မုံရွာမြို့ပေါ်တွင်နေ့ခင်းကြောင်တောင် မြို့ပေါ်ကအိမ် ဖောက်ထွင်းခံရ

131
1K Shares

မုံရွာမြို့ပေါ်တွင်နေ့ခင်းကြောင်တောင် မြို့ပေါ်ကအိမ် ဖောက်ထွင်းခံရ

vfr 1

မုံရွာမြို့ပေါ်တွင် နေ့လည်ခင်းအချိန် အိမ်တစ်အိမ် ဖောက်ထွင်းခံရ သိန်း၆၀နီးပါးတန်ဖိုးရှိ ရွှေထည်များပါသွား

မုံရွာမြို့ အရှေ့ဘက် သာစည်ရွာရှိ တ၀ဂူ ဘုရားသို့ မိသားစုလိုက်ဘုရားဖူးသွားပြီး အပြန်တွင် နေအိမ်ဖောက်ထွင်းခံခဲ့ရ၍ ရဲတပ်ဖွဲ့ထံတိုင်ထားသည်ဟု နေအိမ်ပိုင်ရှင် ရူပဗေဒ ပါမောက္ခဌာနမှူး (ငြိမ်း)ဒေါက်တာ မိမိမော်က ပြောသည်။

vfr 4

အိမ်နောက်ဖေးက သံဇကာ စည်းရိုးကနေ ဝင်တာလို့ယူဆရတယ် ပြီးမှ ပြတင်းပေါက်ကနေတဆင့် အိမ်အခန်းသော့ ဖျက်ပြီးဝင်တယ် တစ်အိမ်လုံး အကုန်မွှေနောက်သွားတာ။”ဟု အိမ်၏အခြေ အနေအား ဒေါက်တာ မိမိမော် ကဆက်ပြောသည်။

နေအိမ်ဖောက်ထွင်းခံရမှုသည် ယနေ့မေလ ၁၅ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘုရားဖူးသွားသည့် အချိန် နံနက်၈နာရီမှ နေ့လည် ၁၂နာရီကြား အချိန် ၄နာရီအတွင်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၄င်းနေထိုင်သည့်နေအိမ်သည် နန္ဒ၀န်ရပ်ကွက်စည်သူလမ်းပေါ်တွင်ရှိပြီး လူသွားလူလာပြတ်သော လမ်းလည်းဖြစ်သည်။

vfr 3

နေအိမ်ဖောက်ထွင်းခံရမှုတွင် သိန်း ၆၀နီးပါး တန်ဖိုးရှိ ရွှေထည်များပါသွားသည်ဟု ကာယကံရှင်ကဆိုပြီး ၊အ၀တ်ဗီရိုအတွင်းမှ စိန်ပါသည့် ရွှေလက်ကောက် ၂ကွင်း၊ရွှေလက်စွပ် ၄ကွင်း ၊ မှန်ဘီလူး တစ်လုံး၊ ပုဆိုးအသစ် ၆ကွင်းခန့် ပါသွားသည်ဟု သိရသည်။

vfr 2

အဆိုပါ ပစ္စည်းများ ဖောက်ထွင်းခံရမှုနှင့်ပတ်သက်ပြီး မုံရွာမြို့ နယ်မြေစခန်းတွင် အမှုဖွင့်ထားပြီး နေအိမ်ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်လျှက်ရှိသည်။

Facebook Comments
1K Shares