ခွဲစိတ်ကုသမှု ခံယူနေသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား ဦးဇော်ဇော် သွားရောက်ကြည့်ရှု

28
308 Shares

ခွဲစိတ်ကုသမှု ခံယူနေသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား ဦးဇော်ဇော် သွားရောက်ကြည့်ရှု

football 1

ဧရာဝတီဖောင်ဒေးရှင်း၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ခွဲစိတ်ကုသမှု ခံယူလျှက်ရှိသည့် ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ယနေ့ မေ ၂၀ ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှု၍ အားပေးခဲ့ကြောင်း သိရသည်။

football 2

ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ခွဲစိတ်မှုကုသမှု အခြေအနေမှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီ ဖြစ်သော်လည်း ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန်နှင့် ကြံ့ခိုင်မှု ကောင်းမွန်လာစေရန် အပေါ့စားကုသ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျစရိတ်များကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းမှပင် ဆက်လက်အကုန်ကျခံသွားမည် ဖြစ်သည်။

football 1

ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့အား MFF ဥက္ကဋ္ဌဦးဇော်ဇော်မှ သွားရောက်တွေ့ဆုံ အားပေးရာတွင် ထိုင်းလိဂ်၌ ကစားနေသည့် ကျော်ကိုကိုလည်း ပါဝင်လာခဲ့ပြီး လူငယ်ကစားသမားများကို အားပေးနှုတ်ဆက်ခဲ့သည်။

ကျော်ကိုကိုအနေဖြင့်လည်း ပြီးခဲ့သည့်နှစ်က ထိုင်းလိဂ်တွင် ဒူးဒဏ်ရာရခဲ့ပြီး တစ်ရာသီလုံးနီးပါး အနားယူခဲ့ရသော်လည်း ယခုနှစ်တွင် ဘောလုံးပြန်လည်ကစားနေပြီ ဖြစ်သည်။

Facebook Comments
308 Shares