သမုိင္းတေလွ်ာက္ အေကာင္းဆံုး ေဘာလုံးသမား ၁၀ ဦး

618
2K Shares

သမုိင္းတေလွ်ာက္ အေကာင္းဆံုး ေဘာလုံးသမား ၁၀ ဦး

မ်က္ေမွာက္ေခတ္မွာေတာ့ ေဘာလံုးအားကစားဟာ လူတိုင္းရဲ့သည္းေျခၾကိဳက္ အားကစားျဖစ္လာခဲ့ျပီး ေဘာလံုးဟာနိုင္ငံတိုင္းရဲ့ ပံုရိပ္လိုေတာင္ျဖစ္လာေနျပီ လည္းျဖစ္ပါတယ္။ ကမာၻေဘာလံုးပရိသတ္ဟာ အလြန္အမင္း တိုးပြားလာခဲ့ျပီး ေဘာလံုးအားကစားဟာ စီးပြားေရးေစ်းကြက္ဆန္ဆန္ ျဖစ္သြားခဲ့ရ တာကိုလည္း ျမင္ေတြ႔ေနရပါတယ္။

ေခတ္အသီးသီးမွာ ေဘာလံုးအေက်ာ္အေမာ္ေတြ မ်ားစြာေပၚေပါက္ခဲ့ျပီး သူတို႔ေတြဟာ ကမာၻၾကီးရဲ့အာရံုစိုက္မႈကိုေတာင္ ခံခဲ့ရသူေတြ ျဖစ္လာၾကပါတယ္။ ဒီေနရာမွာ မ်ွေဝေပးခ်င္တာကေတာ့ (၂၀၁၈) ကမာၻဖလားကေနစတင္ျပီး ပရိတ္သတ္ေတြေရြးခ်ယ္ေပးခဲ့တဲ့ အေကာင္းဆံုး ေဘာလံုးသမား(၁၀)ဦးရဲ့ အေၾကာင္းေတြပဲျဖစ္ပါတယ္။

(၁၀) ဂါရတ္ေဘး

ျဗိတိန္ကၽြန္းဆြယ္ထဲက ေဝလနိုင္ငံသား ဂါရတ္ေဘးဟာလည္း အေကာင္းဆံုး စာရင္းထဲပါဝင္လာေနျပန္ပါတယ္။ ေတာ့တင္ဟမ္စပါးကေန ရီးယဲလ္ကိုစံခ်ိန္တင္ ေျပာင္းေရြလာျပီးေနာက္မွာေတာ့ ဂါရတ္ေဘးရဲ့ေအာင္ျမင္မႈေတြဟာ ဆက္တိုက္ဆို သလိုရရွိလာခဲ့ပါတယ္။ ရီးယဲလ္အသင္းနဲ႔အတူ ရရွိနိုင္တဲ့ ဖလားအားလံုးကို ဆြတ္ခူးထား နိုင္ခဲ့သူျဖစ္ျပီး သူရဲ့ထူးျခားခ်က္ကေတာ့ ရီးယဲလ္အသင္းခ်န္ပီယံလိဂ္ ဖလားဆြတ္ခူး တဲ့ဗိုလ္လုပြဲ(၄)ၾကိမ္မွာ ပြဲခ်ိန္ျပီးပိုင္နယ္တီဂိုးအပါအဝင္ ဗိုလ္လုပြဲ(၃)ပြဲထိဂိုးသြင္းေလ့ ရွိတာပဲျဖစ္ပါတယ္။ ဒါအျပင္ အသင္းေဖာ္ ဘန္ဇီမား ၊ ရိုနယ္ဒို တို႔နဲ႔ေပါင္းျပီး BBC ဆိုတဲ့ နာမည္ေက်ာ္တိုက္စစ္တြဲကိုဖန္တီးနိုင္ခဲ့သူ ျဖစ္ျပီး နိုင္ငံလက္ေရြးစင္ ေဝလ အသင္းအတြက္လည္း မရွိမျဖစ္ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။

ေကာက္ခံရရွိတဲ့ စာရင္းေတြအရေတာ့ ေဘးဟာ အျမန္ဆံုးေဘာလံုးသမားစာရင္းမွာ ထိပ္ဆံုးကေန ပါဝင္ေနခဲ့ျပီး (၅)နွစ္အတြင္းမွာ ခ်န္ပီယံလိဂ္ဖလား (၄)လံုးရခဲ့ပါ တယ္။ ဒါေပမဲ့ ဒဏ္ရာအနာတရ အလြန္ရတတ္တဲ့သူ ျဖစ္တာေၾကာင့္ ပရိသတ္ေတြ ေမ်ွာ္လင့္ထားတဲ့ ကမာၻအေကာင္းဆံုးဆိုတဲ့ေနရာနဲ႔ ေဝးကြာေစပါတယ္။ လက္ရွိ ရီးယဲလ္ အသင္းမွာလည္း ရိုနယ္ဒိုထြက္သြားခ်ိန္မွာ အားလံုးကသူအေပၚေမ်ွာ္လင့္ထားၾက ေပမဲ့ ထင္သလို ျဖစ္မလာတဲ့အတြက္ မက္ဒရစ္ပရိတ္သက္ေတြရဲ့ ေလွာင္ေျပာင္မႈကို ေတာင္ခံခဲ့ရပါတယ္။ ေရာင္းခ်မယ္ဆိုတဲ့ သတင္းေတြေတာင္ ထြက္ေပၚေနခဲ့သူ ျဖစ္ေပမဲ့ ေဘာလံုးကၽြမ္းက်င္သူေတြကေတာ့ ေဘးဟာအေကာင္းဆံုးေတြထဲက တစ္ေယာက္ျဖစ္တာ ေၾကာင့္ လြယ္လြယ္နဲ႔ သူအေပၚ ေကာက္ခ်က္ခ် မေစာဖို႔ ရီးယဲလ္အသင္းနဲ႔ပရိတ္သက္ေတြကို သတိေပးထားပါတယ္။

(၉) လီယြန္နယ္ မက္ဆီ

အားလံုးသိျပီးတဲ့အတိုင္း အာဂ်င္တိုင္းသား လီယြန္နယ္မက္ဆီဟာ စံခ်ိန္မွတ္တိုင္ မ်ားစြာနဲ႔ ဆုတံဆိပ္မ်ားစြာကိုရယူနုိင္သူျဖစ္ျပီး ေနာက္နွစ္မ်ားစြာမွာ တစ္ေယာက္ ေပၚထြန္းဖို႔ခက္တဲ့ ေျခစြမ္းကိုျပသထားခဲ့ျပီးလည္းျဖစ္တယ္။ ကမာၻအေကာင္းဆံုးဆု ကိုရိုနယ္ဒိုနဲ႔အျပိဳင္ ဆယ္စုနွစ္တစ္ခုေလာက္လႊမ္းမိုးနိုင္ခဲ့တဲ့ ဘာစီတိုက္စစ္မွဴးၾကီးရဲ့ ကြင္းတြင္း၊ကြင္းျပင္အျပဳအမႈေတြဟာ မ်က္ေမွာက္ေခတ္အားကစားေလာကသား အားလံုးရဲ့ စံျပလည္းျဖစ္ခဲ့ပါတယ္။ ဘာစီလိုနာတစ္သင္းအတြက္ပဲ ကစားေပးခဲ့သူျဖစ္ ျပီးလက္ရွိအခ်ိန္ထိအဓိကဖလားျဖစ္တဲ့အမွတ္ေပးဖလား(၉)ၾကိမ္၊ ခ်န္ပီယံလိဂ္ဖလား(၄)ၾကိမ္အထိ ရယူပိုင္ဆိုင္ထားခဲ့ျပီလည္း ျဖစ္ပါတယ္။ ဒါအျပင္အာဂ်င္တီးနားအသင္းနဲ႔ သက္တမ္း အလိုက္ျပိဳင္ပြဲေတြမွာေအာင္ျမင္မႈ မ်ားစြာရယူနိုင္ခဲ့သူ ျဖစ္ျပီး လက္ေရြးစင္ အသင္းနဲ႔ေတာ့ ယေန႔ခ်ိန္ထိေအာင္ျမင္မႈ မရွိေသးတာကိုေတြ႔ရပါတယ္။

ထူးဆန္းတာက မက္ဆီလ်ွမ္းလ်ွမ္းေတာက္ေအာင္ျမင္ခဲ့ခ်ိန္နဲ႔အျပိဳင္ အာဂ်င္တီးနား အသင္းရဲ့ က်ဆံုးမႈေတြေတာက္ေလ်ွာက္ ျဖစ္ေနခဲ့တာပဲျဖစ္ပါတယ္။ အနီးစပ္ဆံုးအေန နဲ႔(၂၀၁၄) ဘရာဇီးကမာၻဖလားမွာ ဗိုလ္လုပြဲအထိ တက္ေရာက္နုိင္ခဲ့ေပမဲ့ ဂ်ာမနီကို အခ်ိန္ပိုမွာ တစ္ဂိုးတည္းနဲ႔ကပ္ျပီး အရံႈးေပးခဲ့ရပါတယ္။ လက္ေရြးစင္အသင္းရဲ့ က်ဆံုးမႈဖိအားေတြေၾကာင့္ လက္ေရြးစင္ကစားသမားဘဝကေန အနားယူဖို႔ဆံုးျဖတ္ ခဲ့သူျဖစ္ျပီး အာဂ်င္တီးနားထိပ္တန္းေခါင္းေဆာင္ေတြကိုယ္တိုင္ ေမတၱာရပ္ခံ ခ်က္ေၾကာင့္ ျပန္လည္ကစားေပးခဲ့ပါတယ္။ ဒါေပမဲ့ ဘယ္လိုေဝဖန္မႈေတြရွိေနပါေစ မက္ဆီဟာ အေကာင္းဆံုး ကစားသမားတစ္ေယာက္ျဖစ္တယ္ဆိုတာကေတာ့ ဘယ္သူမွ ျငင္းနိုင္မွာ မဟုတ္ပါဘူး။

(၈) ခရစ္စတီယာနိုု ရိုနယ္ဒိုလ္

ယေန႔မ်က္ေမွာက္ေခတ္ေဘာလံုးသမားအျဖစ္ ရွိေနဆဲျဖစ္တဲ့ စီရိုနယ္ဒိုဟာ ေအာင္ျမင္မႈေတြအတြက္ ေမြးဖြားလာတဲ့သူလို႔ဆိုရေလာက္ေအာင္ စံခ်ိန္တင္ေအာင္ ျမင္မႈေတြကို ရယူထားသူျဖစ္ပါတယ္။ ယခုလက္ရွိအေျခအေနမွာလည္း ဂ်ဴဗင္တပ္နဲ႔ အတူစံခ်ိန္သစ္ေတြကို တင္ေနဆဲျဖစ္ျပီး အဂၤလန္၊စပိန္၊အီတလီ စတဲ့မတူညီတဲ့ အသင္း(၃)သင္းနဲ႔ အမွတ္ေပးဖလား၊ခ်န္ပီယံလိဂ္ဖလားေတြကို ရယူနိုင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္းတင္နိုင္ဖို႔ ၾကိဳးစားလ်က္ရွိေနပါတယ္။ ကမာၻ အေကာင္းဆံုးကစားသမားဆုကို မက္ဆီနဲ႔(၅)ၾကိမ္အထိ ဆြတ္ခူးထားနိုင္သူျဖစ္ျပီး စပိန္လာလီဂါရဲ့(၆)ရာသီဆက္ ဂိုး(၃၀)အနည္းဆံုးသြင္းထားနိုင္တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ သူရဲ႕စံခ်ိန္နဲ႔ဆုေတြကိုခ်ေရးမယ္ဆိုရင္ေတာ့ အလြန္ရွည္လ်ားေနမွာျဖစ္ ျပီးကိုယ္ပိုင္ ျပတိုက္ဖြင္ေ့လာက္တဲ့အထိ တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ဆုတံဆိပ္ေတြ ကိုပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

ယခင္ကနိုင္ငံအဆင့္ေအာင္ျမင္မႈမရွိလို႔ ေဝဖန္သံ ေတြကိုလည္း ေပၚတူဂီအသင္းနဲ႔အတူ ယူရို(၂၀၁၆)ဖလားကို ရယူျပီး ေခ်ဖ်က္နိုင္ခဲ့ ျပီလည္းျဖစ္ပါတယ္။ ေဘာလံုးေဝဖန္သူေတြကေတာ့ ပီလီ၊မာရာဒိုနာလက္ထက္တုန္း ကခံစစ္နည္းဗ်ဴဟာေတြဟာ ယေန႔ထက္ပိုမိုေကာင္းမြန္ျခင္းမရွိတာေၾကာင့္ အေကာင္းဆံုးဆုေရြးမယ္ဆိုရင္ ပီလီနဲ႔ မာရာဒိုနာတို႔ထက္ ရိုနယ္ဒိုနဲ႔မက္ဆီက ပိုမို သင့္ေလ်ာ္မႈရွိတယ္လို႔ ေထာက္ျပမႈေတြရွိေနေပမဲ့ ရိုနယ္ဒိုဟာ ကမာၻဖလားကို တစ္ၾကိမ္မွရယူဖူးေသးျခင္းေတာ့မရွိပါဘူး။ အသက္အနည္းငယ္ ရလာၿပီျဖစ္ေပမယ့္ သူ႔ရဲ့မွတ္တိုင္ေတြဟာ ယခုခ်ိန္ထိရပ္နားသြားျပီလို႔ မဆိုနိုင္တာေၾကာင့္ ဆက္လက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

(၇)ေဒးဗစ္ဘက္ခမ္း

အဂၤလန္ရဲ႕အေကာင္းဆုံး ကြင္းလယ္စတား ေဒးဗစ္ဘတ္ခမ္းဟာ သူရဲ့ေျခစြမ္းနဲ႔ စာရင္ စတုိင္ပံုရိပ္ေၾကာင့္ပိုမိုေက်ာ္ၾကားသူျဖစ္ပါတယ္။ နာမည္ေက်ာ္ေဟာလီးဝုဒ္ မင္းသားတစ္ေယာက္လို ေက်ာ္ၾကားမႈရွိျပီး ရိုးရွင္းတဲ့ကြင္းျပင္ပေနထိုင္မႈေတြ ေၾကာင့္ေဒးဗစ္ဘက္ခမ္းဟာ ယေန႔လူငယ္ကစားသမားေတြရဲ့ စံျပအျဖစ္ရွိေနသူ ျဖစ္ပါတယ္။ သူေဘာလံုးကစားသမားဘဝမွာတင္ သူရဲ့ကြင္းျပင္ပကရတဲ့ ဝင္ေငြေတြ ဟာသူကို သန္းၾကြယ္သူေဌးတစ္ေယာက္ျဖစ္ေစခဲ့ျပီး အဂၤလန္ဘုရင္မၾကီးကေတာင္ ဘာကင္ဟမ္နန္းေတာ္ထဲ ဖိတ္ေခၚေတြ႔ဆံုရေလာက္တဲ့အထိ ၾသဇာအာဏာ ျပည့္ဝ လြန္းခဲ့သူ ျဖစ္ပါတယ္။ (၁၉၉၉)ခုနွစ္ဖလား(၃)လံုးဆြတ္ခူးခဲ့တဲ့ မန္ယူအသင္းရဲ့ ၾကယ္ပြင့္တစ္ဦးျဖစ္ခဲ့တဲ့ ဘက္ခမ္းဟာ အဂၤလန္အသင္းရဲ့အဆံုးအျဖတ္သြင္းဂိုးမ်ား စြာကို သြင္းယူေပးခဲ့သူလည္း ျဖစ္ပါတယ္။

ေဘာလံုးသမားတစ္ဦးထက္ပိုတဲ့ ေက်ာ္ၾကားးသူျဖစ္တာေၾကာင့္ ပါပါရာဇီေတြရဲ့ အဓိကပစ္မွတ္ျဖစ္ခဲ့သူျဖစ္ျပီး ကဲ့ရဲ့ရႈံခ် ျခင္း၊ေအာင္ျမင္မႈေတြအၾကား လြန္ဆြဲခဲ့ရတဲ့ ဂႏ ၱဝင္ကစားသမားေကာင္း တစ္ဦးလည္း ျဖစ္ပါတယ္။ အဂၤလန္အသင္းရဲ့ အသင္းေခါင္းေဆာင္အျဖစ္ေရြးခ်ယ္ျခင္းခံခဲ့ရတဲ့ သူဟာ တည္ကန္ေဘာေတြကန္ရာမွာ အလြန္ထူးခၽြန္ျဖစ္ျပီး ဖရီးကစ္ မာစတာတစ္ဦးလည္း ျဖစ္ပါတယ္။ မွတ္တမ္းေတြအရ သူရဲ့ေပးပို႔မႈေတြဟာ (၉၆) ရာခိုင္ႏႈန္းအထိ တိက်မႈရွိခဲ့ျပီး ဒီမွတ္တမ္းဟာ မ်က္ေမွာက္ေခတ္အထိ အေကာင္းဆံုး ေသာမွတ္တမ္းတစ္ခုျဖစ္ေနဆဲပါ။ နိုင္ငံအသင္းမွာေတာ့ ၾကီးၾကီးမားမား ေအာင္ျမင္ မႈမရရွိခဲ့ေပမဲ့ မန္ခ်က္စတာ၊ ရီးယဲလ္မက္ဒရစ္၊ပီအက္ဂ်ီ အသင္းတို႕နဲ့ ဆုဖလားမ်ားစြာ ကိုဆြတ္ခူးေပးနိုင္ခဲ့ပါတယ္။ ဒါအျပင္ ေမဂ်ာလိဂ္ကလပ္ LA Galaxy အသင္းကို ေျပာင္းေရြ႕ကစားျပီး အေမရိကန္ေဘာလံုးေလာကကို ကမာၻကအာရံုစိုက္နုိင္ ေအာင္ကူညီေပးခဲ့ပါတယ္။ ဒါအျပင္သူရဲ့ ေက်ာ္ၾကားမႈကို အသံုးျပဳျပီး ကုလသမဂၢရဲ့ လူသားခ်င္းဆိုင္ရာ ကူညီေရးအစီစဥ္ေတြမွာ အကူအညီေပးေလ့ရွိသူ ျဖစ္ပါတယ္။

(၆) ဇီဒန္း

ပလာတီနီျပီးတဲ့ေနာက္ ဒီစာရင္းမွာပါဝင္လာခဲ့တဲ့ ျပင္သစ္နိုင္ငံသား ဇီဒန္းဟာလည္း ကြင္းလယ္အားသန္ တိုက္စစ္ကစားသမားျဖစ္ပါတယ္။ ဥေရာပ အေကာင္းဆံုး ကြင္းလယ္တိုက္စစ္သမားတစ္ေယာက္ျဖစ္ခဲ့ၿပီး ယခုမ်က္ေမွာက္ကာလအခ်ိန္ထိ သူရဲ့နည္းျပအျဖစ္စြမ္းေဆာင္ရည္ေတြဟာ အျခားေသာသူေတြ အမီလိုက္နိုင္ဖို႔ေတာ့ အေတာ္ေလးခဲယဥ္းေနဆဲျဖစ္ပါတယ္။ Zizou လို႔ခ်စ္စနိုးေခၚေလ့ရွိတဲ့ ကြင္းလယ္တိုက္စစ္ကစားသမားဟာ အီတလီကလပ္ ဂ်ဴဗင္တပ္နဲ႔ စပိန္ကလပ္ရီးယဲလ္မက္ဒရစ္တို႔နဲ႔ ကစားသမား ဘဝကတင္ မ်ားစြာေသာမွတ္တိုင္ေတြ စိုက္ထူထားနိုင္ခဲ့သူလည္းျဖစ္ပါတယ္။ ဒါအျပင္(၁၉၉၈) ခုနွစ္ ကမာၻဖလားခ်န္ပီယံဆုရ ျပင္သစ္အသင္းအတြက္ ဘရာဇီးအသင္းနဲ႔ ယွဥ္ျပိဳင္ ကစားတဲ့ဗိုလ္လုပြဲစဥ္မွာ အနိုင္ဂိုးနွစ္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့ပါတယ္။ ေနာက္(၂)နွစ္အၾကာမွာက်င္းပတဲ့ ဥေရာပဖလားျပိဳင္ပြဲမွာလည္း ျပင္သစ္အသင္းကို ထပ္မံဗိုလ္စြဲေအာင္ ကူညီေပးနိုင္ခဲ့ပါတယ္။

ရီးယဲလ္မက္ဒရစ္အသင္းဗိုလ္စြဲခဲ့တဲ့ (၂၀၀၂)ခုနွစ္ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာလည္း သူသြင္းယူေပးခဲ့တဲ့ ေျမမက်ကန္ခ်က္ ဟာ ယေန႔တိုင္ ခ်န္ပီယံလိဂ္ရဲ့အေကာင္းဆံုးသြင္းဂိုးေတြထဲက တစ္ခုျဖစ္ေနဆဲပါ။ ဒါေပမဲ့ (၂၀၀၆)ခုနွစ္ ကမာၻဖလားဖိုင္နယ္မွာေတာ့ သူရဲ့ လက္တေလာထိန္းခ်ဳပ္မႈမဲ့တဲ့ ေဒါသေၾကာင့္ ျပင္သစ္အသင္းရဲ့ဟီးရိုးကေန ဇီးရိုးအေနအထားျဖစ္ခဲ့ျပီး ေဝဖန္မႈေတြ နဲ႔ၾကံဳေတြ႔ခဲ့ရပါေသးတယ္။ အီတလီေနာက္ခံလူ မာတာရာဇီရဲ့ရင္ဘတ္ကို ေခါင္းနဲ႔ ေဆာင့္ခဲ့တာျဖစ္ျပီး တိုက္ရိုက္အနီကဒ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတဲ့အျပင္ ျပင္သစ္အသင္း လည္း အီတလီကို ပိုင္နယ္တီမွာအရံႈးေပးခဲ့ရပါတယ္။ ယင္းေနာက္ ရီးယဲလ္မက္ဒရစ္ အသင္းရဲ႔နည္းျပျဖစ္လာခဲ့ျပီး ခ်န္ပီယံလိဂ္ဖလားကို(၃)ၾကိမ္တိုင္ ဆက္တိုက္ဆြတ္ခူး ေပးနိုင္တဲ့ အေကာင္းဆုံးနည္းျပအျဖစ္ မွတ္တမ္းတင္ျခင္းကို ခံခဲ့ရပါတယ္။ အသင္းကို ဆုဖလားေတြယူေပးခဲ့ၿပီးတဲ့ေနာက္ ထြက္ခြာကာ အနားယူေနခဲ့ပါတယ္။ ေဘာလံုးေလာကကို မၾကာခင္ျပန္လည္ဝင္ေရာက္ ဖို႔ေတာ့ ခန္႔မွန္းထားၾကပါတယ္။

(၅) ကလင္းစမန္း

(၁၉၉၀)ခုနွစ္ ကမာၻခ်န္ပီယံ အေရွဂ်ာမနီအသင္းရဲ့ အသင္းေခါင္းေဆာင္ျဖစ္တဲ့ ကလင္းစမန္းရဲ့ေျခစြမ္းဟာလည္း မွတ္တမ္း၊ မွတ္ရာေတြတင္ျပီး စံထားေလာက္တဲ့ ပံုစံေကာင္းေတြ ရွိခဲ့ပါတယ္။ ဂ်ာမနီရဲ့အျခားနာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဂက္မူလာ၊ ဖရန္႔ဘတ္ကင္ေဖာင္ဝါတို႔ေတာင္ ဒီစာရင္းမွာပါဝင္နိုင္ျခင္းမရွိေပမဲ့ (၁၉၉၆) ခုနွစ္မွာ ဂ်ာမနီအသင္းကို ဥေရာပဖလားထပ္မံရယူေပးနိုင္ခဲ့တဲ့ ကလင္းစမန္းကေတာ့ ထိုက္ထိုက္တန္တန္ပဲ ပါဝင္လာခဲ့ပါတယ္။

ကလင္းစမန္းဟာ ဂ်ာမန္ကလပ္ဘိုင္ယန္ ျမဴးနစ္နဲ႔ အီတလီကလပ္ အင္တာမီလန္တို႔မွာလည္းကစားခဲ့ျပီး UEFA Cup ေတြနဲ႔ လိဂ္ခ်န္ပီယံဖလားေတြကို မတူညီတဲ့အသင္းေတြနဲ႔ ရယူပိုင္ဆိုင္ခဲ့သူလည္း ျဖစ္ပါတယ္။ ကလင္းစမန္းဟာ ကစားသမားဘဝကေန ေအာင္ျမင္တဲ့နည္းျပဘဝကိုလည္း ကူးေျပာင္း ခဲ့ျပီး ဂ်ာမနီကအိမ္ရွင္အျဖစ္က်င္းပတဲ့ ဂ်ာမနီအသင္းကို လူငယ္ေတြနဲ႔ ရဲရဲဝ့ံဝ့ံပြဲထုတ္ကာ တတိယေနရာကိုရယူေပးနိုင္ခဲ့ပါတယ္။(ဆီမီးဖိုင္နယ္အဆင့္မွာ ေတာ့ ခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအသင္းကိုအရံႈးေပးခဲ့ရတာပါ။) ဒါအျပင္အေမရိကန္ အသင္းရဲ့နည္းျပအျဖစ္တာဝန္ယူေဆာင္ရြက္ခဲ့ျပီး ေဒသတြင္းေအာင္ျမင္မႈေတြကို ရယူနိုင္ခဲ့ပါတယ္။

(၄) မားကိုစ္ဗန္ဘာစတန္

ေဟာ္လန္တိုက္စစ္ကစားသမား မားကိုစ္ဗန္ဘာစတန္ရဲ့အရည္အေသြးကလည္း အေကာင္းဆံုးဆိုတဲ့ မွတ္တိုင္တစ္ခုကို စိုက္ထူနိုင္ခဲ့ပါတယ္။ သူဟာ ေအဂ်က္စ္အသင္းနဲ႔ တူ လိဂ္ဖလား(၃)ၾကိမ္၊ အဓိကေနရာကေန သြင္းဂိုးေတြနဲ႔ ကူညီခဲ့သူပါ။ ဒါအျပင္ ေအစီမီလန္နဲ႔အတ European Cup (၂)ၾကိမ္ရယူနိုင္ရာမွာ အေကာင္းဆံုးေျခစြမ္းေတြ ဆက္လက္ျပသျပီး Ballon d” Ors ဆု(၃)ၾကိမ္အထိ ရယူနိုင္ခဲ့သူလည္း ျဖစ္ပါတယ္ ယင္းေခတ္အခါက ဂိုးဧရိယာအျပင္ဘက္ကေန ေဝ့ဝိုက္ကန္သြင္းခ်ဂိုးေတြဟာ သူရဲ့ အမွတ္အသား အျဖစ္နဲ႔ေတာင္ သတ္မွက္ျခင္းခံခဲ့ရျပီး နယ္သလန္အသင္းေရွ႕တန္း မွာမရွိမျဖစ္ကစားသမား အျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ဒါအျပင္ (၁၉၈၈) ခုနွစ္ ဥေရာပဖလားျပိဳင္ပြဲမွာလည္းေဟာ္လန္အသင္းကို ဦးေဆာင္ျပီးအနိုင္ရ ဗိုလ္စြဲ ေအာင္ကူညီနိုင္ခဲ့တဲ့အျပင္ ေနာက္ဆံုးဗိုလ္လုပြဲမွာ ဆိုဗီယက္ယူေရနီယံ အသင္းကို သူသြင္းယူခဲ့တဲ့ ေခါင္းတိုက္ဂိုးဟာ ထာဝရအေကာင္းဆံုးသြင္းဂိုးေတြထဲမွာ တစ္ဂိုးအပါ အဝင္အျဖစ္ မွတ္တမ္းတင္ျခင္းကိုခံခဲ့ရပါတယ္။ အေကာင္းဆံုးေျခစြမ္းေတြပိုင္ဆိုင္တဲ့ ဒီေဟာ္လန္ေရွတန္းတိုက္စစ္မွဴးဟာ ဒဏ္ရာေတြေၾကာင့္ အားကစားသမားဘဝ အေကာင္းဆံုးအခ်ိန္ျဖစ္တဲ့ အသက္(၂၈)နွစ္အရြယ္မွာတင္ အားကစားသမားဘဝ ကေနအနားယူခဲ့ရရွာပါတယ္။ မားကိုစ္ဗန္ဘာစတန္ဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ သြင္းဂိုး(၃၀၀)ေလာက္ကိုသြင္းယူနိုင္ခဲ့ျပီး ဖီဖာကေရြးခ်ယ္တဲ့ (၂၀)ရာစု ရဲ့အေကာင္းဆံုးေဘာလံုးသမားစာရင္းမွာေတာ့ နံပါတ္(၆)ေနရာကေန ပါဝင္လာခဲ့ပါတယ္။ ေဟာ္လန္လက္ေရြးစင္အသင္းနဲ႔ ေအဂ်က္ေဘာလံုးအသင္းတို႔ ရဲ့လက္ေရြးစင္နည္းျပ အျဖစ္လုပ္ကိုင္ခဲ့ဖူးသူလည္း ျဖစ္ပါတယ္။

(၃) မီခ်ယ္ပလာတီနီ

အျပည့္စံုဆံုးေသာ ကြင္းလယ္တိုင္စစ္ကစားသမားတစ္ဦး အျဖစ္ဒီစာရင္းမွာ ပါဝင္လာခဲ့ သူကေတာ့ လက္ရွိ UEFAရဲ့ဥကၠဌေဟာင္း ပလာတီနီျဖစ္ျပီး မာရာဒိုနာနဲ႔အျပိဳင္ထင္ေပၚတဲ့ ကစားသမားတစ္ေယာက္လည္းျဖစ္ပါတယ္။ ေဘာလံုးဆိုတာ ဦးေနွာက္သံုးကစားရ တာျဖစ္ေၾကာင္းကို ပရိသတ္နဲ႔ မိတ္ဆက္ေပးခဲ့တဲ့ ပလာတီနာ ဟာ သူပါဝင္ကစားခဲ့တဲ့ ျပင္သစ္ကလပ္ စိန္႔အက္တီနမ္နဲ႔ အီတလီကလပ္ ဂ်ဴဗင္တပ္တို႔နဲ႔ မ်ားစြာေသာ ဆုဖလားေတြကို ကိုင္ေျမွာက္နိုင္သူျဖစ္ပါတယ္။ ယင္းကာလက ခ်ီးျမွင္တဲ့ Ballon D Or ဆုကို(၃)ၾကိမ္ဆက္ရယူနိုင္ခဲ့သူျဖစ္ျပီး (၁၉၈၄)ခုနွစ္က ဥေရာပဖလားရယူနိုင္ခဲ့ တဲ့ျပင္သစ္အသင္းအတြက္လည္း ျပိဳင္ပြဲတစ္ေလ်ွာက္ Hattrick (၂)ၾကိမ္နဲ႔ ဂိုးသြင္းအ မ်ားဆံုး ကစားသမားဆုကိုပါရယူနုိင္ခဲ့သူ ျဖစ္ပါတယ္။

ပလာတီနီဟာ ကမာၻဖလား ရရွိ နိုင္ျခင္းေတာ့ မရွိခဲ့ေပမဲ့ အေကာင္းဆံုးဆိုေတာ့ ကြင္းလယ္တိုက္စစ္သမားတစ္ဦး ရဲ့ပံုရိပ္ေကာင္းေတြကုိ သမုိုင္းမွာခ်န္ထားခဲ့တာေၾကာင့္ အခုစာရင္းထဲ ပါဝင္လာတာျဖစ္ပါတယ္။ ပလာတီနီအတြက္ စိတ္ပ်က္စရာ ေကာင္းတာကေတာ့ သူဟာယခင္ဖီဖာ ဥကၠဌေဟာင္းဘတၱလာရဲ့ လာဘ္စားမႈအရႈပ္ ေတာ္ပံုမွာပါဝင္ခဲ့တာကို စံုစမ္းေတြ႔ရွိခဲ့တာျဖစ္ျပီး (၂၀၁၅)ခုနွစ္မွာေတာ့ ေဘာလံုးေလာ က ကေန(၆)နွစ္တာ ကင္းကင္းရွင္းရွင္းေနဖို႔ အမိန္႔ခ်မွတ္ျခင္းခံခဲ့ရပါတယ္။ ပလာတီနာ ကဒါဟာသူ႔အတြက္ အၾကံေပးအက်ိဳးေဆာင္ခအျဖစ္ေခ်ပခဲ့ျပီး အယူခံဝင္ခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာ(၄)နွစ္ကို ျပန္လည္ေလ်ာ့ခ်ေပးခဲ့ပါတယ္။ သူဟာ ယူအီးအက္ေအ ဥကၠဌ သက္တမ္းတစ္ေလ်ွာက္မွာလည္း ေဘာလံုးေလာကအတြက္ ျပဳျပင္ေျပာင္းလဲေရးေတြ ကိုေဝဖန္မႈေတြၾကားက ေအာင္ျမင္ေအာင္ျပဳလုပ္နိုင္ခဲ့သူ ျဖစ္ပါတယ္။

(၂) ဒီေရဂိုမာရာဒိုနာ

ပီလီကိုကမာၻအေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္မယ္ဆိုရင္ မာရာဒိုနာကို စၾကာဝဠာအေကာင္းဆံုးကစားသမား အျဖစ္သတ္မွတ္ရလိမ့္မယ္လို႔ အာဂ်င္တီးနား မီဒီယာေတြက စကားနာထိုးေလ့ရွိပါတယ္။ သူတို႔ဆိုရေလာက္ေအာင္လည္း မာရာဒိုနာ ရဲ့ေဘာလံုးကစားဟန္ဟာ ထူးခြ်န္ေျပာင္ေျမာက္လြန္းခဲ့ ပါတယ္။ မာရာဒိုနာဟာ ျပည္ပကိုထြက္ေရာက္ျပီးကစားခဲ့ျပီး အီတလီကလပ္ နာပိုလီနဲ႔အတူ (၁၉၉၀)ခုနွစ္မွာ UEFA Cup ကိုဆြတ္ခူးခဲ့ပါတယ္။ နိုင္ငံအသင္းနဲ႔ ေတာ့ ကမာၻဖလားကို (၁၉၈၂)ခုနွစ္ကေနစတင္ျပီး ၁၉၉၄ ခုနွစ္အထိ ေလးၾကိမ္တိုင္ပါဝင္ ကစားခဲ့ေပမဲ့ (၁၉၈၆)ခုနွစ္မွာတစ္ၾကိမ္သာရရွိခဲ့ပါတယ္။

ယင္းနွစ္မွာပဲ အဂၤလန္အသင္းဘက္ကို ကြာတားဖိုင္နယ္အဆင့္မွာ သူသြင္းယူခဲ့တဲ့ (Hand of God) ဟာအလြန္ေက်ာ္ၾကားခဲ့ျပီး ယင္းကာလမတိုင္ခင္ကတည္းက အဂၤလန္နိုင္ငံနဲ႔ ျဖစ္ပြားခဲ့တဲ့ ေဖာက္ကလန္ကၽြန္းတိုက္ပြဲမွာ ရႈံးနိမ့္ခဲ့ရတဲ့ အာဂ်င္တီးနားတို႔အတြက္ အခ်ိဳျမိန္ဆံုးေသာ ဂလဲ့စားေခ်မႈျဖစ္ခဲ့ပါတယ္။ ဒါအျပင္ အရပ္(၅ေပ၅လက္မ) သာရွိတဲ့ မာရာဒိုနာရဲ့ အဲဒီသြင္းဂိုးဟာ (၂၀)ရာစုရဲ့အေကာင္းဆံုးေသာ ဂိုးအျဖစ္သက္မွတ္ ျခင္းကိုခံခဲ့ရပါတယ္။ မာရာဒိုနာဟာ အာဂ်င္တီးနားအသင္းကို နည္းျပအျဖစ္ပါ တာဝန္ယူခဲ့ျပီး ဖီဖာကေရြးခ်ယ္တဲ့ (၂၀)ရာစု ရဲ့အေကာင္းဆံုးေဘာလံုးသမား အျဖစ္ပီလီနဲ႔အတူပူးတြဲသက္မွတ္ခံခဲ့ရသူ ျဖစ္ပါတယ္။ မူးယစ္ေဆးနဲ႔ အျခားအက်င့္ဆိုးေတြေၾကာင့္ ကစားသမားအဆံုးသတ္ပိုင္းမွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့ေပမဲ့ သူဟာ အာဂ်င္တီးနားအတြက္ေတာ့ ေဘာလံုးသမား တစ္ေယာက္ထက္ပိုတဲ့ အမ်ိဳးသားသူရဲေကာင္းအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူ ျဖစ္ပါတယ္။

(၁) ပီလီ

ဘရာဇီးမွာေတာ့ ကမာၻအေကာင္းဆံုးေဘာလံုးသမားဆိုတဲ့ ဂုဏ္ပုဒ္ဟာ ပီလီကေနစ တင္ျပီး ေနာက္တစ္ဆင့္ သမုိင္းတေလွ်ာက္ အေကာင္းဆံုးကစားသမားဆိုတာလည္း ပီလီပဲျဖစ္တာ မို႔ သူကေနပဲ အဆံုးသက္ရေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။ လက္ေတြ႔မွာလည္း ပီလီဟာ ျပိဳင္ဘက္ကင္းတဲ့ ဂိုးသြင္းစြမ္းရည္ေတြနဲ႔အတူ အသက္(၁၇)နွစ္တည္းနဲ႔ နိုင္ငံအသင္းကို ဦးေဆာင္ျပီး (၁၉၅၈)ခုနွစ္၊ဆြိဒင္နိုင္ငံက က်င္းပခဲ့တဲ့ ကမာၻဖလားျပိဳင္ပြဲမ်ာ ေအာင္ျမင္မႈ ေတြကို ရယူေပးခဲ့သူလည္းျဖစ္ပါတယ္။ ဒါအျပင္ေနာက္နွစ္ျဖစ္တဲ့ (၁၉၅၉)ခုနွစ္မွာ အာဂ်င္တီးနားနိုင္ငံမွာ က်င္းပတဲ့ ကိုပါအေမရိကျပိဳင္ပြဲမွာလည္း ဘရာဇီးအသင္းဗိုလ္စြဲေအာင္ သူရဲ့သြင္းဂိုးေတြက အလြန္အေရးပါခဲ့ပါတယ္။ ဒါေတာင္ပီလီဟာ ဒဏ္ရာေၾကာင့္ မ်ားစြာေသာ တစ္ဦးခ်င္းနဲ႔ အသင္းလိုက္ဆုတံဆိပ္ေတြနဲ႔လြဲေခ်ာ္ခဲ့ရပါေသးတယ္။ သူျပန္လည္ ကစားနိုင္ခ်ိန္မွာလည္း ဘရာဇီးအသင္းနဲ႔အတူ ေနာက္ထပ္ကမာၻဖလား(၂)ခု ထပ္မံ ရယူေပးနိုင္ခဲ့တာေၾကာင့္ ေဘာလံုးေလာကရဲ့ နတ္ဘုရားလို႔ေတာင္တင္စားေခၚဆိုခဲ့ရပါ တယ္။

ပီလီဟာ သူေခတ္ကာလက ရယူနိုင္ေလာက္တဲ့ ဆုဖလားေတြကို ရယူေပးနိုင္ခဲ့ ျပီး ပေရာ္ဖက္ရွင္နယ္သြင္းဂိုးေပါင္း (၁၂၈၃)ဂိုးအထိသြင္းယူနိုင္ခဲ့တာေၾကာင့္ သူစံခ်ိန္ ကိုလိုက္မီဖို႔ဆိုတာကေတာ့ လက္ရွိမွာအေတာ္ေလးခက္ခဲေနပါတယ္။ ဒါအျပင္ သူရဲ့ မူလကလပ္ျဖစ္တဲ့ ဆန္းတို႔စ္အသင္းနဲ႔လည္း ေအာင္ျမင္မႈမ်ားစြာကိုရယူနိုင္ပါေသးတယ္။ ယင္းကာလက ကစားသမားေတြရဲ့ကလပ္အသင္းေျခစြမ္းဟာ နိုင္ငံအသင္းမွာပါဖို႔ ေလာက္ပဲ အေရးပါခဲ့တာေၾကာင့္ ယခုခ်န္ပီယံလိဂ္ျပိဳင္ပြဲလို အားလံုးကအာရံုစိုက္ရ ေလာက္ေအာင္ေတာ့ မျဖစ္ခဲ့ပါဘူး။ ဆန္းတိုစ့္အသင္းနဲ႔လည္း ဆုတံဆိပ္မ်ားစြာရရွိခဲ့သူ ျဖစ္ျပီး O Rei (ေဘာလံုးဘုရင္)ဆိုတဲ့ အမည္ကိုလည္း ထပ္မံရရွိခဲ့သူ ျဖစ္ပါတယ္။ ယခု လက္ရွိမွာလည္း ကမာၻလံုးဆိုင္ရာလူသားအက်ိဳးျပဳလုပ္ငန္းေတြမွာလည္း သူရဲ့ေက်ာ္ ၾကားမႈကို အသံုးခ်ျပီး ျပန္လည္တည္ေဆာက္ေရးလုပ္ငန္းေတြမွာ တစ္တပ္တစ္အား ပါဝင္ေနဆဲ ျဖစ္ပါတယ္။

Unicode Font

သမိုင်းတလျှောက် အကောင်းဆုံး ဘောလုံးသမား ၁၀ ဦး

မျက်မှောက်ခေတ်မှာတော့ ဘောလုံးအားကစားဟာ လူတိုင်းရဲ့သည်းခြေကြိုက် အားကစားဖြစ်လာခဲ့ပြီး ဘောလုံးဟာနိုင်ငံတိုင်းရဲ့ ပုံရိပ်လိုတောင်ဖြစ်လာနေပြီ လည်းဖြစ်ပါတယ်။ ကမ္ဘာဘောလုံးပရိသတ်ဟာ အလွန်အမင်း တိုးပွားလာခဲ့ပြီး ဘောလုံးအားကစားဟာ စီးပွားရေးဈေးကွက်ဆန်ဆန် ဖြစ်သွားခဲ့ရ တာကိုလည်း မြင်တွေ့နေရပါတယ်။

ခေတ်အသီးသီးမှာ ဘောလုံးအကျော်အမော်တွေ များစွာပေါ်ပေါက်ခဲ့ပြီး သူတို့တွေဟာ ကမ္ဘာကြီးရဲ့အာရုံစိုက်မှုကိုတောင် ခံခဲ့ရသူတွေ ဖြစ်လာကြပါတယ်။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ (၂၀၁၈) ကမ္ဘာဖလားကနေစတင်ပြီး ပရိတ်သတ်တွေရွေးချယ်ပေးခဲ့တဲ့ အကောင်းဆုံး ဘောလုံးသမား(၁၀)ဦးရဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။

(၁၀) ဂါရတ်ဘေး

ဗြိတိန်ကျွန်းဆွယ်ထဲက ဝေလနိုင်ငံသား ဂါရတ်ဘေးဟာလည်း အကောင်းဆုံး စာရင်းထဲပါဝင်လာနေပြန်ပါတယ်။ တော့တင်ဟမ်စပါးကနေ ရီးယဲလ်ကိုစံချိန်တင် ပြောင်းရွေလာပြီးနောက်မှာတော့ ဂါရတ်ဘေးရဲ့အောင်မြင်မှုတွေဟာ ဆက်တိုက်ဆို သလိုရရှိလာခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့အတူ ရရှိနိုင်တဲ့ ဖလားအားလုံးကို ဆွတ်ခူးထား နိုင်ခဲ့သူဖြစ်ပြီး သူရဲ့ထူးခြားချက်ကတော့ ရီးယဲလ်အသင်းချန်ပီယံလိဂ် ဖလားဆွတ်ခူး တဲ့ဗိုလ်လုပွဲ(၄)ကြိမ်မှာ ပွဲချိန်ပြီးပိုင်နယ်တီဂိုးအပါအဝင် ဗိုလ်လုပွဲ(၃)ပွဲထိဂိုးသွင်းလေ့ ရှိတာပဲဖြစ်ပါတယ်။ ဒါအပြင် အသင်းဖော် ဘန်ဇီမား ၊ ရိုနယ်ဒို တို့နဲ့ပေါင်းပြီး BBC ဆိုတဲ့ နာမည်ကျော်တိုက်စစ်တွဲကိုဖန်တီးနိုင်ခဲ့သူ ဖြစ်ပြီး နိုင်ငံလက်ရွေးစင် ဝေလ အသင်းအတွက်လည်း မရှိမဖြစ် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ကောက်ခံရရှိတဲ့ စာရင်းတွေအရတော့ ဘေးဟာ အမြန်ဆုံးဘောလုံးသမားစာရင်းမှာ ထိပ်ဆုံးကနေ ပါဝင်နေခဲ့ပြီး (၅)နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလား (၄)လုံးရခဲ့ပါ တယ်။ ဒါပေမဲ့ ဒဏ်ရာအနာတရ အလွန်ရတတ်တဲ့သူ ဖြစ်တာကြောင့် ပရိသတ်တွေ မျှော်လင့်ထားတဲ့ ကမ္ဘာအကောင်းဆုံးဆိုတဲ့နေရာနဲ့ ဝေးကွာစေပါတယ်။ လက်ရှိ ရီးယဲလ် အသင်းမှာလည်း ရိုနယ်ဒိုထွက်သွားချိန်မှာ အားလုံးကသူအပေါ်မျှော်လင့်ထားကြ ပေမဲ့ ထင်သလို ဖြစ်မလာတဲ့အတွက် မက်ဒရစ်ပရိတ်သက်တွေရဲ့ လှောင်ပြောင်မှုကို တောင်ခံခဲ့ရပါတယ်။ ရောင်းချမယ်ဆိုတဲ့ သတင်းတွေတောင် ထွက်ပေါ်နေခဲ့သူ ဖြစ်ပေမဲ့ ဘောလုံးကျွမ်းကျင်သူတွေကတော့ ဘေးဟာအကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်တာ ကြောင့် လွယ်လွယ်နဲ့ သူအပေါ် ကောက်ချက်ချ မစောဖို့ ရီးယဲလ်အသင်းနဲ့ပရိတ်သက်တွေကို သတိပေးထားပါတယ်။

(၉) လီယွန်နယ် မက်ဆီ

အားလုံးသိပြီးတဲ့အတိုင်း အာဂျင်တိုင်းသား လီယွန်နယ်မက်ဆီဟာ စံချိန်မှတ်တိုင် များစွာနဲ့ ဆုတံဆိပ်များစွာကိုရယူနိုင်သူဖြစ်ပြီး နောက်နှစ်များစွာမှာ တစ်ယောက် ပေါ်ထွန်းဖို့ခက်တဲ့ ခြေစွမ်းကိုပြသထားခဲ့ပြီးလည်းဖြစ်တယ်။ ကမ္ဘာအကောင်းဆုံးဆု ကိုရိုနယ်ဒိုနဲ့အပြိုင် ဆယ်စုနှစ်တစ်ခုလောက်လွှမ်းမိုးနိုင်ခဲ့တဲ့ ဘာစီတိုက်စစ်မှူးကြီးရဲ့ ကွင်းတွင်း၊ကွင်းပြင်အပြုအမှုတွေဟာ မျက်မှောက်ခေတ်အားကစားလောကသား အားလုံးရဲ့ စံပြလည်းဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာတစ်သင်းအတွက်ပဲ ကစားပေးခဲ့သူဖြစ် ပြီးလက်ရှိအချိန်ထိအဓိကဖလားဖြစ်တဲ့အမှတ်ပေးဖလား(၉)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်အထိ ရယူပိုင်ဆိုင်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါအပြင်အာဂျင်တီးနားအသင်းနဲ့ သက်တမ်း အလိုက်ပြိုင်ပွဲတွေမှာအောင်မြင်မှု များစွာရယူနိုင်ခဲ့သူ ဖြစ်ပြီး လက်ရွေးစင် အသင်းနဲ့တော့ ယနေ့ချိန်ထိအောင်မြင်မှု မရှိသေးတာကိုတွေ့ရပါတယ်။

ထူးဆန်းတာက မက်ဆီလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ချိန်နဲ့အပြိုင် အာဂျင်တီးနား အသင်းရဲ့ ကျဆုံးမှုတွေတောက်လျှောက် ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။ အနီးစပ်ဆုံးအနေ နဲ့(၂၀၁၄) ဘရာဇီးကမ္ဘာဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမဲ့ ဂျာမနီကို အချိန်ပိုမှာ တစ်ဂိုးတည်းနဲ့ကပ်ပြီး အရှုံးပေးခဲ့ရပါတယ်။ လက်ရွေးစင်အသင်းရဲ့ ကျဆုံးမှုဖိအားတွေကြောင့် လက်ရွေးစင်ကစားသမားဘဝကနေ အနားယူဖို့ဆုံးဖြတ် ခဲ့သူဖြစ်ပြီး အာဂျင်တီးနားထိပ်တန်းခေါင်းဆောင်တွေကိုယ်တိုင် မေတ္တာရပ်ခံ ချက်ကြောင့် ပြန်လည်ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုဝေဖန်မှုတွေရှိနေပါစေ မက်ဆီဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကတော့ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

(၈) ခရစ်စတီယာနို ရိုနယ်ဒိုလ်

ယနေ့မျက်မှောက်ခေတ်ဘောလုံးသမားအဖြစ် ရှိနေဆဲဖြစ်တဲ့ စီရိုနယ်ဒိုဟာ အောင်မြင်မှုတွေအတွက် မွေးဖွားလာတဲ့သူလို့ဆိုရလောက်အောင် စံချိန်တင်အောင် မြင်မှုတွေကို ရယူထားသူဖြစ်ပါတယ်။ ယခုလက်ရှိအခြေအနေမှာလည်း ဂျူဗင်တပ်နဲ့ အတူစံချိန်သစ်တွေကို တင်နေဆဲဖြစ်ပြီး အင်္ဂလန်၊စပိန်၊အီတလီ စတဲ့မတူညီတဲ့ အသင်း(၃)သင်းနဲ့ အမှတ်ပေးဖလား၊ချန်ပီယံလိဂ်ဖလားတွေကို ရယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ဖို့ ကြိုးစားလျက်ရှိနေပါတယ်။ ကမ္ဘာ အကောင်းဆုံးကစားသမားဆုကို မက်ဆီနဲ့(၅)ကြိမ်အထိ ဆွတ်ခူးထားနိုင်သူဖြစ်ပြီး စပိန်လာလီဂါရဲ့(၆)ရာသီဆက် ဂိုး(၃၀)အနည်းဆုံးသွင်းထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ သူရဲ့စံချိန်နဲ့ဆုတွေကိုချရေးမယ်ဆိုရင်တော့ အလွန်ရှည်လျားနေမှာဖြစ် ပြီးကိုယ်ပိုင် ပြတိုက်ဖွင်ေ့လာက်တဲ့အထိ တစ်ဦးချင်းနဲ့ အသင်းလိုက်ဆုတံဆိပ်တွေ ကိုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ယခင်ကနိုင်ငံအဆင့်အောင်မြင်မှုမရှိလို့ ဝေဖန်သံ တွေကိုလည်း ပေါ်တူဂီအသင်းနဲ့အတူ ယူရို(၂၀၁၆)ဖလားကို ရယူပြီး ချေဖျက်နိုင်ခဲ့ ပြီလည်းဖြစ်ပါတယ်။ ဘောလုံးဝေဖန်သူတွေကတော့ ပီလီ၊မာရာဒိုနာလက်ထက်တုန်း ကခံစစ်နည်းဗျူဟာတွေဟာ ယနေ့ထက်ပိုမိုကောင်းမွန်ခြင်းမရှိတာကြောင့် အကောင်းဆုံးဆုရွေးမယ်ဆိုရင် ပီလီနဲ့ မာရာဒိုနာတို့ထက် ရိုနယ်ဒိုနဲ့မက်ဆီက ပိုမို သင့်လျော်မှုရှိတယ်လို့ ထောက်ပြမှုတွေရှိနေပေမဲ့ ရိုနယ်ဒိုဟာ ကမ္ဘာဖလားကို တစ်ကြိမ်မှရယူဖူးသေးခြင်းတော့မရှိပါဘူး။ အသက်အနည်းငယ် ရလာပြီဖြစ်ပေမယ့် သူ့ရဲ့မှတ်တိုင်တွေဟာ ယခုချိန်ထိရပ်နားသွားပြီလို့ မဆိုနိုင်တာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

(၇)ဒေးဗစ်ဘက်ခမ်း

အင်္ဂလန်ရဲ့အကောင်းဆုံး ကွင်းလယ်စတား ဒေးဗစ်ဘတ်ခမ်းဟာ သူရဲ့ခြေစွမ်းနဲ့ စာရင် စတိုင်ပုံရိပ်ကြောင့်ပိုမိုကျော်ကြားသူဖြစ်ပါတယ်။ နာမည်ကျော်ဟောလီးဝုဒ် မင်းသားတစ်ယောက်လို ကျော်ကြားမှုရှိပြီး ရိုးရှင်းတဲ့ကွင်းပြင်ပနေထိုင်မှုတွေ ကြောင့်ဒေးဗစ်ဘက်ခမ်းဟာ ယနေ့လူငယ်ကစားသမားတွေရဲ့ စံပြအဖြစ်ရှိနေသူ ဖြစ်ပါတယ်။ သူဘောလုံးကစားသမားဘဝမှာတင် သူရဲ့ကွင်းပြင်ပကရတဲ့ ဝင်ငွေတွေ ဟာသူကို သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်စေခဲ့ပြီး အင်္ဂလန်ဘုရင်မကြီးကတောင် ဘာကင်ဟမ်နန်းတော်ထဲ ဖိတ်ခေါ်တွေ့ဆုံရလောက်တဲ့အထိ သြဇာအာဏာ ပြည့်ဝ လွန်းခဲ့သူ ဖြစ်ပါတယ်။ (၁၉၉၉)ခုနှစ်ဖလား(၃)လုံးဆွတ်ခူးခဲ့တဲ့ မန်ယူအသင်းရဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့တဲ့ ဘက်ခမ်းဟာ အင်္ဂလန်အသင်းရဲ့အဆုံးအဖြတ်သွင်းဂိုးများ စွာကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဘောလုံးသမားတစ်ဦးထက်ပိုတဲ့ ကျော်ကြားးသူဖြစ်တာကြောင့် ပါပါရာဇီတွေရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့သူဖြစ်ပြီး ကဲ့ရဲ့ရှုံချ ခြင်း၊အောင်မြင်မှုတွေအကြား လွန်ဆွဲခဲ့ရတဲ့ ဂန ္တဝင်ကစားသမားကောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတဲ့ သူဟာ တည်ကန်ဘောတွေကန်ရာမှာ အလွန်ထူးချွန်ဖြစ်ပြီး ဖရီးကစ် မာစတာတစ်ဦးလည်း ဖြစ်ပါတယ်။ မှတ်တမ်းတွေအရ သူရဲ့ပေးပို့မှုတွေဟာ (၉၆) ရာခိုင်နှုန်းအထိ တိကျမှုရှိခဲ့ပြီး ဒီမှတ်တမ်းဟာ မျက်မှောက်ခေတ်အထိ အကောင်းဆုံး သောမှတ်တမ်းတစ်ခုဖြစ်နေဆဲပါ။ နိုင်ငံအသင်းမှာတော့ ကြီးကြီးမားမား အောင်မြင် မှုမရရှိခဲ့ပေမဲ့ မန်ချက်စတာ၊ ရီးယဲလ်မက်ဒရစ်၊ပီအက်ဂျီ အသင်းတို့နဲ့ ဆုဖလားများစွာ ကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ဒါအပြင် မေဂျာလိဂ်ကလပ် LA Galaxy အသင်းကို ပြောင်းရွေ့ကစားပြီး အမေရိကန်ဘောလုံးလောကကို ကမ္ဘာကအာရုံစိုက်နိုင် အောင်ကူညီပေးခဲ့ပါတယ်။ ဒါအပြင်သူရဲ့ ကျော်ကြားမှုကို အသုံးပြုပြီး ကုလသမဂ္ဂရဲ့ လူသားချင်းဆိုင်ရာ ကူညီရေးအစီစဉ်တွေမှာ အကူအညီပေးလေ့ရှိသူ ဖြစ်ပါတယ်။

(၆) ဇီဒန်း

ပလာတီနီပြီးတဲ့နောက် ဒီစာရင်းမှာပါဝင်လာခဲ့တဲ့ ပြင်သစ်နိုင်ငံသား ဇီဒန်းဟာလည်း ကွင်းလယ်အားသန် တိုက်စစ်ကစားသမားဖြစ်ပါတယ်။ ဥရောပ အကောင်းဆုံး ကွင်းလယ်တိုက်စစ်သမားတစ်ယောက်ဖြစ်ခဲ့ပြီး ယခုမျက်မှောက်ကာလအချိန်ထိ သူရဲ့နည်းပြအဖြစ်စွမ်းဆောင်ရည်တွေဟာ အခြားသောသူတွေ အမီလိုက်နိုင်ဖို့တော့ အတော်လေးခဲယဉ်းနေဆဲဖြစ်ပါတယ်။ Zizou လို့ချစ်စနိုးခေါ်လေ့ရှိတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟာ အီတလီကလပ် ဂျူဗင်တပ်နဲ့ စပိန်ကလပ်ရီးယဲလ်မက်ဒရစ်တို့နဲ့ ကစားသမား ဘဝကတင် များစွာသောမှတ်တိုင်တွေ စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင်(၁၉၉၈) ခုနှစ် ကမ္ဘာဖလားချန်ပီယံဆုရ ပြင်သစ်အသင်းအတွက် ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင် ကစားတဲ့ဗိုလ်လုပွဲစဉ်မှာ အနိုင်ဂိုးနှစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။ နောက်(၂)နှစ်အကြာမှာကျင်းပတဲ့ ဥရောပဖလားပြိုင်ပွဲမှာလည်း ပြင်သစ်အသင်းကို ထပ်မံဗိုလ်စွဲအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဗိုလ်စွဲခဲ့တဲ့ (၂၀၀၂)ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်မှာလည်း သူသွင်းယူပေးခဲ့တဲ့ မြေမကျကန်ချက် ဟာ ယနေ့တိုင် ချန်ပီယံလိဂ်ရဲ့အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ခုဖြစ်နေဆဲပါ။ ဒါပေမဲ့ (၂၀၀၆)ခုနှစ် ကမ္ဘာဖလားဖိုင်နယ်မှာတော့ သူရဲ့ လက်တလောထိန်းချုပ်မှုမဲ့တဲ့ ဒေါသကြောင့် ပြင်သစ်အသင်းရဲ့ဟီးရိုးကနေ ဇီးရိုးအနေအထားဖြစ်ခဲ့ပြီး ဝေဖန်မှုတွေ နဲ့ကြုံတွေ့ခဲ့ရပါသေးတယ်။ အီတလီနောက်ခံလူ မာတာရာဇီရဲ့ရင်ဘတ်ကို ခေါင်းနဲ့ ဆောင့်ခဲ့တာဖြစ်ပြီး တိုက်ရိုက်အနီကဒ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတဲ့အပြင် ပြင်သစ်အသင်း လည်း အီတလီကို ပိုင်နယ်တီမှာအရှုံးပေးခဲ့ရပါတယ်။ ယင်းနောက် ရီးယဲလ်မက်ဒရစ် အသင်းရဲ့နည်းပြဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို(၃)ကြိမ်တိုင် ဆက်တိုက်ဆွတ်ခူး ပေးနိုင်တဲ့ အကောင်းဆုံးနည်းပြအဖြစ် မှတ်တမ်းတင်ခြင်းကို ခံခဲ့ရပါတယ်။ အသင်းကို ဆုဖလားတွေယူပေးခဲ့ပြီးတဲ့နောက် ထွက်ခွာကာ အနားယူနေခဲ့ပါတယ်။ ဘောလုံးလောကကို မကြာခင်ပြန်လည်ဝင်ရောက် ဖို့တော့ ခန့်မှန်းထားကြပါတယ်။

(၅) ကလင်းစမန်း

(၁၉၉၀)ခုနှစ် ကမ္ဘာချန်ပီယံ အရှေဂျာမနီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ ကလင်းစမန်းရဲ့ခြေစွမ်းဟာလည်း မှတ်တမ်း၊ မှတ်ရာတွေတင်ပြီး စံထားလောက်တဲ့ ပုံစံကောင်းတွေ ရှိခဲ့ပါတယ်။ ဂျာမနီရဲ့အခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဂက်မူလာ၊ ဖရန့်ဘတ်ကင်ဖောင်ဝါတို့တောင် ဒီစာရင်းမှာပါဝင်နိုင်ခြင်းမရှိပေမဲ့ (၁၉၉၆) ခုနှစ်မှာ ဂျာမနီအသင်းကို ဥရောပဖလားထပ်မံရယူပေးနိုင်ခဲ့တဲ့ ကလင်းစမန်းကတော့ ထိုက်ထိုက်တန်တန်ပဲ ပါဝင်လာခဲ့ပါတယ်။

ကလင်းစမန်းဟာ ဂျာမန်ကလပ်ဘိုင်ယန် မြူးနစ်နဲ့ အီတလီကလပ် အင်တာမီလန်တို့မှာလည်းကစားခဲ့ပြီး UEFA Cup တွေနဲ့ လိဂ်ချန်ပီယံဖလားတွေကို မတူညီတဲ့အသင်းတွေနဲ့ ရယူပိုင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကလင်းစမန်းဟာ ကစားသမားဘဝကနေ အောင်မြင်တဲ့နည်းပြဘဝကိုလည်း ကူးပြောင်း ခဲ့ပြီး ဂျာမနီကအိမ်ရှင်အဖြစ်ကျင်းပတဲ့ ဂျာမနီအသင်းကို လူငယ်တွေနဲ့ ရဲရဲဝံ့ဝံ့ပွဲထုတ်ကာ တတိယနေရာကိုရယူပေးနိုင်ခဲ့ပါတယ်။(ဆီမီးဖိုင်နယ်အဆင့်မှာ တော့ ချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအသင်းကိုအရှုံးပေးခဲ့ရတာပါ။) ဒါအပြင်အမေရိကန် အသင်းရဲ့နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဒေသတွင်းအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပါတယ်။

(၄) မားကိုစ်ဗန်ဘာစတန်

ဟော်လန်တိုက်စစ်ကစားသမား မားကိုစ်ဗန်ဘာစတန်ရဲ့အရည်အသွေးကလည်း အကောင်းဆုံးဆိုတဲ့ မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူဟာ အေဂျက်စ်အသင်းနဲ့ တူ လိဂ်ဖလား(၃)ကြိမ်၊ အဓိကနေရာကနေ သွင်းဂိုးတွေနဲ့ ကူညီခဲ့သူပါ။ ဒါအပြင် အေစီမီလန်နဲ့အတ European Cup (၂)ကြိမ်ရယူနိုင်ရာမှာ အကောင်းဆုံးခြေစွမ်းတွေ ဆက်လက်ပြသပြီး Ballon d” Ors ဆု(၃)ကြိမ်အထိ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ် ယင်းခေတ်အခါက ဂိုးဧရိယာအပြင်ဘက်ကနေ ဝေ့ဝိုက်ကန်သွင်းချဂိုးတွေဟာ သူရဲ့ အမှတ်အသား အဖြစ်နဲ့တောင် သတ်မှက်ခြင်းခံခဲ့ရပြီး နယ်သလန်အသင်းရှေ့တန်း မှာမရှိမဖြစ်ကစားသမား အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဒါအပြင် (၁၉၈၈) ခုနှစ် ဥရောပဖလားပြိုင်ပွဲမှာလည်းဟော်လန်အသင်းကို ဦးဆောင်ပြီးအနိုင်ရ ဗိုလ်စွဲ အောင်ကူညီနိုင်ခဲ့တဲ့အပြင် နောက်ဆုံးဗိုလ်လုပွဲမှာ ဆိုဗီယက်ယူရေနီယံ အသင်းကို သူသွင်းယူခဲ့တဲ့ ခေါင်းတိုက်ဂိုးဟာ ထာဝရအကောင်းဆုံးသွင်းဂိုးတွေထဲမှာ တစ်ဂိုးအပါ အဝင်အဖြစ် မှတ်တမ်းတင်ခြင်းကိုခံခဲ့ရပါတယ်။ အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်တဲ့ ဒီဟော်လန်ရှေတန်းတိုက်စစ်မှူးဟာ ဒဏ်ရာတွေကြောင့် အားကစားသမားဘဝ အကောင်းဆုံးအချိန်ဖြစ်တဲ့ အသက်(၂၈)နှစ်အရွယ်မှာတင် အားကစားသမားဘဝ ကနေအနားယူခဲ့ရရှာပါတယ်။ မားကိုစ်ဗန်ဘာစတန်ဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ သွင်းဂိုး(၃၀၀)လောက်ကိုသွင်းယူနိုင်ခဲ့ပြီး ဖီဖာကရွေးချယ်တဲ့ (၂၀)ရာစု ရဲ့အကောင်းဆုံးဘောလုံးသမားစာရင်းမှာတော့ နံပါတ်(၆)နေရာကနေ ပါဝင်လာခဲ့ပါတယ်။ ဟော်လန်လက်ရွေးစင်အသင်းနဲ့ အေဂျက်ဘောလုံးအသင်းတို့ ရဲ့လက်ရွေးစင်နည်းပြ အဖြစ်လုပ်ကိုင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

(၃) မီချယ်ပလာတီနီ

အပြည့်စုံဆုံးသော ကွင်းလယ်တိုင်စစ်ကစားသမားတစ်ဦး အဖြစ်ဒီစာရင်းမှာ ပါဝင်လာခဲ့ သူကတော့ လက်ရှိ UEFAရဲ့ဥက္ကဌဟောင်း ပလာတီနီဖြစ်ပြီး မာရာဒိုနာနဲ့အပြိုင်ထင်ပေါ်တဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ ဘောလုံးဆိုတာ ဦးနှောက်သုံးကစားရ တာဖြစ်ကြောင်းကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ပလာတီနာ ဟာ သူပါဝင်ကစားခဲ့တဲ့ ပြင်သစ်ကလပ် စိန့်အက်တီနမ်နဲ့ အီတလီကလပ် ဂျူဗင်တပ်တို့နဲ့ များစွာသော ဆုဖလားတွေကို ကိုင်မြှောက်နိုင်သူဖြစ်ပါတယ်။ ယင်းကာလက ချီးမြှင်တဲ့ Ballon D Or ဆုကို(၃)ကြိမ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး (၁၉၈၄)ခုနှစ်က ဥရောပဖလားရယူနိုင်ခဲ့ တဲ့ပြင်သစ်အသင်းအတွက်လည်း ပြိုင်ပွဲတစ်လျှောက် Hattrick (၂)ကြိမ်နဲ့ ဂိုးသွင်းအ များဆုံး ကစားသမားဆုကိုပါရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ပလာတီနီဟာ ကမ္ဘာဖလား ရရှိ နိုင်ခြင်းတော့ မရှိခဲ့ပေမဲ့ အကောင်းဆုံးဆိုတော့ ကွင်းလယ်တိုက်စစ်သမားတစ်ဦး ရဲ့ပုံရိပ်ကောင်းတွေကို သမိုင်းမှာချန်ထားခဲ့တာကြောင့် အခုစာရင်းထဲ ပါဝင်လာတာဖြစ်ပါတယ်။ ပလာတီနီအတွက် စိတ်ပျက်စရာ ကောင်းတာကတော့ သူဟာယခင်ဖီဖာ ဥက္ကဌဟောင်းဘတ္တလာရဲ့ လာဘ်စားမှုအရှုပ် တော်ပုံမှာပါဝင်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့တာဖြစ်ပြီး (၂၀၁၅)ခုနှစ်မှာတော့ ဘောလုံးလော က ကနေ(၆)နှစ်တာ ကင်းကင်းရှင်းရှင်းနေဖို့ အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ပလာတီနာ ကဒါဟာသူ့အတွက် အကြံပေးအကျိုးဆောင်ခအဖြစ်ချေပခဲ့ပြီး အယူခံဝင်ခဲ့တာကြောင့် နောက်ပိုင်းမှာ(၄)နှစ်ကို ပြန်လည်လျော့ချပေးခဲ့ပါတယ်။ သူဟာ ယူအီးအက်အေ ဥက္ကဌ သက်တမ်းတစ်လျှောက်မှာလည်း ဘောလုံးလောကအတွက် ပြုပြင်ပြောင်းလဲရေးတွေ ကိုဝေဖန်မှုတွေကြားက အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

(၂) ဒီရေဂိုမာရာဒိုနာ

ပီလီကိုကမ္ဘာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်မယ်ဆိုရင် မာရာဒိုနာကို စကြာဝဠာအကောင်းဆုံးကစားသမား အဖြစ်သတ်မှတ်ရလိမ့်မယ်လို့ အာဂျင်တီးနား မီဒီယာတွေက စကားနာထိုးလေ့ရှိပါတယ်။ သူတို့ဆိုရလောက်အောင်လည်း မာရာဒိုနာ ရဲ့ဘောလုံးကစားဟန်ဟာ ထူးချွန်ပြောင်မြောက်လွန်းခဲ့ ပါတယ်။ မာရာဒိုနာဟာ ပြည်ပကိုထွက်ရောက်ပြီးကစားခဲ့ပြီး အီတလီကလပ် နာပိုလီနဲ့အတူ (၁၉၉၀)ခုနှစ်မှာ UEFA Cup ကိုဆွတ်ခူးခဲ့ပါတယ်။ နိုင်ငံအသင်းနဲ့ တော့ ကမ္ဘာဖလားကို (၁၉၈၂)ခုနှစ်ကနေစတင်ပြီး ၁၉၉၄ ခုနှစ်အထိ လေးကြိမ်တိုင်ပါဝင် ကစားခဲ့ပေမဲ့ (၁၉၈၆)ခုနှစ်မှာတစ်ကြိမ်သာရရှိခဲ့ပါတယ်။

ယင်းနှစ်မှာပဲ အင်္ဂလန်အသင်းဘက်ကို ကွာတားဖိုင်နယ်အဆင့်မှာ သူသွင်းယူခဲ့တဲ့ (Hand of God) ဟာအလွန်ကျော်ကြားခဲ့ပြီး ယင်းကာလမတိုင်ခင်ကတည်းက အင်္ဂလန်နိုင်ငံနဲ့ ဖြစ်ပွားခဲ့တဲ့ ဖောက်ကလန်ကျွန်းတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ အာဂျင်တီးနားတို့အတွက် အချိုမြိန်ဆုံးသော ဂလဲ့စားချေမှုဖြစ်ခဲ့ပါတယ်။ ဒါအပြင် အရပ်(၅ပေ၅လက်မ) သာရှိတဲ့ မာရာဒိုနာရဲ့ အဲဒီသွင်းဂိုးဟာ (၂၀)ရာစုရဲ့အကောင်းဆုံးသော ဂိုးအဖြစ်သက်မှတ် ခြင်းကိုခံခဲ့ရပါတယ်။ မာရာဒိုနာဟာ အာဂျင်တီးနားအသင်းကို နည်းပြအဖြစ်ပါ တာဝန်ယူခဲ့ပြီး ဖီဖာကရွေးချယ်တဲ့ (၂၀)ရာစု ရဲ့အကောင်းဆုံးဘောလုံးသမား အဖြစ်ပီလီနဲ့အတူပူးတွဲသက်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ မူးယစ်ဆေးနဲ့ အခြားအကျင့်ဆိုးတွေကြောင့် ကစားသမားအဆုံးသတ်ပိုင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမဲ့ သူဟာ အာဂျင်တီးနားအတွက်တော့ ဘောလုံးသမား တစ်ယောက်ထက်ပိုတဲ့ အမျိုးသားသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

(၁) ပီလီ

ဘရာဇီးမှာတော့ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆိုတဲ့ ဂုဏ်ပုဒ်ဟာ ပီလီကနေစ တင်ပြီး နောက်တစ်ဆင့် သမိုင်းတလျှောက် အကောင်းဆုံးကစားသမားဆိုတာလည်း ပီလီပဲဖြစ်တာ မို့ သူကနေပဲ အဆုံးသက်ရလေ့ရှိတယ်လို့ ဆိုကြပါတယ်။ လက်တွေ့မှာလည်း ပီလီဟာ ပြိုင်ဘက်ကင်းတဲ့ ဂိုးသွင်းစွမ်းရည်တွေနဲ့အတူ အသက်(၁၇)နှစ်တည်းနဲ့ နိုင်ငံအသင်းကို ဦးဆောင်ပြီး (၁၉၅၈)ခုနှစ်၊ဆွိဒင်နိုင်ငံက ကျင်းပခဲ့တဲ့ ကမ္ဘာဖလားပြိုင်ပွဲမျာ အောင်မြင်မှု တွေကို ရယူပေးခဲ့သူလည်းဖြစ်ပါတယ်။ ဒါအပြင်နောက်နှစ်ဖြစ်တဲ့ (၁၉၅၉)ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ ကျင်းပတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းဗိုလ်စွဲအောင် သူရဲ့သွင်းဂိုးတွေက အလွန်အရေးပါခဲ့ပါတယ်။ ဒါတောင်ပီလီဟာ ဒဏ်ရာကြောင့် များစွာသော တစ်ဦးချင်းနဲ့ အသင်းလိုက်ဆုတံဆိပ်တွေနဲ့လွဲချော်ခဲ့ရပါသေးတယ်။ သူပြန်လည် ကစားနိုင်ချိန်မှာလည်း ဘရာဇီးအသင်းနဲ့အတူ နောက်ထပ်ကမ္ဘာဖလား(၂)ခု ထပ်မံ ရယူပေးနိုင်ခဲ့တာကြောင့် ဘောလုံးလောကရဲ့ နတ်ဘုရားလို့တောင်တင်စားခေါ်ဆိုခဲ့ရပါ တယ်။

ပီလီဟာ သူခေတ်ကာလက ရယူနိုင်လောက်တဲ့ ဆုဖလားတွေကို ရယူပေးနိုင်ခဲ့ ပြီး ပရော်ဖက်ရှင်နယ်သွင်းဂိုးပေါင်း (၁၂၈၃)ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် သူစံချိန် ကိုလိုက်မီဖို့ဆိုတာကတော့ လက်ရှိမှာအတော်လေးခက်ခဲနေပါတယ်။ ဒါအပြင် သူရဲ့ မူလကလပ်ဖြစ်တဲ့ ဆန်းတို့စ်အသင်းနဲ့လည်း အောင်မြင်မှုများစွာကိုရယူနိုင်ပါသေးတယ်။ ယင်းကာလက ကစားသမားတွေရဲ့ကလပ်အသင်းခြေစွမ်းဟာ နိုင်ငံအသင်းမှာပါဖို့ လောက်ပဲ အရေးပါခဲ့တာကြောင့် ယခုချန်ပီယံလိဂ်ပြိုင်ပွဲလို အားလုံးကအာရုံစိုက်ရ လောက်အောင်တော့ မဖြစ်ခဲ့ပါဘူး။ ဆန်းတိုစ့်အသင်းနဲ့လည်း ဆုတံဆိပ်များစွာရရှိခဲ့သူ ဖြစ်ပြီး O Rei (ဘောလုံးဘုရင်)ဆိုတဲ့ အမည်ကိုလည်း ထပ်မံရရှိခဲ့သူ ဖြစ်ပါတယ်။ ယခု လက်ရှိမှာလည်း ကမ္ဘာလုံးဆိုင်ရာလူသားအကျိုးပြုလုပ်ငန်းတွေမှာလည်း သူရဲ့ကျော် ကြားမှုကို အသုံးချပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အား ပါဝင်နေဆဲ ဖြစ်ပါတယ်။

Facebook Comments
2K Shares