ဒူးဒဏ်ရာခွဲစိတ်မှုအောင်မြင်နိုင်တယ်ဆိုတဲ့ဆေးစစ်ချက်နဲ့အတူထိုင်းနိုင်ငံကနေပြန်ရောက်လာပြီဖြစ်တဲ့ ကျော်မင်းဦး

30
0 Shares

ဒူးဒဏ်ရာခွဲစိတ်မှုအောင်မြင်နိုင်တယ်ဆိုတဲ့ဆေးစစ်ချက်နဲ့အတူထိုင်းနိုင်ငံကနေပြန်ရောက်လာပြီဖြစ်တဲ့ ကျော်မင်းဦး

k1 2

၂၀၁၄အာရှယူ၁၉ပြိုင်ပွဲကနေပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေရတာကတော့ကွင်းလယ်ကစားသမားကျော်မင်းဦးပဲဖြစ်ပါတယ်။သူကတော့တစ်ချိန်ကမြန်မာယူ၁၉အသင်းအတွက်အားထားရတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ။ကလပ်အသင်းမှာရောနိုင်ငံအသင်းမှာပါအဓိကကစားသမားတစ်ဦးဖြစ်ခဲ့တာပါ။

k1 3
k1 4

ဒါပေမယ့်သူကတော့ဒဏ်ရာပြဿနာတွေကြောင့်ဘောလုံးလောကမှာအချိန်တော်ကြာဝေးကွာခဲ့ရသူပါ။သူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့်ဘောလုံးလောကမှအနားယူဖို့ဆုံဖြတ်ခဲ့ရဘူးပြီးပရိသတ်တွေစိတ်မကောင်းဖြစ်နေရတာပါ။ပရိသတ်တွေကလည်းသူအနားယူမယ်ပြောသွားခဲ့ပေမယ့်မြက်ခင်းစိမ်းတွေပေါ်ပြန်မြင်ရဖို့အမြဲအားပေးစကားတွေပြောနေတာပါ။

k1 5
k1 1

ခုမှာတော့သူကပရိသတ်တွေရဲ့အားပေးစကားတွေနဲ့တူတူဒဏ်ရာကိုကုသဖို့ထိုင်းနိုင်ငံကိုထွက်သွားခဲ့တာပဲဖြစ်ပါတယ်။သူကတော့မြက်ခင်းစိမ်းတွေပြန်လာဖို့စိတ်အားထက်သန်နေတာဖြစ်ပြီးပရိသတ်တွေကလည်းသူ့ကိုအားပေးနေကြတာပါ။ ဒီနေ့မှတော့ကျော်မင်းဦးဟာ ဒူးဒဏ်ရာခွဲစိတ်မှုရာနှုန်းပြည့်အောင်မြင်နိုင်တယ်ဆိုတဲ့ဆေးစစ်ချက်နဲ့အတူထိုင်းနိုင်ငံကနေပြန်ရောက်လာပြီဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကျော်မင်းဦးရဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Facebook Comments
0 Shares