ပဲခူးတိုင်း ပိန်းဇလုပ်မြို့တွင်လမ်းကြိတ်စက် မောင်းနှင်သူ လမ်းကြိတ်စက်ပိ၍သေဆုံး

531
2K Shares

ပဲခူးတိုင်း ပိန်းဇလုပ်မြို့တွင်လမ်းကြိတ်စက် မောင်းနှင်သူ လမ်းကြိတ်စက်ပိ၍သေဆုံး

rtgyhujikol 2

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက် ပိန်းဇလုပ်တိုက်နယ်ဆေးရုံရှေ့တွင် မေလ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်က လမ်းကြိတ်စက် လမ်းဘေးထိုးကျကာ မောင်းနှင်သူ ပိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

rtgyhujikol 1

ဖြစ်စဉ်မှာ ပိန်းဇလုပ်မြို့အဝင်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဦးကြည်လွင် (၅၈) နှစ်၊ (ဘ)ဦးသိန်းအောင် မြို့မ(၁) ပိတောက်ရွှေဝါရပ်ကွက်၊ ပိန်းဇလုပ်မြို့နေသူမောင်နှင်သော ညောင်လေးပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ချန်ဟိုင်းအမျိုးအစား အစိမ်းရောင် သုံးဘီးလမ်းကြိတ်စက်ယာဉ်သည်

rtgyhujikol 2

လုပ်ငန်းခွင်ရပ်နားရန် မြောက်ဘက်မှ တောင်ဘက်သို့ ခေါင်းပြန်လှည့်စဉ် လွန်းထိုးနောက်ဆုတ်ရာမှ လမ်း၏ ယာဘက်ခြမ်းသို့ ထိုးကျသွားရာမှ ယာဉ်မောင်း ဦးကြည်လွင်မှာ လမ်းကြိတ်စက်နောက်သံဘီးယာဘက်ခြမ်းအောက်တွင်ပိသွားခဲ့သဖြင့် ဝဲမေးရိုးပေါက်ပြဲ၊ ဝဲတင်ပါပွန်းပဲ့၊ ဝဲပါးပေါက်ပြဲ၊ ယာနားထင်ဖူးရောင်၊ ယာပေါင်ပွန်းပဲ့၊ ဝမ်းဗိုက်ယာဘက်ပွန်းပဲ့ဒဏ်ရာများရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

rtgyhujikol 1

သို့ပါ၍ ပိန်းဇလုပ်နယ်မြေရဲစခန်းမှ သေဆုံးသူအား ရဲဆေးစာဖြင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လမ်းကြိတ်စက်မောင်းနှင်သူ ယာဉ်မောင်းကြည်လွင်အား ယာဉ်(ပ)၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရသည်။

Facebook Comments
2K Shares