
125
971 Shares





Unicode Font

လီဗာပူးဘက်ကို စတင်စကားစစ်ထိုးလိုက်ပြီဖြစ်တဲ့ နာပိုလီနည်းပြ

ဘောလုံးပွဲစဉ်တွေ မယှဉ်ပြိုင်ခင် နည်းပြတွေ၊ ကစားသမားတွေ လုပ်လေ့လုပ်ထရှိတဲ့ ထုံးစံတွေအတိုင်း နာပိုလီနည်းပြ အန်စလော့တီကတော့ ယနေ့ညမှာကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မတိုင်ခင်မှာပဲ လီဗာပူးဘက်ကို စတင်ကာ စကားစစ်ထိုးမှု ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အန်စလော့တီက သူတို့အသင်းထက်စာရင် လီဗာပူးအသင်းက ပိုမိုဖိအားရှိနေကြောင်း ဆိုသွားခဲ့ပြီး သူတို့အသင်းအနေနဲ့ သာမန်ပွဲစဉ်တစ်ပွဲလို ကစားနိုင်မှာဖြစ်ပေမယ့် လီဗာပူးအသင်းကတော့ အနိုင်ရမှဖြစ်မယ်ဆိုတဲ့ ဖိအားတွေနဲ့အတူ ကစားရမှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး အန်စလော့တီက သူတို့အသင်းအနေနဲ့ အန်ဖီးလ်ကွင်းမှာ ဘတ်စ်ကားကွက်နဲ့ ခံစစ်ပိတ် ကစားဖို့ လာမှာမဟုတ်ကြောင်း တိုက်စစ်ဖွင့်ကစားပြီး ဂိုးရအောင် စွမ်းဆောင်သွားမှာဖြစ်ကြောင်း၊ သွင်းဂိုး၁ဂိုး ရရှိခဲ့ပါက သူတို့အသင်း နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

Facebook Comments
971 Shares