အရက်သောက်စားသည့်ကိစ္စဖြင့် ခင်ပွန်းဖြစ်သူကို ဇနီးက ဓားဖြင့်ထိုးသတ်

138
673 Shares

အရက်သောက်စားသည့်ကိစ္စဖြင့် ဇနီးမှ ခင်ပွန်းဖြစ်သူအားဓားဖြင့်ထိုး၍ သေဆုံး

kill 3

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကိုးတိုင်ကျေးရွာနေ ဦးသိန်းမြင့် (၆၅) နှစ် သည် မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နေအိမ်တွင်ရှိနေစဉ် ရွှေဈေးကျေးရွာ၊ ကျောက်ဝိုင်းကမ္မဌာန်း ရိပ်သာတွင် သီတင်းသုံးနေထိုင်သော ညီမဖြစ်သူ သီလရှင် ဒေါ်ဝေသီရိ(၄၅) နှစ် ရောက်ရှိလာပြီး မေလ ၁၃ ရက်နေ့က တူတော်စပ်သူ ပြည့်ဖြိုးအောင်(ခ) ကိုဖြိုး (၃၄) နှစ် အား အရက်သောက်စားသည့်ကိစ္စဖြင့်

kill 3

၎င်း၏ ဇနီးဖြစ်သူ မလဲ့လဲ့ဝင်းမှ လင်မယာချင်းစကားရန်ဖြစ်စဉ် အရိုးအသွား(၁၃)လက်မခန့်ရှိ ဓား မြှောင်ဖြင့်ထိုး၍ ပြည့်ဖြိုးအောင်(ခ)ကိုဖြိုး တွင် ဓားထိုးသွင်းဒဏ်ရာများရရှိခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်းပြောပြသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မလဲ့လဲ့ဝင်း အား ဇရပ်ကြီးနယ်မြေရဲစခန်း(ပ)၅၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Facebook Comments
673 Shares