E.T.S

Every Time Story

ပြည်တွင်းသတင်း

ပရဟိတလုပ်တာ နှစ်နှစ်ကျော်ပါပြီ တော်တော်လေးကိုကြာနေပြီဆိုတဲ့ သင်းသင်း

hgkfdjirsujyifgflskhlg9567865498765076 1

ပရဟိတလုပ်တာ နှစ်နှစ်ကျော်ပါပြီ တော်တော်လေးကိုကြာနေပြီဆိုတဲ့ သင်းသင်း

hgkfdjirsujyifgflskhlg9567865498765076 1

ပရဟိတ မင်းသားကြီး ဝေဠုကျော်နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိလာတဲ့ အလှမယ် သင်းသင်းကတော့ လက်ရှိချိန်ထိကို လူတော်တော်များများရဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရသေးတာ ဖြစ်ပါတယ်။ သင်းသင်းကတော့ လက်ရှိမှာ သူတယောက်ထဲ မိဘတွေကို ရုန်းကန်ရှာကျွေးနေရပြီး သူ့ဘဝကို ကျေနပ်နေသူူ ဖြစ်ပါတယ်။ ထို့နောက် သင်းသင်းတယောက်ကတော့ ပရဟိတနဲ့ ပတ်သက်ပြီး သူ့ရဲ့ထင်မြင်ချက်တွေကိုလည်း ပြောကြားသွား ခဲ့ပါတယ်။

hgkfdjirsujyifgflskhlg9567865498765076 2

သင်းသင်းကတော့ 8 day နဲ့ အင်တာဗျူးတွင် အလှူလုပ်တုန်းက ဝေဖန်ကြမှုအပေါ် “လှူတဲ့အပိုင်းမှာက ပရဟိတဆိုတာ ပေါ်ပင်လုပ်နေဖို့ မလိုဘူးရှင့်။ ဒါက ကျမခံယူထားတဲ့ စိတ်ပါ။ ကျမကတော့အမြဲတမ်း ပရဟိတလုပ်နေတာပဲလေ။ အိမ်မှာလည်း လုပ်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီဟာကြီးသွားမှ ဟိုဟာကြီးသွားမှ မဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့နေရာမှာ အရမ်းဖြည့်ဆည်းပေးချင်တယ်။

hgkfdjirsujyifgflskhlg9567865498765076 3

အမေမွေးကတည်းက အားနာပြီး သနားတတ်တဲ့ အကျင့်လေးက ပါလာတာပေါ့နော်။ ပရဟိတက အမြဲတမ်း ခုတုံးလုပ်သလို ဖြစ်သွားမလားပေါ့။ ဒီခေါင်းစဉ်ကြီးက။ ကျမမှာကတော့ လှူချင်တဲ့ စိတ်လေးတော့ ရှိပါတယ်။ ပရဟိတဆိုတဲ့ အဓိပ္ပါယ် ခေါင်းစဉ်ကြီးက အရမ်းနက်နဲပါတယ်။ သိစေချင်တယ်။ ပြီးတော့ ကျမကလည်း အခုမှလုပ်တာမဟုတ်ပါဘူး။ အရင်ကတည်းကလည်း ပရဟိတကို လက်လှမ်းမီရာ အများကြီးလုပ်ခဲ့ဖူးပါတယ်။ နှစ်နှစ်ကျော်နေပါပြီ။ တော်တော်လေးကို ကြာနေပါပြီ။ ကိုယ့်ဘာကိုယ်လုပ်တယ်။ ကိုယ်အဆင်ပြေသလို လုပ်တယ်။ ကိုယ့်သူငယ်ချင်းတွေနဲ့ လုပ်ဖြစ်ပါတယ်”

hgkfdjirsujyifgflskhlg9567865498765076 1

“သင်းသင်းမှာက ဆွေမျိုးတွေ ဘာတွေ မလိုပါဘူး။ တခါတလေ သူများတွေက ပြောတယ်။ နင်က အရမ်းမာနကြီးတယ်တဲ့။ မာနကြီးတာမှန်ပါတယ်။ ဘာလို့ မာနကြီးလည်းဆိုတော့ ဆွေမျိုးဆိုတာကလည်း ဆွေရှိမှ မျိုးတော်ချင်ကြတာပါ။ တခါတလေ သူတို့တွေ ရှိတဲ့အချိန်မှာ ကိုယ်တွေကို ပြန်မကြည့်ခဲ့တော့ ကိုယ့်ရှိမှပဲ ကိုယ်စားရတယ်။ ဒါကြောင့်လည်း ဒီချိန်မှာ ဘယ်သူ့ကိုမှ အားမကိုးပါဘူး။ ကိုယ်ရှိမှ မိဘကို ကျွေးနိုင်မယ်။ အဓိကကတော့ မိဘပါပဲ။ တချို့အရာတွေကတော့ ထိန်းရဦးမှာပေါ့။ ကိုယ်မှန်တယ်ထင်ရင် ပေါက်ကွဲတတ်တဲ့ အကျင့်ကို အသက်ကလည်း ၃၀ နားကပ်လာပြီလေ”

hgkfdjirsujyifgflskhlg9567865498765076 2

ကိုယ်ရဲ့လက်ရှိ ဘဝကို ကျေနပ်လားဆိုတဲ့ အပေါ်မှာတော့ “ကျေနပ်ပါတယ်။ သူများဘဝကို အားကျနေလို့မရပါဘူး။ လူတယောက်က ကံပါလာပြီးသား။ အဲ့တော့ ဘယ်သူ့ဘဝကိုမှ အားမကျပါဘူး။ ကိုယ်သည်သာလျှင် ကိုယ်ပြိုင်ဖက်ပဲ။ ကျမဒီအရွယ်ထိ မိဘကို အပြည့်အဝ လုပ်ကိုင်ကျွေးနိုင်တယ်။ အဲ့တော့ ဒီပီတီလေးက ကိုယ့်အတွက် မဖြတ်နိုင်ပါဘူး။ ကံဆိုခြင်း ကံကောင်းခြင်းဆိုတာကတော့ ပါလာပြီးသားပါ။ ပြင်လို့မရပါဘူး” ဟု ပြောကြားသွား ခဲ့ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

961 Shares
Share961
Tweet
Share
Pin