E.T.S

Every Time Story

ပြည်တွင်းသတင်း

အမျိုးသားတစ်ဦးစိတ်ဖောက်ပြန်ပြီ ဇနီးနှင့် သားသမီး ၂ ဦးကို ဓါးဖြင့်ခုတ်သတ်မှု ရုပ်သံ

tharnekoughtthu437658437658435934756 1

တနသာၤရီ တိုင်း၊သရက်ေ ချာင်းမြို့နယ် တွင်အမျိုးသားတစ်ဦးစိတ်ဖောက်ပြန်ပြီ ဇနီးနှင့် သားသမီး ၂ ဦးကို ဓါးဖြင့်ခုတ်သတ်မှုဖြစ်ပွား ရုပ်သံ

tharnekoughtthu437658437658435934756 1

တ နင်္သာရီ တိုင်းဒေကြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျွဲခြံကျေးရွာတွင် စိတ်ကျန်းမာရေးချို့တဲ့သည့် ခင်ပွန်းဖြစ်သူက ဇနီးနှင့်သား သမီး ၂ ဦးကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်သတ်မှု့ဖြစ်ပွားခဲ့သည်။ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် အဆိုပါကျွဲခြံရွာရှိ ၎င်းတို့နေထိုင်သည့်အိမ်တွင် အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုပ် အလောင်းများကို ရငဲတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကာ ခင်ပွန်းဖြစ်သူကိုဝင်းဝနယ်မြေရဲစခန်း၌ ဖမ်းဆီးထားကြောင်း သိရသည်။

tharnekoughtthu437658437658435934756 2

ခင်ပွန်းဖြစ်သူ အမျိုးသားမှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိပြီး အသက် ၃၆ နှစ်အရွယ်ဇနီးသည် မကျင်စန်း၊ ၆ နှစ်အရွယ် သားနှင့် ၂ နှစ်အရွယ်သမီးငယ်တို့ကို ကွမ်းသီးခွဲသည့် ဓားမဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။အဆိုပါအမျိုးသားမှာ အရက်သေစာလည်း မသောက်တတ် ကြောင်းနှင့် စိတ်ကျန်းမာရေးမကောင်း၍ ရန်ကုန်တွင်ကုသမှု့ခံယူခဲ့သူဖြစ်ကြောင်း၊ ယခုကဲ့သို့အဖြစ်မျိုးကို ဒေသခံများက တစ်ကြိမ်မှ မကြုံ တွေ့ဖူးသလို ဖြစ်ရပ်ဆိုးနှင့်ကြုံတွေ့ခဲ့သည့် မိသားစုဝင်များအတွက် စာနာဝမ်းနည်းနေကြောင်း သရက်ချောင်းဒေသခံများထံမှသိရသည်။

ကျွဲခြံရွာတွင်နေထိုင်သည့် ကျွဲခြံလူငယ် ပရဟိတအသင်း၏ ဥက္ကဌဖြစ်သူကိုကျော်မင်းထိုက်ကလည်း ကွမ်းသီးဓါးဖြင့်ခုတ် ခဲ့သည့် ခင်ပွန်းဖြစ်သူမှာ အလွန်တရာအေးဆေးသူဖြစ်ကြောင်း The Ladies News သို့ပြောကြားခဲ့တယ်လို့ သိရပါသည်။

tharnekoughtthu437658437658435934756 3

” ကိုဇော်က အရမ်းအေးတဲ့သူပါ။ ဒီလိုဖြစ်သွားတာ မယုံနိုင်ကြဘူး။ မကျင်စန်းတို့နေတဲ့အိမ်နဲ့ သူမရဲ့မိဘတွေနေတဲ့အိမ်က ကိုက် ၅၀ လောက်ပဲ ကွာတယ်။ အစ်မဖြစ်သူရဲ့အော်သံကြားလို့ မောင်ဖြစ်သူကပြေးသွားပြီးကြည့်တော့ ကလေး၂ ယောက်က အသက်မရှိတော့ဘူး။ အစ်မကတော့ အသက်ငင်နေတာပေါ့။ မောင်ဖြစ်သူကအတတ်နိုင်ဆုံးသွေး ပိတ်အောင်လုပ်ပေမယ့် မရတော့ဘူး” ဟု The Ladies News သို့ပြောကြားသည်။ ခင်ပွန်းဖြစ်သူကိုဇော်မှာ အခင်း ဖြစ်ပြီးနောက် သူမဟုတ်သလို ပုံစံဖြင့် ရီရီမောမောပုံစံမျိုးသာရှိခဲ့သည်ဟုလည်း ကိုကျော်မင်းထိုက်က ပြောသည်။

Facebook Comments
337 Shares

Comments are Closed

Powered by M.N.T