E.T.S

Every Time Story

ပြည်တွင်းသတင်း

ဘုန်းကြီးကျောင်း ၌ လာရောက်တည်းခိုနေထိုင်သူ ရွှေထည် ပစ္စည်းများ ခိုးယူ မှုဖြစ်ပွား

kfghjkfdjhkgfdkhgkd8657876579548679485697849 1 1

ဘုန်းကြီးကျောင်း ၌ လာရောက်တည်းခိုနေထိုင်သူ မှ နေအိမ်အိပ်ခန်း ဗီဒိုအတွင်း မှ ရွှေထည် ပစ္စည်းများ ခိုးယူ မှုဖြစ်ပွား

kfghjkfdjhkgfdkhgkd8657876579548679485697849 1 1

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း( က )အုပ်စု ဝမ်တုံ ကျေးရွာရှိ ကျန်းမာရေးမှူး၏ နေအိမ် အိပ်ခန်း အတွင်းရှိ အဝတ်ဘီဒို အတွင်း မှ ရွှေထည် ပစ္စည်းများ ခိုးယူခံရမှု ဖြစ်ပွားခဲ့ ကြောင်းသတင်းရရှိသည်။၂၀၁၉ ခုနှစ် ဇူလိုင်လ( ၁၁ )ရက်နေ့ နံနက် (၈) နာရီ အချိန်ခန့်က မိုင်းဖုန်း (က )အုပ်စု ဝမ်တုံ ကျေးရွာရှိ ကျေးလက် ဆေးပေးခန်း ဝန်ထမ်းအိမ်ယာ လုံးချင်း နေ ကျန်းမာရေးမှူး သည် နေအိမ်မှ တာချီလိတ် ပြည်သူ့ဆေးရုံသို့ သင်တန်းတက်ရန် သွားရောက်ခဲ့ပြီး ဇူလိုင်လ (၁၃) ရက် နေ့ နေ့လည် (၂ း၃၀) အချိန်တွင် နေအိမ်သို့ ပြန်ရောက်ရှိစဉ် နေအိမ်အခန်း အတွင်း အဝတ်ဘီဒိုမှာ ပွင့်လျှက် အဝတ်အစားများနှင့် အတူထားရှိသော အလေးချိန်

kfghjkfdjhkgfdkhgkd8657876579548679485697849 2

တစ်ကျပ်သားခန့်ရှိ အုန်းဆံကြိုး ပုံပါ ရွှေဆွဲကြိုး (၁)ကုံး အလေးချိန် တစ်မတ်သားခန့်ရှိ ကျောက်ဖြူပါ ရွှေဆွဲသီး (၁) ခု အလေးချိန် ၆ ပဲသားခန့်ရှိ ပြောင်တစ်ရစ် မှုန်တစ်ရစ် ရွှေလက်ကောက် (၄) ကွင်း အလေးချိန် တစ်မတ်သားခန့်ရှိ ကျောက်ဖြူချယ်ပွင့်ပုံ ရွှေလက်စွပ် (၁)ကွင်း အလေးချိန် တစ်မတ်သားခန့်ရှိ ကျောက်တန်းပုံ ရွှေလက်စွပ် (၁)ကွင်း အလေးချိန် တစ်မတ်သားခန့်ရှိ ပုလဲ နားကပ် (၁)ရံ အလေးချိန် တစ်မတ်သားခန့်ရှိ ကျောက်စိမ်း လက်စွပ် (၁)ကွင်း အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေဟန်းချိန်း (၁)ခု တို့ ပျောက်ဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လိုက်လံစုံစမ်းခဲ့ရာ မိုင်းဖုန်း (က )အုပ်စု

kfghjkfdjhkgfdkhgkd8657876579548679485697849 1

ဖတ်ဟိ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် လာရောက် တည်းခိုနေသူ အိုက်ငို ဆိုသူမှ ခိုးယူသွားကြောင်း စုံစမ်းသိရှိရသဖြင့် အိုက်ငိုက်(၄၆)နှစ် ဝမ်ကျောင်းကျေးရွာ မိုင်းရှဲန်အုပ်စု မိုင်းပျဉ်းမြို့နယ် နေသူအား ဥပဒေ အရအရေးယူပေးပါရန် တိုင်တန်ခဲ့ကြောင်း သတင်းရရှိသည်။ဖြစ်စဉ်နှင့်ပတ်သက် ၍ နေအိမ် အိပ်ခန်း အတွင်းရှိ အဝတ်ဘီဒို အတွင်းထားရှိသော ရွှေထည်ပစ္စည်းများ ခိုးယူသွားသူ အိုက်ငိုက် အား ဝမ်ပုံနယ်မြေ ရဲစခန်းမှ (ပ) ၁၅ / ၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

Facebook Comments

Comments are Closed

Powered by M.N.T

86 Shares
Share86
Tweet
Share
Pin