E.T.S

Every Time Story

ပြည်တွင်းသတင်း

သတို့သမီးလောင်း ဖောက်ပြန်နေတဲ့ အပြာဗွီဒီယိုဖိုင်ကြောင့် မင်္ဂလာပွဲဖျက်သိမ်းခဲ့သူ

gfdhgjfdhsgfhdsjghfdjshgfjds57426473657432657483627438 2

သတို့သမီးလောင်း ဖောက်ပြန်နေတဲ့ အပြာဗွီဒီယိုဖိုင်ကြောင့် မင်္ဂလာပွဲဖျက်သိမ်းခဲ့သူ

gfdhgjfdhsgfhdsjghfdjshgfjds57426473657432657483627438 1

မလေးရှားနိုင်ငံက အမျိုးသားတစ်ယောက်ဟာ မင်္ဂလာပွဲကို အခု ဇူလိုင်လ(၂၇)ရက်နေ့မှာ ချစ်သူ သတို့သမီးလောင်းနဲ့ လက်ထပ်ပွဲဆင်နွှဲဖို့ ပြင်ဆင်ထားပေမယ့်၊ သတို့သမီးလောင်းနဲ့ တစ်ခြားအမျိုးသားတို့ ပလူးပလဲဗွီဒီယိုကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ဒါပေမယ့် သူဟာ မင်္ဂလာပွဲအတွက် လက်ထပ်လက်စွပ်၊ မင်္ဂလာဝတ်စုံ၊ ကိတ်မုန့်၊ ဧည့်ပရိသတ်များအတွက် ဧည့်ခံဖို့ အစားအစာ၊ စတူရီယိုတီးဝိုင်း စတာတွေကို ငွေချေငှားရမ်းထားပြီးဖြစ်တာကြောင့် နစ်နာမှုတွေ များခဲ့ပါတယ်။ သူဟာ မင်္ဂလာစာရိတ်ရဖို့ (၂)နှစ်ကြာ ငွေစုခဲ့ရတာပါ။

gfdhgjfdhsgfhdsjghfdjshgfjds57426473657432657483627438 3

မလေးရင်းဂစ် (၁၅၀၀၀) မြန်မာငွေတန်ဖိုးအနေနဲ့ (၅၅)သိန်းကျော် စုခဲ့ရပါတယ်။ ဒီဗွီဒီယိုဖိုင်ကို သူငယ်ချင်းတစ်ယောက်က သူ့ဆီကို လှမ်းပို့ပေးခဲ့တာပါ။ မင်္ဂလာဆောင်ပြီးမှ ဒါကို သိရရင် သူ့အနေနဲ့ ဆုံးရှုံးမှု ပိုကြီးမှာ ဖြစ်ပါတယ်။ သူရဲ့ချစ်သူဟာ တစ်ခြားယောက်ျားနဲ့ ဖောက်ပြန်နေတာကို-အစက မသိခဲ့ပါဘူး။ သတို့သမီးလောင်းဟာ ပြင်ပမှာတော့ အနေအေးသလောက်၊ ကွယ်ရမှာ မျက်နှာများတတ်သူဖြစ်တယ်ဆိုတာကို သူက အချိန်နှောင်းမှ သိရပေမယ့်၊ ဒီထက်ပိုလွန်မှ သိရတာထက်စာရင်တော့ ဆုံးရှုံးမှုက မကြီးမားခဲ့ပါဘူး။ သူဟာ ဒီအကြောင်းကို လူမှုကွန်ရက်မှာ တင်ခဲ့တာပါ။

gfdhgjfdhsgfhdsjghfdjshgfjds57426473657432657483627438 2

ဒါပေမယ့် သူက သတို့သမီးလောင်းကို အပြစ်မတင်ခဲ့ပါဘူး။ သူကိုယ်တိုင်ကလည်း သူမကို ဂရုမစိုက်မိခဲ့ဘဲ၊ နှစ်ယောက်တစ်ဘဝတည်ထောင်နိုင်ဖို့ ငွေအတွက် အလုပ်လုပ်နေရင်းက ချစ်သူကို လစ်လျှူရှုသလိုဖြစ်ခဲ့ရတာလို့ ပြောပါတယ်။ သူက ဆောက်လုပ်ရေး လုပ်သားတစ်ယောက်ပါ-သူ့အမည်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ ” ကျွန်တော်က တစ်နေကုန် အလုပ်ထဲမှာလေ … သူ့ဆီက မက်ဆေ့တစ်စောင် ရခဲ့ရင်တောင် နောက်ထပ်(၁)နာရီလောက်နေမှ စာပြန်နိုင်တာ … ဒီလိုလူကို ဘယ်သူက ခင်တွယ်မှာလဲ “ဆိုပြီး ရေးခဲ့ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

3K Shares
Share3K
Tweet
Share
Pin