E.T.S

Every Time Story

ပြည်တွင်းသတင်း

ယူမိတာနောင်တရပါတယ်ဆိုပြီး ကောလိပ်ကျောင်းသားတွေပြောတဲ့ မေဂျာများ

ghfdjghfjdshgfdj674658476587654883657837548

ယူမိတာနောင်တရပါတယ်ဆိုပြီး ကောလိပ်ကျောင်းသားတွေပြောတဲ့ မေဂျာများ

ghfdjghfjdshgfdj674658476587654883657837548

ကျောင်းသားကျောင်းသူတွေအတွက် (၄) နှစ်တာတက်ရတဲ့ ကောလိပ်၊ တက္ကသိုလ်တွေဟာ စရိတ်စက ကြီးလှပါတယ်။ ဒါကြောင့်လည်း ကျောင်းစရိတ်မလောက်လို့ အကြွေးယူပြီး ကျောင်းတက်ရတာတွေရှိနေတာပါ။ တစ်ချို့တွေမှာတော့ ကျောင်းပြီးတာတောင် အကြွေးမကျေနိုင်သေးပဲ နှစ်ရှည်လများ အလုပ်လုပ်ပြီး ကြွေးဆပ်နေရပါတယ်။

ကျောင်းသူကျောင်းသားတွေအနေနဲ့ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်ကို ထူးထူးချွန်ချွန်နဲ့ သိနားလည်နိုင်ဖို့ လေးနှစ်တာ အကြွေးယူ၊ အလုပ်လုပ်ပြီး ကျောင်းတက်ခဲ့ပေမယ့် ကျောင်းပြီးတဲ့အခါ ကိုယ်ယူထားတဲ့ ဘာသာရပ်ဟာ တကယ်ရောအကျိုးဖြစ်ရဲ့လားဆိုတာ တွေးဆစရာပါပဲ။ အခုဖော်ပြပေးမှာကတော့ Insider နဲ့ Morning Consult ကနေ ထုတ်ပြန်ထားတဲ့ ဆာဗေးရလဒ်တွေပဲ ဖြစ်ပါတယ်။ ဆာဗေးမှာတော့ ကောလိပ်နဲ့ တက္ကသိုလ်အသီးသီးမှာ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူပေါင်း (၂၄၈,၀၀၀) ကို စစ်တမ်းကောက်ထားတာ ဖြစ်ပါတယ်။

ghfdjghfjdshgfdj674658476587654883657837548

(၇၀) ရာခိုင်နှုန်းသော စီးပွားရေးမေဂျာယူထားသူတွေက သူတို့ရဲ့ရွေးချယ်မှုနဲ့ ပတ်သက်လို့ နောင်တရကြပါတယ်တဲ့။ အချို့စီးပွားရေးမေဂျာနဲ့ပြီးကြသူတွေကတော့ စာအုပ်ထဲမှာ သီအိုရီကိုကောင်းကောင်းသင်ထားပေမယ့် ကျောင်းပြီးတဲ့အခါ လုပ်ငန်းခွင်မှာ ကြုံရမယ့် ပြဿနာတွေကိုတော့ စာအုပ်ထဲ သင်မပေးထားဘူးလို့ ဆိုကြပါတယ်။

(၇၀) ရာခိုင်နှုန်းသော စာနယ်ဇင်းနဲ့ သတင်းအချက်အလက်ဆက်သွယ်ရေးကို မေဂျာယူထားတဲ့သူတွေကလည်း သူတို့ရွေးချယ်မှုနဲ့ ပတ်သက်လို့ နောင်တရကြောင်း ဆိုပါတယ်။ စာနယ်ဇင်းလုပ်ငန်းဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းကနဲ့ ယှဉ်ရင် အများကြီးတိုးတက်ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် စာနယ်ဇင်းနဲ့ ကျောင်းပြီးထားတဲ့သူတွေအနေနဲ့ အခုခေတ်နဲ့ အရင်ခေတ်တို့ရဲ့ သတင်းအချက်အလက်စနစ်ကို အတူတူပဲလို့ တွေးလို့မရတော့ပါဘူး။ ကိုယ့်ကိုကိုယ် ထပ်ပြီးမွမ်းမံရမယ့် အရည်အချင်းတွေ၊ လုပ်ငန်းခွင်ထဲ အသုံးပြုရမယ့် ပစ္စည်းကိရိယာတွေကို လေ့လာရတာတွေ ရှိလာပါတယ်။ ဒါကြောင့်လည်း ကျောင်းသူကျောင်းသူတွေက ဒီမေဂျာတွေယူမိလို့ နောင်တရတယ်လို့ ဆိုခဲ့တာ ဖြစ်မှာပါ။

ghfdjghfjdshgfdj674658476587654883657837548

ဒါ့အပြင် စီးပွားရေးမေဂျာ (၇၀ ရာခိုင်နှုန်း) ၊ ရူပဗေဒ (၇၁ ရာခိုင်နှုန်း) ၊ လူမှုရေးသိပ္ပံ (၇၁ရာခိုင်နှုန်း) ၊ သမိုင်း (၇၂ ရာခိုင်နှုန်း) ၊ သတင်းအချက်အလက် (၇၂ ရာခိုင်နှုန်း) ၊ အပြည်ပြည်ဆိုင်ရာသံတမန်ရေးရာ (၇၃ ရာခိုင်နှုန်း) ၊ အင်္ဂလိပ်စာ(၇၃ ရာခိုင်နှုန်း) ၊ ရာဇဝတ်မှုဆိုင်ရာတရားရေး (၇၅ ရာခိုင်နှုန်း) နဲ့ ဇီဝဗေဒ (၇၅ ရာခိုင်နှုန်း) ၊ ပြည်သူ့ဆက်ဆံရေး (၇၇ ရာခိုင်နှုန်း) ၊ စိတ်ပညာ (၇၇ ရာခိုင်နှုန်း) ၊ ကျန်းမာရေးစောင့်ရှောက်မှုမေဂျာ (၈၄ ရာခိုင်နှုန်း) စသဖြင့် အသီးသီးရှိပါတယ်။

ghfdjghfjdshgfdj674658476587654883657837548

အခုဖော်ပြထားတဲ့ ရာခိုင်နှုန်းတွေဟာ တက္ကသိုလ်ပြီးတဲ့အခါကျမှ ကိုယ်ယူထားတဲ့ မေဂျာက ကိုယ်နဲ့အဆင်မပြေဘူးဆိုတာ သိလိုက်ရတဲ့ ကျောင်းသားကျောင်းသူဦးရေဖြစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်လည်း တက်ချင်တယ်၊ ကျောင်းစရိတ်ကလည်း အများကြီးကုန်ကျမှာမို့ အကြွေးယူရမှာဆိုရင်တော့ ကျောင်းပြီးတဲ့အခါ ယူထားတဲ့ ဘာသာရပ်နဲ့ ပတ်သက်ပြီး နောင်တရတာမျိုး မဖြစ်ရလေအောင် ကိုယ်အသက်မွေးဝမ်းကြောင်းပြုမယ့် အထူးပြုဘာသာရပ်ကို သေချာရွေးချယ်ကြဖို့ ဖော်ပြလိုက်ရပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

479 Shares
Share479
Tweet
Share
Pin