ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့က ၂ ဦး ထပ်မံ အဖမ်းဆီးခြင်းခံရ

884
2K Shares

ဒေါင်းတို့မျိုးဆက် သင်္ကြန်သံချပ်အဖွဲ့က ၂ ဦး ထပ်မံ အဖမ်းခံရ

tg

တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က အဖွဲ့ဝင် မစုရတနာမြင့် နဲ့ ကိုချစ်ယုံ တို့ကို မေလ ၁၇ ရက် (ဒီနေ့) ဗိုလ်တထောင် တရားရုံးမှာ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲ ဆိုခဲ့ပြီး အင်းစိန်ထောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း မစုရတနာမြင့်ရဲ့ မိခင် ဒေါ်ခင်မြင့်က ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

tg

ဒေါင်းတို့ မျိုးဆက် အဖွဲ့က အခြား အဖွဲ့ဝင် ၅ ဦးဟာလည်း ပုဒ်မ ၅၀၅ (က) နဲ့ မရမ်းကုန်းတရားရုံးမှာ တရားစွဲဆိုခံထားရပြီး အင်းစိန်ထောင်မှာ ဧပြီလကတည်း ဖမ်းဆီးခံနေရတာပါ။

tg

ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ရဲ့ ပြီးခဲ့တဲ့ သင်္ကြန်တွင်း ဖျော်ဖြေမှုတွေနဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာ တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ခဲ့မှုတွေက တပ်မတော် ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ် ဆိုပြီး အဖွဲ့ဝင်တွေကို ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ၊ တပ်မတော် အပေါ် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) တို့နဲ့ တပ်မတော်ဘက်က တရားစွဲဆိုထားပါတယ်။အခုဆိုရင် ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့က ဖမ်းဆီးခံရသူ စုစုပေါင်း ၇ ဦး ရှိပြီ ဖြစ်ပါတယ်။

Facebook Comments
2K Shares