စပါးအတြက္ သတင္းေကာင္းျဖစ္လာခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးရဲ႕ ဒဏ္ရာျပသနာ

436
2K Shares

စပါးအတြက္ သတင္းေကာင္းျဖစ္လာခဲ့တဲ့ ဘာစီလိုနာတိုက္စစ္မွဴးရဲ႕ ဒဏ္ရာျပသနာ

ဘာစီလိုနာအသင္းရဲ႕ တိုက္စစ္မွဴး လူး၀စၥဆြာရက္ဇ္ဟာ စပါးအသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲ အုပ္စုေနာက္ဆံုးပြဲစဥ္ကို လြဲေခ်ာ္မယ္လို႔ သိရပါတယ္။ ဒီအတြက္ ဘာစီလိုနာ နည္းျပ ဗယ္ဗာဒီက ဆြာရက္ဇ္ မပါ၀င္ႏိုင္တဲ့အတြက္ သူ႔ရဲ႕ လူစာရင္းပိုင္းကို အေျပာင္းအလဲ ျပဳလုပ္သြားရေတာ့မယ္လုိ႔ ေျပာဆိုသြားခဲ့ပါတယ္။

အက္စ္ပန္ညိဳအသင္းနဲ႔ ပြဲစဥ္မွာ ပါ၀င္ကစားခဲ့တဲ့ ဆြာရက္ဇ္ဟာ ဒူးဒဏ္ရာအေသးစား ရရွိေနတာျဖစ္ျပီး စပါးနဲ႔ပြဲကို လြဲေခ်ာ္မယ္ဆိုတဲ့ သတင္းက ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ေတာ့ သတင္းေကာင္း ျဖစ္လာခဲ့ပါတယ္။ စပါးအသင္းဟာ ဘာစီလိုနာကြင္းကို သြားေရာက္ကစားရမွာျဖစ္ျပီး ဆြာရက္ဇ္မပါ၀င္ႏိုင္တဲ့အတြက္ ျပိဳင္ဘက္အသင္းအားနည္းမႈေတြကို အခြင့္ေကာင္းယူဖို႔ ေမွ်ာ္လင့္လာႏိုင္ျပီ ျဖစ္ပါတယ္။

“ မနက္ျဖန္ပြဲမွာ အသင္းကို ေျပာင္းလဲမႈေတြ လုပ္ရပါေတာ့မယ္၊ စေနေန႔မွာ ဒါဘီပြဲ ကစားခဲ့ရပါတယ္၊ ပြဲတိုင္းမွာ ကၽြန္ေတာ္တို႔ ဘယ္ေလာက္ထိ လုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကိုလည္း ျပသသြားမွာပါ” လို႔ ဘာစီလုိနာနည္းျပ ဗယ္လ္ဗာဒီက ဆြာရက္ဇ္ရဲ႕ ဒဏ္ရာသတင္းနဲ႔ ပတ္သက္ျပီး တနလာၤေန႔က ေျပာၾကားသြားခဲ့ပါတယ္။

စပါးအသင္းဟာ ျပီးခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ (၅)မွာ အင္တာမီလန္ကို အႏိုင္ယူျပီး အုပ္စုက တက္ေရာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ရွင္သန္ခဲ့ပါတယ္။ အင္တာမီလန္က PSV အသင္းကို အႏိုင္မရရွိခဲ့ပဲ သူတို႔ကသာ ဘာစီလိုနာကုိ အေ၀းကြင္းမွာ အႏိုင္ရခဲ့မယ္ဆိုရင္ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္မွာ ျဖစ္ျပီး ဘာစီလိုနာနဲ႔ပြဲဟာ စပါးအတြက္ေတာ့ ေသေရးရွင္ေရးလို အေရးၾကီးတဲ့ ပြဲစဥ္ျဖစ္လာခဲ့ပါတယ္။

Unicode Font

စပါးအတွက် သတင်းကောင်းဖြစ်လာခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူးရဲ့ ဒဏ်ရာပြသနာ

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ စပါးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မယ်လို့ သိရပါတယ်။ ဒီအတွက် ဘာစီလိုနာ နည်းပြ ဗယ်ဗာဒီက ဆွာရက်ဇ် မပါဝင်နိုင်တဲ့အတွက် သူ့ရဲ့ လူစာရင်းပိုင်းကို အပြောင်းအလဲ ပြုလုပ်သွားရတော့မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

အက်စ်ပန်ညိုအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ဆွာရက်ဇ်ဟာ ဒူးဒဏ်ရာအသေးစား ရရှိနေတာဖြစ်ပြီး စပါးနဲ့ပွဲကို လွဲချော်မယ်ဆိုတဲ့ သတင်းက တော့တင်ဟမ်ဟော့စပါးအတွက်တော့ သတင်းကောင်း ဖြစ်လာခဲ့ပါတယ်။ စပါးအသင်းဟာ ဘာစီလိုနာကွင်းကို သွားရောက်ကစားရမှာဖြစ်ပြီး ဆွာရက်ဇ်မပါဝင်နိုင်တဲ့အတွက် ပြိုင်ဘက်အသင်းအားနည်းမှုတွေကို အခွင့်ကောင်းယူဖို့ မျှော်လင့်လာနိုင်ပြီ ဖြစ်ပါတယ်။

“ မနက်ဖြန်ပွဲမှာ အသင်းကို ပြောင်းလဲမှုတွေ လုပ်ရပါတော့မယ်၊ စနေနေ့မှာ ဒါဘီပွဲ ကစားခဲ့ရပါတယ်၊ ပွဲတိုင်းမှာ ကျွန်တော်တို့ ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုလည်း ပြသသွားမှာပါ” လို့ ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက ဆွာရက်ဇ်ရဲ့ ဒဏ်ရာသတင်းနဲ့ ပတ်သက်ပြီး တနလာၤနေ့က ပြောကြားသွားခဲ့ပါတယ်။

စပါးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)မှာ အင်တာမီလန်ကို အနိုင်ယူပြီး အုပ်စုက တက်ရောက်နိုင်ဖို့ မျှော်လင့်ချက် ရှင်သန်ခဲ့ပါတယ်။ အင်တာမီလန်က PSV အသင်းကို အနိုင်မရရှိခဲ့ပဲ သူတို့ကသာ ဘာစီလိုနာကို အဝေးကွင်းမှာ အနိုင်ရခဲ့မယ်ဆိုရင် နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး ဘာစီလိုနာနဲ့ပွဲဟာ စပါးအတွက်တော့ သေရေးရှင်ရေးလို အရေးကြီးတဲ့ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။

Facebook Comments
2K Shares