မက္ဆီကို စိန္ေခၚလိုက္တာလား စီေရာ္နယ္ဒို

623
2K Shares

မက္ဆီကို စိန္ေခၚလိုက္တာလား စီေရာ္နယ္ဒို

ေပၚတူဂီနဲ႔ဂ်ဴဗင္တပ္စ္ရဲ႕ စူပါစတား ေရာ္နယ္ဒိုကေတာ့ သူ႔ရဲ႕ မဟာျပိဳင္ဘက္ၾကီး လီယြန္နယ္မက္ဆီကို စိန္ေခၚစကားဆိုလိုက္ပါျပီ။ (၁၀)ႏွစ္ေက်ာ္ၾကာ ေဘာလံုးေလာကအတြင္း ျပိဳင္ဆို္င္မႈၾကီးမားေနခဲ့တဲ့ ဒီကစားသမား (၂)ေယာက္ရဲ႕ ဇာတ္လမ္းဟာ အခုဆိုရင္ ေရာ္နယ္ဒိုရဲ႕ ေျပာစကားေၾကာင့္ ပိုျပီးေတာ့ သက္၀င္လႈပ္ရွားလာခဲ့ပါျပီ။

မက္ဆီကေတာ့ ကစားသမားဘ၀မွာ စပိန္ကလပ္ ဘာစီလိုနာအသင္းမွာပဲ ကစားေနခဲ့ျပီး ေရာ္နယ္ဒိုကေတာ့ ေပၚတူဂီ၊ အဂၤလန္၊ စပိန္ နဲ႔ အခုဆိုရင္ အီတလီမွာ ကစားေနျပီလည္း ျဖစ္ပါတယ္။ Gazzetta သတင္းဌာနနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးအစီအစဥ္မွာ မက္ဆီကို သတိရေနမလားလို႔ ေမးျမန္းမႈကို ေရာ္နယ္ဒိုက အခုလိုေျဖသြားခဲ့ပါတယ္။

” မရပါဘူး၊ သူကေတာ့ သတိရရင္ ရေနႏိုင္ပါတယ္၊ ကၽြန္ေတာ္ အဂၤလန္၊ စပိန္၊ အီတလီ နဲ႔ ေပၚတူဂီအသင္းေတြမွာ ကစားခဲ့ျပီးပါျပီ၊ သူကေတာ့ စပိန္မွာ ကစားေနတုန္းပါပဲ၊ သူ႔အတြက္ ကၽြန္ေတာ့္ကို လိုအပ္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္၊ ကၽြန္ေတာ့္အတြက္ေတာ့ ဘ၀ဆိုတာ စိန္ေခၚမႈပါ၊ ဒီစိန္ေခၚမႈေတြကို ကၽြန္ေတာ္ ႏွစ္သက္ပါတယ္”

“ လူေတြကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးရတာကိုလည္း ကၽြန္ေတာ္ ႏွစ္ျခိဳက္ပါတယ္၊ သူ႔ကို တစ္ေန႔ေန႔ တခ်ိန္ခ်ိန္မွာ အီတလီကို လာေစခ်င္ပါတယ္၊ ကၽြန္ေတာ့္လိုမ်ိဳး စိန္ေခၚမႈေတြကို လက္ခံဖို႔ေပါ့၊ ဒါေပမယ့္ သူက စပိန္မွာပဲ ေပ်ာ္ရႊင္ေနပါတယ္၊ သူ႔အေပၚ ကၽြန္ေတာ္ ေလးစားမႈ ရွိပါတယ္၊ သူက အံ့အားသင့္စရာ ကစားသမားပါ၊ လူပုဂၢိဳလ္ေကာင္းတစ္ဦးျဖစ္ေပမယ့္ကို သူ႔ကို ကၽြန္ေတာ္ သတိရမေနပါဘူး၊ ဒါက ကၽြန္ေတာ့္ရဲ႕ ဘ၀အသစ္ပါ၊ ကၽြန္ေတ္ာ အရမ္းေပ်ာ္ရႊင္ပါတယ္” လို႔ ေရာ္နယ္ဒိုက ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ ေျပာစကားထဲမွာေတာ့ မက္ဆီကို အသင္းေျပာင္းကစားဖို႔အတြက္ တုိက္တြန္းမႈေတြ ရွိေနခဲ့ျပီး သူ႔လိုမ်ိဳး စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔အတြက္ ဖိတ္ေခၚစကားေတြ ပါ၀င္ေနတာကိုလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ မက္ဆီအေနနဲ႔ ဘာစီလိုနာတစ္သင္းတည္းမွာပဲ ကစားသမားဘ၀ကို ျဖတ္သန္းမလား၊ ေရာ္နယ္ဒိုရဲ႕ ေျပာစကားအတိုင္း အသင္းေျပာင္းမလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Unicode Font

မက်ဆီကို စိန်ခေါ်လိုက်တာလား စီရော်နယ်ဒို

ပေါ်တူဂီနဲ့ဂျူဗင်တပ်စ်ရဲ့ စူပါစတား ရော်နယ်ဒိုကတော့ သူ့ရဲ့ မဟာပြိုင်ဘက်ကြီး လီယွန်နယ်မက်ဆီကို စိန်ခေါ်စကားဆိုလိုက်ပါပြီ။ (၁၀)နှစ်ကျော်ကြာ ဘောလုံးလောကအတွင်း ပြိုင်ဆိုင်မှုကြီးမားနေခဲ့တဲ့ ဒီကစားသမား (၂)ယောက်ရဲ့ ဇာတ်လမ်းဟာ အခုဆိုရင် ရော်နယ်ဒိုရဲ့ ပြောစကားကြောင့် ပိုပြီးတော့ သက်ဝင်လှုပ်ရှားလာခဲ့ပါပြီ။

မက်ဆီကတော့ ကစားသမားဘဝမှာ စပိန်ကလပ် ဘာစီလိုနာအသင်းမှာပဲ ကစားနေခဲ့ပြီး ရော်နယ်ဒိုကတော့ ပေါ်တူဂီ၊ အင်္ဂလန်၊ စပိန် နဲ့ အခုဆိုရင် အီတလီမှာ ကစားနေပြီလည်း ဖြစ်ပါတယ်။ Gazzetta သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ မက်ဆီကို သတိရနေမလားလို့ မေးမြန်းမှုကို ရော်နယ်ဒိုက အခုလိုဖြေသွားခဲ့ပါတယ်။

” မရပါဘူး၊ သူကတော့ သတိရရင် ရနေနိုင်ပါတယ်၊ ကျွန်တော် အင်္ဂလန်၊ စပိန်၊ အီတလီ နဲ့ ပေါ်တူဂီအသင်းတွေမှာ ကစားခဲ့ပြီးပါပြီ၊ သူကတော့ စပိန်မှာ ကစားနေတုန်းပါပဲ၊ သူ့အတွက် ကျွန်တော့်ကို လိုအပ်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ကျွန်တော့်အတွက်တော့ ဘဝဆိုတာ စိန်ခေါ်မှုပါ၊ ဒီစိန်ခေါ်မှုတွေကို ကျွန်တော် နှစ်သက်ပါတယ်”

“ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးရတာကိုလည်း ကျွန်တော် နှစ်ခြိုက်ပါတယ်၊ သူ့ကို တစ်နေ့နေ့ တချိန်ချိန်မှာ အီတလီကို လာစေချင်ပါတယ်၊ ကျွန်တော့်လိုမျိုး စိန်ခေါ်မှုတွေကို လက်ခံဖို့ပေါ့၊ ဒါပေမယ့် သူက စပိန်မှာပဲ ပျော်ရွှင်နေပါတယ်၊ သူ့အပေါ် ကျွန်တော် လေးစားမှု ရှိပါတယ်၊ သူက အံ့အားသင့်စရာ ကစားသမားပါ၊ လူပုဂ္ဂိုလ်ကောင်းတစ်ဦးဖြစ်ပေမယ့်ကို သူ့ကို ကျွန်တော် သတိရမနေပါဘူး၊ ဒါက ကျွန်တော့်ရဲ့ ဘဝအသစ်ပါ၊ ကျွန်တေ်ာ အရမ်းပျော်ရွှင်ပါတယ်” လို့ ရော်နယ်ဒိုက ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ပြောစကားထဲမှာတော့ မက်ဆီကို အသင်းပြောင်းကစားဖို့အတွက် တိုက်တွန်းမှုတွေ ရှိနေခဲ့ပြီး သူ့လိုမျိုး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် ဖိတ်ခေါ်စကားတွေ ပါဝင်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီအနေနဲ့ ဘာစီလိုနာတစ်သင်းတည်းမှာပဲ ကစားသမားဘဝကို ဖြတ်သန်းမလား၊ ရော်နယ်ဒိုရဲ့ ပြောစကားအတိုင်း အသင်းပြောင်းမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Facebook Comments
2K Shares