မန္တလေးမြို့မှာ ဓားရှည်နဲ့ လိုက်လံခုတ်နေသူ ကို ရဲက သေနတ်နဲ့ပစ်ဖမ်းဆီး

142
1K Shares

မန္တလေးမြို့မှာ ဓားရှည်နဲ့ လိုက်လံခုတ်နေသူ ကို ရဲက သေနတ်နဲ့ပစ်ဖမ်း ဆေးရုံမှာ သေဆုံး

dvr 1

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၄လမ်း နဲ့ ၆၆လမ်းထောင့်တွင် မေ ၁၈ရက် နံနက်၎နာရီခန့်က လမ်းသွားလမ်းလာများအား ဓားရှည်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးက လိုက်လံခုတ်နေတာကို တာဝန်သိပြည်သူတစ်ဦး အသိပေးချက်အရ

dvr 3
dvr 2

နန်းတော်ရှေ့လူမှုကယ်ဆယ်ရေအဖွဲ့ နှင့် နယ်မြေခံအမှတ်(၁)ရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသောကြောင့် သေနတ် ၂ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရပါတယ်။

dvr 4

ဓားရှည် နဲ့ လိုက်လံခုတ်နေသူ အမျိုးသား မှာ သေနတ် ၂ ချက် ပစ်ခတ်ခံရမှုကြောင့် ဝဲဝမ်းဗိုက်/ဝဲလက်မောင်းဒါဏ်ရာရ ပြီး နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး နာရီဝက်အကြာ ဆေးရုံးမှာ သေးဆုံးသွားတယ်လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ မှ ကိုသိန်းထွန်းအောင် ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

Facebook Comments
1K Shares