အသက်​မပြည့်​သောမိန်းကလေးအားခိုယူမှု လက်​ခံထားသူကို ဥပဒေအရ​အရေးယူသွားရမည်

227
794 Shares

အသက်​မပြည့်​သောမိန်းကလေးအားခိုယူမှု လက်​ခံထားသူကို ဥပဒေအရ​အရေးယူသွားရမည်

hyj 3

စစ်​ကိုင်းတိုင်းဒေသကြီး၊ကသာမြို့၊ရပ်​ကွက်​(၉)၊အပိုင်း(၁)၊ကန့်​ကော်​မြိုင်​တန်းနေ ဦးဖိုဖြူ+ဒေါ်ချိုချိုကြည်​ ၏သမီးအငယ်​ မနုယဉ်​ဝင်း (၁၆)နှစ်​၊နဝမတန်းကျောင်းသူအား၊ အမဖြစ်​သူ မအေးဖြူဖြူချို၏ခင်​ပွန်း ဖြစ်​သူမောင်​စည်​သူအောင်​(ခ)ဇော်​ဇော်​သည်​ ၁၆-၅-၂၀၁၉ ရက်​နေ့ နံနက်​ ၀၅း၀၀ နာရီအချိန်​ခန့်​ကဆိုင်​ကယ်​ဖြင့်​ခေါ်ယူသွားကြောင်းမြင်​တွေ့ရသောမိတ်​ဆွေများပြောပြသဖြင့်​သိရှိရသည်​။

hyj 1

မိဘများကသတင်းသိရှိချိန်​လိုက်​လံရှာဖွေသောလည်​မတွေ့ရှိရသဖြင့်​ ၁၇-၅-၂၀၁၉ ရက်​နေ့ ကသာမြို့မရဲစခန်းတွင်​သမီးဖြစ်​သူ မနုယဉ်​ဝင်း အာခိုးယူသွားသော စည်​သူအောင်​(ခ)ဇော်​ဇော်​ အားဥပဒေအရအရေးယူဆောင်​ရွက်​ပေးပါရန်​တိုင်​ကြားသဖြင့်​ကသာမြို့မစခန်းမှအမှုဖွင့်​အရေးယူဆောင်​ရွက်​ထားပြီးဖြစ်​သည်​။

hyj 2

စခန်းမှူး ဒုရဲမှူး မျိုးအောင်​မှတရားခံဖမ်းမိနိုင်​ရေးအတွက်​တရားခံသွားလာနိုင်​မည်​နယ်​မြေစခန်းများထံဆက်​သွယ်​သတင်းပို့ဆက်​သွယ်​ထားကြောင်းသိရှိရသည်​။

hyj 1

လက်​ခံထားသူများကသက်​ဆိုင်​ရာ အုပ်​ချုပ်​ရေးမှူးနှင့်​ရဲစခန်းများသို့အကြောင်းကြားပေးပါရန်​နှင့်​သတင်းပေးအကြောင်းကြားခြင်းမရှိပါကဥပဒေအရဆက်​လက်​အရေးယူခြင်းခံရမည်​ဖြစ်​ပါကြောင်းသိရှိပါရန်​ရေးသားဖော်​ပြလိုက်​ရသည်​။

Facebook Comments
794 Shares