အမြန်ရေယာဉ် အိမ်သာထဲမှ ပြုတ်ကျခဲ့သောခရီးသည်နှစ်ဦးအနက်အမျိုးသမီးအလောင်းအား ပြန်တွေ့

65
326 Shares

အမြန်ရေယာဉ် အိမ်သာထဲမှ ပြုတ်ကျခဲ့သောခရီးသည်နှစ်ဦးအနက်အမျိုးသမီးအလောင်းအား ပြန်တွေ့

kill

စုန်ဆင်းလာသည့်အမြန်ရေယာဉ်တစ်စီးပေါ်မှ ခရီးသည်နှစ်ဦးအား ချင်းတွင်းမြစ်ထဲပြုတ်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နေ့လည်ပိုင်းက မင်းကင်းမြို့နယ် ခက်လုံကျေးရွာတွင် အမျိုးသမီးအလောင်းအား ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ခန္တီးမှမုံရွာသို့ အစုန်ငွေဇင်ဦးအမြန်ရေယာဉ်အသင်းမှ မင်းသီဟကျော်အမြန်ရေယာဉ်သည် ဟုမ္မလင်းမှစုန်းလာပြီး မင်းကင်းတွင်ညအိပ်ခါ မင်းကင်းမြို့မှ မေလ ၁၆ ရက်နေ့ နံနက် ၅ နာရီအချိန်က စုန်သွားခဲ့ရာ

နံနက် ၇ နာရီအချိန်ခန့်က မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးတွင် ရေယာဉ်နောက်ပိုင်းစက်ခန်းနှင့်အိမ်သာကြား ယာဘက်သံတံခါးကိုကိုင်၍ဆော့နေသဖြင့် နောက်ပိုင်းရှိယာဉ်ဝန်ထမ်းမှမဆော့ရန်နှင့်ကိုယ့်နေရာကိုသွားနေရန်ပြောကြားရာ လိုက်နာမှုမရှိဘဲ ဆက်ဆော့နေသဖြင့်

kill

သံတခါးပြုတ်ထွက်ပြီး အမျိုးသမီးအား ချင်းတွင်းမြစ်ထဲကျရာ အမျိုးသားမှ ဆင်းရာနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင်ဦးမြင့်လွင်ကပြောသည်။

“ဒီနေ့ နံနက်ပိုင်းမှာ မင်းကင်းမြို့နယ် သင်တောကျေးရွာ တစ်ဘက်ကမ်း ခက်လုံကျေးရွာအနီးမှာ ခရီးသည်အမျိုးသမီး အလောင်းကို ပြန်တွေ့ထားတယ်။ဖြစ်ပွားတဲ့နေရာနဲ့ ၅ မိုင်လောက်ပဲဝေးတယ်”ဟု ဦးမြင့်လွင်ကပြောသည်။

အမြန်ရေယာဉ်ပေါ်မှ ချင်းတွင်းမြစ်ထဲပြုတ်ကျခဲ့သည့် ခရီးသည်နှစ်ဦးသည် လေရှီးမြို့ ရေတောင်ရပ်နေထိုက်သူ မလောယဲ့မိုင်းနှင့် ချစ်မျိုးဦးပခုက္ကူတို့ဖြစ်သည်။

kill

ယနေ့ တွေ့ရှိခဲ့သည့် ခရီးသည်အမျိုးသမီးအလောင်းကို ကင်းဆေးရုံတွင် ပို့ဆောင်ထားပြီး ၎င်းမိသားစုများမှ လိုက်လာကာ ယနေ့ ညနေပိုင်းတွင် မီးသဂြိုလ်ခဲ့ကြောင်း သိရသည်။

ခရီးသည်အမျိုးသားအလောင်းကို မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့lမောက္ကတော်နယ်မြေ ရဲစခန်မှ တပ်ဖွဲ့ဝင်များlမင်းကင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်းများတို့က ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရေယာဉ်မောင်းအား မောက္ကတော်နယ်မြေ ရဲစခန်းမှ ဥပဒေအရဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Facebook Comments
326 Shares