E.T.S

Every Time Story

ပြည်တွင်းသတင်း

ကချင်ပြည်နယ်တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားမှုကြောင့် စားနပ်ရိက္ခာအတွက် အလှူရှင်များ လိုအပ်နေ

gfdjhgfjdshgfjkdshgfj675486748765487354865 1 1

ကချင်ပြည်နယ်တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားမှုကြောင့် စားနပ်ရိက္ခာအတွက် အလှူရှင်များ လိုအပ်နေ

gfdjhgfjdshgfjkdshgfj675486748765487354865 1

မန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံများ စားသုံးရန်အတွက် စားနပ်ရိက္ခာ အလှူရှင်များ လိုအပ်နေကြောင်း တနိုင်း ပရဟိတလူငယ်အဖွဲ့မှ ကိုကျော်မျိုးလှိုင်၏ ပြောကြားချက်အရ သိရသည်။တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည့်အတွက် တနိုင်းမြို့နယ် ဒိုက်ဖားကျေးရွာသူ/သားများ ပိတ်မိနေကြောင်း ယင်းနေရာသို့ တနိုင်း ပရဟိတလူငယ်အဖွဲ့က ကယ်ဆယ်ရေးများနှင့် စားနပ်ရိက္ခာများ ဝေးငှပေးနိုင်ရေးအတွက် သွားရောက်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

gfdjhgfjdshgfjkdshgfj675486748765487354865 9
gfdjhgfjdshgfjkdshgfj675486748765487354865 6
gfdjhgfjdshgfjkdshgfj675486748765487354865 7
gfdjhgfjdshgfjkdshgfj675486748765487354865 2

“တနိုင်းမြို့နဲ့ နည်းနည်းတော့ဝေးတယ်ဗျာ့ ။ အဲဒီ ဒိုက်ဖားကျေးရွာမှာတော့ ဘက ဘုန်းတော်ကြီး ကျောင်းသားတွေနဲ့ရွာသူ/သားတွေ ပိတ်မိနေတယ်။ ကယ်ဆယ်ရေးလုပ်ဖို့ မနက်ကပဲ တနိုင်း ပရဟိတလူငယ်အဖွဲ့သွားနေပြီ။ ရေကတော့ ကြီးနေတုံးပဲဗျာ့။ ဒေသခံတွေ စားသုံးဖို့ရာ စားနပ်ရိက္ခာအတွက် အလှုရှင်တွေ လိုအပ်နေတယ်။ ကယ်ဆယ်ရေးစခန်းကတော့ လေးခုလောက်ရှိတယ်။ ရေပြွန်တိုင်က အကုန်လုံး မြုတ်သွားတဲ့အခါကြတော့ အဓိကတော့ သောက်သုံးရေပေါ့။

gfdjhgfjdshgfjkdshgfj675486748765487354865 8
gfdjhgfjdshgfjkdshgfj675486748765487354865 3

အချို့ရေကြီးနေတဲ့နေရာတွေကြတော့ ချက်ပြုတ်စားသောက်ဖို့ အဆင်ပြေကြတယ်။ အချို့ရေကြီးနေတဲ့နေရာတွေကြတော့ ထမင်းထုပ် နဲ့ ထမင်းဘူးတွေ သွားပြီး ပို့ပေးရတာပေါ့။အခုထိတော့ ရေကြီးတဲ့အတွက်ကြောင့် လူနဲ့တိရစ်ဆာန် သေဆုံးတာမျိုးတော့ မကြားမိသေးဘူးဗျာ့”ဟု တနိုင်း ပရဟိတလူငယ်အဖွဲ့မှ ကိုကျော်မျိုးလှိုင်က ပြောကြားသည်။ထို့အပြင် တနိုင်းမြို့တွင် ရေဘေး ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားရှိကြောင်း ရေဘေးကယ်ဆယ်ရေး စခန်းအချို့တွင် ရေဘေးသင့်ပြည်သူများလည်း လာရောက်ခိုလှုံနေကြကြောင်း သိရသည်။

gfdjhgfjdshgfjkdshgfj675486748765487354865 3
gfdjhgfjdshgfjkdshgfj675486748765487354865 4
gfdjhgfjdshgfjkdshgfj675486748765487354865 5

တနိုင်းမြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည့် ကျေးရွာများနှင့်ရပ်ကွက်များသည် ပုန်ခုန်းကွက်သစ်(တနိုင်းမြို့တဖက်ကမ်း)၊ ဆင်မ်ဆာ့အောက်ချိုင့်၊ ဆင်မ်ဆာ့ကွက်သစ်(တနိုင်းမြို့တဖက်ကမ်း)၊ လမုန်ကျေးရွာ၊ ရပ်ကွက် ၄ ၊ ရပ်ကွက် ၅ ၊ ဂျော်ဆာဒီကျေးရွာ ၊ မိုင်းခွန်ကျေးရွာအုပ်စု ဒိုက်ဖားကျေးရွာ၊ လမောင်ကျေးရွာ၊ အောင်စိုးမိုး ၂ ကျေးရွာတို့ဖြစ်ကြပြီး တနိုင်း- လမုန် လမ်းပိုင်း(လီဒိုလမ်းမကြီး) ရေကျော် ပျက်စီးခဲ့ကြောင်း ယင်းလမ်းမကြီး၏ ဘေးအနီးနားရှိ လူနေအိမ်များ ရေမြုပ်လျက်ရှိကြောင်း သိရသည်။

Facebook Comments
3K Shares

Comments are Closed

Powered by M.N.T