ဒီရာသီ ဥေရာပမွာ လက္ရွိအခ်ိန္ထိ ဂိုးအမ်ားဆံုးသြငး္ထားတဲ့ ကစားသမား (၆)ဦး

254
1K Shares

ဒီရာသီ ဥေရာပမွာ လက္ရွိအခ်ိန္ထိ ဂိုးအမ်ားဆံုးသြငး္ထားတဲ့ ကစားသမား (၆)ဦး

ဥေရာပေဘာလံုးရာသီကေတာ့ တစထက္တစ အရွိန္ရလာပါျပီ။ ရွည္လ်ားလွတဲ့ တစ္ႏွစ္တာ ေဘာလံုးမာရသြန္ျပိဳင္ပြဲၾကီးဟာ ခရီးလမ္းရဲ႕ (၃)ပံု(၁)ပံုဆိုတဲ့ ေနရာကို ေရာက္ရွိလို႔ ေနပါျပီ။ ပထမရာသီ၀က္ကာလ ကုန္ဆံုးလို႔ ဒုတိယရာသီ၀က္အတြင္းကို ခ်ဥ္းနင္း၀င္ေရာက္ေတာ့မယ့္ အခ်ိန္မွာ လက္ရွိ ဥေရာပေဘာလံုးလိဂ္ေတြရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားေတြက ဘယ္သူေတြလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္လား။ သက္ဆိုင္ရာလိဂ္ေတြရဲ႕ ေရႊဖိနပ္၊ ဥေရာပေရႊဖိနပ္ဆုအတြက္ ခန္႔မွန္းသံုးသပ္လို႔ ရတာေပါ့။

ဟယ္ရီကိန္း (၁၃) ဂိုး

၂၀၁၄-၁၅ ေဘာလံုးရာသီကို ျပန္ၾကည့္မယ္ဆိုရင္ ဟယ္ရီကိန္းနဲ႔စပါးအတြက္ေတာ့ အံ့အားသင့္စရာ ေဘာလံုးရာသီ ျဖစ္ခဲ့မွာပါ။ ဟယ္ရီကိန္း ဒီလိုအေနအထားမ်ိဳး ျဖစ္လာမယ္လုိ႔ ဘယ္သူကမွ ထင္ခဲ့ၾကမွာမဟုတ္ေပမယ့္ လက္ရွိအခ်ိန္မွာ သူက ကမၻာ့တန္း၀င္ တိုက္စစ္မွဴး ျဖစ္ေနပါျပီ။ ဒီရာသီမွာ အသင္းအတြက္ ျပိဳင္ပြဲစံု ပြဲ(၂၀)ကစားေပးထားျပီး (၁၃)ဂိုး သြင္းေပးထားျပီးပါျပီ။ ပရီးမီးယားလိဂ္မွာလည္း ဆာလာ ေရႊဖိနပ္ဆု မဆြတ္ခူးခင္ ႏွစ္ႏွစ္ဆက္တိုက္ ေရႊဖိနပ္ဆု ရခဲ့ပါေသးတယ္။ တစ္ရာသီကို အနည္းဆံုး သြင္းဂိုး (၃၀)ေလာက္ သြင္းေပးေနတဲ့ တိုက္စစ္မွဴးဟာ ဘယ္ေလာက္ထိ သြင္းဂိုးေတြနဲ႔ ခရီးဆက္မလဲ စိတ္၀င္စားစရာပါပဲ။

ကိုင္လီယန္ဘာေပ (၁၄)ဂိုး

အသက္ (၁၉)ႏွစ္အရြယ္ တိုက္စစ္မွဴးရဲ႕ စြမ္းေဆာင္ရည္ေတြက အံ့အားသင့္စရာပါ။ အေကာင္းဆံုးေျခစြမ္းေတြကို ျပသေနတာျဖစ္ျပီး အနာဂတ္ရဲ႕ ဘလြန္းဒီေအာဆုရွင္အျဖစ္လည္း ရည္ညႊန္းခံေနရပါတယ္။ ဒီရာသီမွာ အသင္းအတြက္ ျပိဳင္ပြဲစံု (၁၅)ပြဲ ကစားေပးထားျပီး (၁၄)ဂိုးအထိ သြင္းယူေပးထားတာမို႔ တစ္ပြဲကို တစ္ဂိုးႏႈန္း ပံုမွန္သြင္းေပးေနတယ္လို႔ ယူဆလို႔ရပါတယ္။ သူ႔အေနနဲ႔ ကစားသမားဘ၀ ေနာက္တဆင့္ကို တက္လွမ္းေနျပီလို႔လည္း အားလံုးက ခန္႔မွန္းသံုးသပ္ထားၾကပါတယ္။

ေနမာ (၁၅)ဂိုး

ေရာ္နယ္ဒို နဲ႔ မက္ဆီျပီးရင္ ကမၻာ့အေကာင္းဆံုးကစားသမားလို႔ သတ္မွတ္ခံထားရတဲ့ ေနမာက ဘာေပထက္ တစ္ဂိုးအသာစီးရရွိထားပါတယ္။ ျပင္သစ္လီဂူးလိဂ္က ေနမာအတြက္ ဂိုးသြင္းရတာ လြယ္ကူလြန္းေနျပီး ဘာအခက္အခဲမွ ရွိမေနပါဘူး။ ျပိဳင္ပြဲစံု (၁၈)ပြဲ ကစားထားျပီး (၁၅)ဂိုး သြင္းယူထားျပီးပါျပီ။ သူ႔ရဲ႕ သြင္းဂိုးက ဒီေလာက္နဲ႔ ရပ္တန္႔သြားမွာ မဟုတ္ေသးပါဘူး။ သူနဲ႔ ဘာေပႏွစ္ဦးေပါင္းသြင္းဂိုးက တစ္ရာသီမွာ ဂိုး(၈၀)ေလာက္အထိ ရွိေနခဲ့တာပါ။

မက္ဆီ (၁၇)ဂိုး

ဘလြန္းဒီေအာဆု ရပ္တည္မႈမွာ အဆင့္ (၅)ေနရာသာ ရပ္တည္ေနခဲ့ရတဲ့ မက္ဆီဟာ ျပီးခဲ့တဲ့ အက္စ္ပန္ညိဳအသင္းနဲ႔ပြဲစဥ္မွာေတာ့ ဖရီးကစ္ကေနခ်ည္းပဲ (၂)ဂိုးရရွိသြားခဲ့ပါတယ္။ ဒါဟာ အာဂ်င္တီးနားတိုက္စစ္မွဴးအတြက္ေတာ့ ျပိဳင္ပြဲစံု (၁၇) ပြဲ ကစားထားျပီး (၁၇)ဂိုး သြင္းယူႏိုင္မႈ ျဖစ္လာခဲ့ပါတယ္။ ဒီေျခစြမ္းကိုသာ သူ ဆက္ထိန္းထားႏိုင္ခဲ့မယ္ဆိုရင္ေတာ့ မက္ဆီအတြက္ ေနာက္ႏွစ္ဘလြန္းဒီေအာဆုကို အေကာင္းဆံုးေမွ်ာ္လင့္လို႔လည္း ရမွာျဖစ္ပါတယ္။

ပီယာတက္ခ္ (၁၇)ဂိုး

ဂ်ီႏိုအာတိုက္စစ္မွဴး ပီယာတက္ခ္ကို ဒီေလာက္ထိ ဂိုးသြင္းႏႈန္းျမင့္မားေနမယ္လို႔ ဘယ္သူကမွ ထင္မိမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ပိုလန္တိုက္စစ္မွဴးဟာ စီးရီးေအကလပ္မွာ ေျခစြမ္းျပေနျပီးေနာက္ လီ၀န္ေဒါစကီးအနားယူျပီးေနာက္ပိုင္း ပိုလန္ရဲ႕ အားထားရတဲ့ တိုက္စစ္မွဴး ျဖစ္လာမယ္လို႔ လက္ခံလာခဲ့ၾကပါျပီ။ ဂ်ီႏိုအာအတြက္ (၁၈)ပြဲကစားျပီးခ်ိန္မွာ သူက (၁၇)ဂိုးေတာင္ သြင္းထားခဲ့တာပါ။ ဒီအတြက္ ဥေရာပအသင္းၾကီးေတြက ပီယာတက္ခ္ေနာက္ကို အရိပ္လို လိုက္ၾကည့္ေနခဲ့ၾကပါျပီ။

လီ၀န္ေဒါစကီး (၁၉)ဂိုး

ဒီရာသီမွာ ဘိုင္ယန္တိုက္စစ္မွဴးဟာ ငုပ္ေကာင္တိုက္စစ္မွဴးသဖြယ္ ျဖစ္ေနခဲ့ေပမယ့္ တကယ္တမ္းက သူ႔ရဲ႕ ဂိုးသြင္းစြမ္းရည္က က်ဆင္းမသြားေသးဘူးဆိုတာကို ျမင္ေတြ႕ရမွာပါ။ ဘိုင္ယန္အတြက္ ပြဲေပါင္း (၂၀) ကစားေပးထားျပီး (၁၉)ဂိုး သြင္းယူေပးထားႏိုင္ပါတယ္။ ဒါေပမယ့္ လီ၀န္ေဒါစကီးက ဘိုင္ယန္ရလာဒ္မေကာင္းတဲ့ သတင္းေတြေအာက္မွာ ေပ်ာက္ကြယ္ေနခဲ့ျပီး အမွန္တကယ္မွာေတာ့ သူက ဥေရာပရဲ႕ ဂိုးသြင္းအမ်ားဆံုး ကစားသမား ျဖစ္ေနခဲ့တာကို သတိမမူမိခဲ့ၾကပါဘူး။

Unicode Font

ဒီရာသီ ဥရောပမှာ လက်ရှိအချိန်ထိ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား (၆)ဦး

ဥရောပဘောလုံးရာသီကတော့ တစထက်တစ အရှိန်ရလာပါပြီ။ ရှည်လျားလှတဲ့ တစ်နှစ်တာ ဘောလုံးမာရသွန်ပြိုင်ပွဲကြီးဟာ ခရီးလမ်းရဲ့ (၃)ပုံ(၁)ပုံဆိုတဲ့ နေရာကို ရောက်ရှိလို့ နေပါပြီ။ ပထမရာသီဝက်ကာလ ကုန်ဆုံးလို့ ဒုတိယရာသီဝက်အတွင်းကို ချဉ်းနင်းဝင်ရောက်တော့မယ့် အချိန်မှာ လက်ရှိ ဥရောပဘောလုံးလိဂ်တွေရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေက ဘယ်သူတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်လား။ သက်ဆိုင်ရာလိဂ်တွေရဲ့ ရွှေဖိနပ်၊ ဥရောပရွှေဖိနပ်ဆုအတွက် ခန့်မှန်းသုံးသပ်လို့ ရတာပေါ့။

ဟယ်ရီကိန်း (၁၃) ဂိုး

၂၀၁၄-၁၅ ဘောလုံးရာသီကို ပြန်ကြည့်မယ်ဆိုရင် ဟယ်ရီကိန်းနဲ့စပါးအတွက်တော့ အံ့အားသင့်စရာ ဘောလုံးရာသီ ဖြစ်ခဲ့မှာပါ။ ဟယ်ရီကိန်း ဒီလိုအနေအထားမျိုး ဖြစ်လာမယ်လို့ ဘယ်သူကမှ ထင်ခဲ့ကြမှာမဟုတ်ပေမယ့် လက်ရှိအချိန်မှာ သူက ကမ္ဘာ့တန်းဝင် တိုက်စစ်မှူး ဖြစ်နေပါပြီ။ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၂၀)ကစားပေးထားပြီး (၁၃)ဂိုး သွင်းပေးထားပြီးပါပြီ။ ပရီးမီးယားလိဂ်မှာလည်း ဆာလာ ရွှေဖိနပ်ဆု မဆွတ်ခူးခင် နှစ်နှစ်ဆက်တိုက် ရွှေဖိနပ်ဆု ရခဲ့ပါသေးတယ်။ တစ်ရာသီကို အနည်းဆုံး သွင်းဂိုး (၃၀)လောက် သွင်းပေးနေတဲ့ တိုက်စစ်မှူးဟာ ဘယ်လောက်ထိ သွင်းဂိုးတွေနဲ့ ခရီးဆက်မလဲ စိတ်ဝင်စားစရာပါပဲ။

ကိုင်လီယန်ဘာပေ (၁၄)ဂိုး

အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးရဲ့ စွမ်းဆောင်ရည်တွေက အံ့အားသင့်စရာပါ။ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာဖြစ်ပြီး အနာဂတ်ရဲ့ ဘလွန်းဒီအောဆုရှင်အဖြစ်လည်း ရည်ညွှန်းခံနေရပါတယ်။ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားပေးထားပြီး (၁၄)ဂိုးအထိ သွင်းယူပေးထားတာမို့ တစ်ပွဲကို တစ်ဂိုးနှုန်း ပုံမှန်သွင်းပေးနေတယ်လို့ ယူဆလို့ရပါတယ်။ သူ့အနေနဲ့ ကစားသမားဘ၀ နောက်တဆင့်ကို တက်လှမ်းနေပြီလို့လည်း အားလုံးက ခန့်မှန်းသုံးသပ်ထားကြပါတယ်။

နေမာ (၁၅)ဂိုး

ရော်နယ်ဒို နဲ့ မက်ဆီပြီးရင် ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ နေမာက ဘာပေထက် တစ်ဂိုးအသာစီးရရှိထားပါတယ်။ ပြင်သစ်လီဂူးလိဂ်က နေမာအတွက် ဂိုးသွင်းရတာ လွယ်ကူလွန်းနေပြီး ဘာအခက်အခဲမှ ရှိမနေပါဘူး။ ပြိုင်ပွဲစုံ (၁၈)ပွဲ ကစားထားပြီး (၁၅)ဂိုး သွင်းယူထားပြီးပါပြီ။ သူ့ရဲ့ သွင်းဂိုးက ဒီလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်သေးပါဘူး။ သူနဲ့ ဘာပေနှစ်ဦးပေါင်းသွင်းဂိုးက တစ်ရာသီမှာ ဂိုး(၈၀)လောက်အထိ ရှိနေခဲ့တာပါ။

မက်ဆီ (၁၇)ဂိုး

ဘလွန်းဒီအောဆု ရပ်တည်မှုမှာ အဆင့် (၅)နေရာသာ ရပ်တည်နေခဲ့ရတဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ အက်စ်ပန်ညိုအသင်းနဲ့ပွဲစဉ်မှာတော့ ဖရီးကစ်ကနေချည်းပဲ (၂)ဂိုးရရှိသွားခဲ့ပါတယ်။ ဒါဟာ အာဂျင်တီးနားတိုက်စစ်မှူးအတွက်တော့ ပြိုင်ပွဲစုံ (၁၇) ပွဲ ကစားထားပြီး (၁၇)ဂိုး သွင်းယူနိုင်မှု ဖြစ်လာခဲ့ပါတယ်။ ဒီခြေစွမ်းကိုသာ သူ ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင်တော့ မက်ဆီအတွက် နောက်နှစ်ဘလွန်းဒီအောဆုကို အကောင်းဆုံးမျှော်လင့်လို့လည်း ရမှာဖြစ်ပါတယ်။

ပီယာတက်ခ် (၁၇)ဂိုး

ဂျီနိုအာတိုက်စစ်မှူး ပီယာတက်ခ်ကို ဒီလောက်ထိ ဂိုးသွင်းနှုန်းမြင့်မားနေမယ်လို့ ဘယ်သူကမှ ထင်မိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ပိုလန်တိုက်စစ်မှူးဟာ စီးရီးအေကလပ်မှာ ခြေစွမ်းပြနေပြီးနောက် လီဝန်ဒေါစကီးအနားယူပြီးနောက်ပိုင်း ပိုလန်ရဲ့ အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာမယ်လို့ လက်ခံလာခဲ့ကြပါပြီ။ ဂျီနိုအာအတွက် (၁၈)ပွဲကစားပြီးချိန်မှာ သူက (၁၇)ဂိုးတောင် သွင်းထားခဲ့တာပါ။ ဒီအတွက် ဥရောပအသင်းကြီးတွေက ပီယာတက်ခ်နောက်ကို အရိပ်လို လိုက်ကြည့်နေခဲ့ကြပါပြီ။

လီဝန်ဒေါစကီး (၁၉)ဂိုး

ဒီရာသီမှာ ဘိုင်ယန်တိုက်စစ်မှူးဟာ ငုပ်ကောင်တိုက်စစ်မှူးသဖွယ် ဖြစ်နေခဲ့ပေမယ့် တကယ်တမ်းက သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က ကျဆင်းမသွားသေးဘူးဆိုတာကို မြင်တွေ့ရမှာပါ။ ဘိုင်ယန်အတွက် ပွဲပေါင်း (၂၀) ကစားပေးထားပြီး (၁၉)ဂိုး သွင်းယူပေးထားနိုင်ပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးက ဘိုင်ယန်ရလာဒ်မကောင်းတဲ့ သတင်းတွေအောက်မှာ ပျောက်ကွယ်နေခဲ့ပြီး အမှန်တကယ်မှာတော့ သူက ဥရောပရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်နေခဲ့တာကို သတိမမူမိခဲ့ကြပါဘူး။

Facebook Comments
1K Shares