ယာက္ခမက ချွေးမအား ထန်းလှီးဓားနှင့်ခုတ်သတ်မှုဖြစ်ပွား

538
2K Shares

ယာမြေပေါ်၌နေအိမ်ဆောက်နေထိုင်သည်ကိုမကျေနပ်၍ ယောက္ခမက ချွေးမအား ထန်းလှီးဓားနှင့်ခုတ်သတ်

kill 2

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ကန်သုံးဆင့်ကျေးရွာတွင် ယာမြေပေါ်၌နေအိမ်ဆောက်နေထိုင်သည်ကို င်္ချေမဖြစ်သူကို မကျေနပ်သည့် ယောက္ခမကထန်းလှီးဓားနှင့်ခုတ်သတ်ခဲ့မှု့ တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။

မေလ ၁၃ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်အချိန်က….ဦးတင်ဆန်း(၃၅)နှစ်သည် အဆိုပါကျေးရွာရှိရေတွင်းကျောင်းတောတိုက်သို့  ရောက်ရှိနေစဉ် ဇနီးဖြစ်သူက ၎င်း၏ညီမဖြစ်သူ မခင်မာဝင်း(၃၃)နှစ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားသဖြင့် ၎င်းနေအိမ်သို့ သွားရောက်ကြည့်ရှုခဲ့သည်ဆို၏။

kill 1

မခင်မာဝင်းအား နေအိမ်အတွင်း ကုတင်အောက်တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ဖြစ်စဉ်ကို မေးမြန်းရာ ည ၇ နာရီအချိန်ခန့်က အိမ်နီးချင်းနေ ဒေါ်ညိုဌေးနှင့် မခင်မာဝင်းတို့သည် နေအိမ်အတွင်းအတူရှိနေကြပြီး ကုတင်များပေါ်တွင် အိပ်ပျော်နေကြစဉ် “ဒုတ်”ခနဲအသံကြား၍ ဒေါ်ညိုဌေးက ထကြည့်ရာ မခင်မာဝင်း၏ ယောက္ခမဖြစ်သူ ဒေါ်နိုင်လွန်ကြည်(၆၅နှစ်) ၏ လက်ထဲတွင် ထန်းလှီးဓားကိုင်ထားသည်ကို တွေ့ရှိရပြီး မခင်မာဝင်းမှာ လည်ပင်းတွင် ဓားဒဏ်ရာဖြင့် ကုတင်အောက်တွင် လဲကျသေဆုံးနေသည်ကိုတွေ့ရှိရသည်ဆို၏။

ပတ်ဝန်းကျင်အား အော်ဟစ်အကူညီတောင်းစဉ် ဒေါ်နိုင်လွန်ကြည်က ဓားဖြင့်လိုက်ခုတ်၍ထွက်ပြေးခဲ့ရကြောင်းနှင့်ဒေါ်နိုင်လွန်ကြည်မှာ မခင်မာဝင်းအား ၎င်း၏ယာမြေ အတွင်း နေအိမ်တဲဆောက်လုပ်နေထိုင်သည်ကို မကျေနပ်သဖြင့်ဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

kill 1

အရေးယူပေးရန်တိုင်တန်းချက်အရ ဒေါ်နိုင်လွန်ကြည် အား ဇဂျမ်းရဲကင်းစခန်းက (ပ)၂၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Facebook Comments
2K Shares