၃ နှစ်အရွယ်လေးကို အိမ်သာထဲခေါ်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား

803
3K Shares

၃ နှစ်အရွယ်လေးကို အိမ်သာထဲခေါ်၍ အဓမ္မပြုကျင့်မှုဖြစ်ပွား

yuio

(၃) နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သူအား ဖမ်းဆီးအရေးယူ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရုံးရပ်မြောက်ပိုင်းရပ်ကွက်တွင် (၃)နှစ်ကလေးငယ်တဦးအား အသက် (၃၅)နှစ်အရွယ်အမျိုးသားတဦးမှ အိမ်သာထဲခေါ်၍ အဓမ္မပြုကျင့်မှုတခု မေ ၁၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းသည်။

yuio

ဖြစ်စဉ်မှာ မအေးသူခိုင်(၂၇)နှစ် ရုံးရပ်မြောက်ပိုင်းရပ်ကွက် မင်းလှမြို့နေသူသည် အဆိုပါနေ့ နေ့လယ် (၂)နာရီအချိန်ခန့်က မိမိနေအိမ်၌ရှိနေစဉ် သမီးဖြစ်သူ မဆုမြတ်သဇင်(၃)နှစ်ရောက်ရှိလာကာ တရပ်ကွက်ထဲနေဦး—၏နေအိမ်တိုက်တွင် ပန်းရံလုပ်ငန်းလာရောက်လုပ်ကိုင်နေသော ယောင်းမ မသန်းသန်းမိုး(၃၂)နှစ်၊ ကျပန်းလုပ်ကိုင်သူနှင့် သမီး မဆုမြတ်သဇင်တို့ အိပ်နေစဉ် ၎င်းနေအိမ်တိုက်တွင်

yuio

ပန်းရံလုပ်ငန်းလုပ်ကိုင်ရန်ရောက်ရှိနေသည့် မအေးသူခိုင်၏ဦးလေးတော်စပ်သူ တင်ထွေး(၃၅)နှစ် ကျပန်း၊ ပက်ပယ်ကျေးရွာ၊ ရေငံကျေးရွာအုပ်စု၊ မင်းဘူးမြို့နေသူက မဆုမြတ်သဇင်အား အိမ်သာထဲခေါ်ဆောင်သွားပြီး သားမယားအဖြစ်အဓမ္မပြုကျင့်ကြောင်း ပြောပြချက်အရ အရွယ်မရောက်သေးသောသမီးဖြစ်သူအား သားမယားအဖြစ် အဓမ္မပြုကျင့်သူတင်ထွေးအား ဥပဒေအရအရေးယူပေးရန် အဆိုပါနေ့ ည ၇ နာရီအချိန် မင်းလှမြို့မစခန်းမှူး ဒုရဲမှူးသန်းလှိုင်တာဝန်ထမ်းဆောင်နေစဉ် တိုင်တန်းထားခဲ့သဖြင့် တင်ထွေး(၃၅)နှစ်အား မင်းလှမြို့မစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (ပ) ၁၉၆/၂၀၁၉ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရှိရသည်။

Facebook Comments
3K Shares