E.T.S

Every Time Story

ပြည်တွင်းသတင်း

ကချင်ပြည်နယ်တွင် ရေကြီးမှု ကျောင်း ၄၀ ခန့်ပိတ်ထားရ

gjfdhsjkglfdgjkfdjksgfnksjgfjksgfdjgfdsklfd5743685874362547836257438 1 1

ကချင်ပြည်နယ်တွင် ရေကြီးမှု ကျောင်း ၄၀ ခန့်ပိတ်ထားရ

gjfdhsjkglfdgjkfdjksgfnksjgfjksgfdjgfdsklfd5743685874362547836257438 1 1

ကချင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မြစ်ရေကြီးမှုများ ဖြစ်ပေါ်နေသဖြင့် စာသင်ကျောင်း ၄၀ခန့် ကို စတင်ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရသည်။“ ကျောင်းတွေပိတ်တာကို တရားဝင်စာတင်ပြီးပိတ်ထားလိုက်တာပါ၊ဘယ်တော့ပြန်ဖွင့်နိုင်မလဲဆိုတော့ မြစ်ရေကျသွားပြီး ကျောင်းသားတွေ စိတ်ချလက်ချကျောင်းပြန်တက်နိုင်မည့် အချိန်ပြန်ဖွင့်နိုင်မှာပါ”ဟု ကချင်ပြည်နယ် ပညာရေးမှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မြစ်ကြီးနားမြို့ရှိအခြေခံပညာ ကျောင်း ၁၅ကျောင်း၊ဝိုင်းမော်မြို့ ရှိ အခြေခံပညာကျောင်း၉ကျောင်း တနိုင်မြို့ရှိအခြေခံပညာကျောင်း ၅ကျောင်း၊ဗန်းမော်မြို့ရှိအခြေခံ ပညာကျောင်း၉ကျောင်း၊ရွှေဂူမြို့ ရှိအခြေခံပညာကျောင်း၃ကျောင်း စုစုပေါင်း ကျောင်း၄၁ကျောင်းကိုပိတ်ထား ရခြင်းဖြစ်သည်။

gjfdhsjkglfdgjkfdjksgfnksjgfjksgfdjgfdsklfd5743685874362547836257438 3
gjfdhsjkglfdgjkfdjksgfnksjgfjksgfdjgfdsklfd5743685874362547836257438 2

မြစ်ရေ ဝင်ရောက်နိုင်သည့်မြို့နယ်များရှိ ကျောင်းအဆောက်အအုံအတွင်းမှ ကျောင်းပရိဘောဂများ ရေစိုပျက်စီးဆုံးရှုံး မှုမရှိစေရေးဘေးကင်းရာသို့အချိန် မီရွှေ့ပြောင်းထားကြရန် ညွှန်ကြားထားပြီး ကျောင်းသားကျောင်းသူများအန္တ ရာယ်ဖြစ်စေနိုင်သည်ဟုယူဆပါ ကမြို့နယ်ပညာရေးမှူး၏အစီအ စဉ်ဖြင့်ယာယီကျောင်းပိတ်ခွင့်ပြုထားကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည်ဇူလိုင်လ ၁၃ရက်နေ့မနက်၂နာရီအချိန်တွင် ၁၂၂၉စင်တီမီတာအထိ အမြင့်ဆုံး ရောက်ရှိခဲ့သော်လည်း လည်၁၂နာရီအချိန်တွင်၁၂၀ဝစင်တီမီတာ အထိပြန်လည်ကျလာခဲ့ကြောင်းမိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

gjfdhsjkglfdgjkfdjksgfnksjgfjksgfdjgfdsklfd5743685874362547836257438 1

မြစ်ကြီးနားမြို့ အထက်ပိုင်း ပူတာအိုတွင် မိုးရွာသွန်းမှုမရှိတော့ဘဲ မိုးအုံနေကြောင်းမြစ် ကြီးနားမြို့တွင်လည်း ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း ယနေ့သည်းထန်မှုမှုမရှိတော့ကြောင်း ဒေသခံများထံမှသိရသည်။

Facebook Comments
1K Shares

Comments are Closed

Powered by M.N.T