိးဆုိးရႊားရႊား ရရွိခဲ႔တာေၾကာင့္ ဒီႏွစ္ရာသီအကုန္အထိ အနားယူရေတာ့မွာပါ။

တကယ္ေတာ့ ဒီလုိအျဖစ္မ်ိဳးဆုိတာ ဝဲလ္ဘတ္အတြက္ေတာ့ မဆန္းေတာ့ဘူးလုိ႔ေတာင္ ေျပာရမွာပါ။ ဝဲလ္ဘတ္က သူရဲ႕ကစားသမားဘဝမွာ ဒဏ္ရာျပသာနာေတြေၾကာင့္ မန္ယူမွာေရာ အာဆင္နယ္မွာပါ ပုံမွန္ပြဲထြက္ခြင့္ေတြ မ်ားစြာဆုံးရွုံးခဲ႔ရသလုိ ျပန္လည္ေကာင္းမြန္လာခ်ိန္မွာလည္း အသင္းရဲ႕ နာမည္ႀကီးပေလယာေတြ မေက်ာ္ႏုိင္ေတာ့တဲ႔ အေနအထားေတြ ျဖစ္လာခဲ႔ရပါတယ္။

အခုေတာ့ ဝဲလ္ဘတ္က အာဆင္နယ္နဲ႔ လမ္းခြဲဖုိ႔ လုံးဝေသခ်ာသေလာက္ကုိ ရွိေနပါၿပီ။ ဒီႏွစ္ရာသီကုန္ရင္လည္း ဝဲလ္ဘတ္နဲ႔အာဆင္နယ္တုိ႔ၾကားက စာခ်ဳပ္သက္တမ္းကလည္း ကုန္ဆုံးေတာ့မွာပါ။ လက္ရွိမွာ ဝဲလ္ဘတ္ကုိ တူရကီထိပ္သီးကလပ္ႀကီး ဂါလာတာစာေရးက ေခၚယူဖုိ႔ ခ်ဥ္းကပ္လ်က္ရွိၿပီး တုိက္စစ္မွဴးတစ္ဦး အရမ္းလုိအပ္ေနတဲ႔ အသင္းျဖစ္လုိ႔ ဝဲလ္ဘတ္အတြက္ ေနရာတစ္ခု ပုံမွန္ရေနမယ့္ အသင္းျဖစ္မွာ ေသခ်ာပါတယ္။

တုိက္စစ္မွဴးေကာင္းရွားတဲ႔ အဂၤလန္လက္ေရြးစင္အသင္းမွာ ေရြးခ်ယ္ခံခ်င္ေနတဲ႔ ဒင္နီဝဲလ္ဘတ္က လန္ဒန္ကုိစြန္႔ခြာၿပီး သူတစ္ခါမွ သြားမကစားဖူးေသးတဲ႔ တူရကီလုိ ျပည္ပေနရာတစ္ခုမွာ သူရဲ႕အရည္အေသြးေတြကုိ ျပန္လည္ျပသသြားႏုိင္မလားဆုိတာ ေစာင့္ၾကည့္သြားရမွာပါ။

Unicode Font

ပြည်ပမှာ ကစားသမားဘဝကို ပြန်လည်စတင်ရဖွယ်ရှိနေတဲ့ ဝဲလ်ဘတ်

မန်ယူလူငယ်အကယ်ဒမီထွက် ကစားသမားလေးဖြစ်လို့ တစ်နေ့မှာ အရမ်းကောင်းတဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ အားလုံးက ထင်မှတ်ထားကြပေမယ့်လည်း သူရဲ့ ကံကြမာဆိုးတွေကြောင့် တခြားကစားသမားတွေထက် အမြဲနောက်ကောက်ကျခဲ့ပါတယ်။ အခုလည်း သူရဲ့မွေးရပ်မြေ အင်္ဂလန်နိုင်ငံကို စွန့်ခွာပြီး ပြည်ပမှာ သူရဲ့ကစားသမားဘဝကို ပြန်လည်စတင်ရတော့မယ့် အနေအထားတွေ ရှိနေသူကတော့ တိုက်စစ်မှူးဒင်နီဝဲလ်ဘတ်ပဲဖြစ်ပါတယ်။

အသက် ၂၇နှစ်အရွှယ်ကို ရောက်လို့နေပြီဖြစ်တဲ့ ဝဲလ်ဘတ်က လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် ဒီနှစ်ဘောလုံးရာသီအကုန်အထိကို အနားယူနေရတာဖြစ်ပါတယ်။ ဝဲလ်ဘတ်က ပြီးခဲ့တဲ့လမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပို့တင်းလစ္စဘွန်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာကို ဆိုးဆိုးရွှားရွှား ရရှိခဲ့တာကြောင့် ဒီနှစ်ရာသီအကုန်အထိ အနားယူရတော့မှာပါ။

တကယ်တော့ ဒီလိုအဖြစ်မျိုးဆိုတာ ဝဲလ်ဘတ်အတွက်တော့ မဆန်းတော့ဘူးလို့တောင် ပြောရမှာပါ။ ဝဲလ်ဘတ်က သူရဲ့ကစားသမားဘဝမှာ ဒဏ်ရာပြသာနာတွေကြောင့် မန်ယူမှာရော အာဆင်နယ်မှာပါ ပုံမှန်ပွဲထွက်ခွင့်တွေ များစွာဆုံးရှုံးခဲ့ရသလို ပြန်လည်ကောင်းမွန်လာချိန်မှာလည်း အသင်းရဲ့ နာမည်ကြီးပလေယာတွေ မကျော်နိုင်တော့တဲ့ အနေအထားတွေ ဖြစ်လာခဲ့ရပါတယ်။

အခုတော့ ဝဲလ်ဘတ်က အာဆင်နယ်နဲ့ လမ်းခွဲဖို့ လုံးဝသေချာသလောက်ကို ရှိနေပါပြီ။ ဒီနှစ်ရာသီကုန်ရင်လည်း ဝဲလ်ဘတ်နဲ့အာဆင်နယ်တို့ကြားက စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာပါ။ လက်ရှိမှာ ဝဲလ်ဘတ်ကို တူရကီထိပ်သီးကလပ်ကြီး ဂါလာတာစာရေးက ခေါ်ယူဖို့ ချဉ်းကပ်လျက်ရှိပြီး တိုက်စစ်မှူးတစ်ဦး အရမ်းလိုအပ်နေတဲ့ အသင်းဖြစ်လို့ ဝဲလ်ဘတ်အတွက် နေရာတစ်ခု ပုံမှန်ရနေမယ့် အသင်းဖြစ်မှာ သေချာပါတယ်။

တိုက်စစ်မှူးကောင်းရှားတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံချင်နေတဲ့ ဒင်နီဝဲလ်ဘတ်က လန်ဒန်ကိုစွန့်ခွာပြီး သူတစ်ခါမှ သွားမကစားဖူးသေးတဲ့ တူရကီလို ပြည်ပနေရာတစ်ခုမှာ သူရဲ့အရည်အသွေးတွေကို ပြန်လည်ပြသသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာပါ။

Facebook Comments
603 Shares