E.T.S

Every Time Story

ပြည်တွင်းသတင်း

ဆေးတက္ကသိုလ် ၁ တွင် ဝိညာဉ်မဲ့မြတ်ဆရာဂုဏ်ပြုပွဲ ကျင်းပ

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 1

ဆေးတက္ကသိုလ် (၁) တွင် ဝိညာဉ်မဲ့မြတ်ဆရာဂုဏ်ပြုပွဲ ကျင်းပ

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 1

ဝိညာဉ်မဲ့မြတ်ဆရာများ ခေါ် ဆေးကျောင်းသား၊ ကျောင်းသူများ လက်တွေ့လေ့လာသင်ကြားနိုင်ရန် လှူဒါန်းထားခဲ့သည့် ခန္ဓာကိုယ်ရုပ်အလောင်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁) ၊ ခန္ဓာဗေဒ (Anatomy) ဌာန၌ ကျင်းပပြုလုပ်သည်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 2

အခမ်းအနားသို့ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး၊ ခန္ဓာဗေဒဌာန ပါမောက္ခ/ဌာနမှူး ဒေါက်တာမြင့်စန်းနွယ်၊ ဝိညာဉ်မဲ့မြတ်ဆရာများ၏ မိသားစုဝင်များ၊ ဆေးတက္ကသိုလ် (၁) ၌ တက်ရောက်သင်ကြားနေသည့် ဒုတိယနှစ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။“Body တွေကို donation ကိုတော့ ရုံးဖွင့်ရက် တနင်္လာနေ့ကနေ သောကြာနေ့ကို ရုံးချိန်အတွင်း လက်ခံတယ်။ လက်ခံပြီးတဲ့အခါမှာ ကိစ္စပေါ်(သေဆုံး)ခဲ့လို့ လှူဒါန်းတဲ့ body ကတော့ တနှစ်တနှစ်ကို ၁၅ body က maximum ပါပဲရှင့်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 3

ကျွန်မတို့က သူတို့ကို ကန်ထဲမှာ formalin ဆေးထိုးပြီးတော့ စိမ်ထားတယ်။ ပြီးရင် တနှစ်ကြာတော့မှပဲ ဆေးကျောင်းသားတွေ လေ့လာလို့ရတယ်ရှင့်”ဟုလည်း ဒေါက်တာမြင့်စန်းနွယ်က ပြောသည်။ယနေ့တွင် ဝိညာဉ်မဲ့မြတ်ဆရာများအနက် နှစ်ဦးဖြစ်သည့် ဦးသိန်းအောင်နှင့် ဦးခင်မောင်လင်းတို့၏ အတ္ထုပ္ပတ္တိတို့ကို ကျောင်းသူတဦးနှင့် ကျောင်းသားတဦးတို့က ဖတ်ကြားပြီး ယင်းမြတ်ဆရာနှစ်ဦးအတွက် ဂုဏ်ပြုလက်မှတ်များကို မိသားစုဝင်များထံပေးအပ်ခဲ့သည်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 4

ဒုတိယနှစ် ကျောင်သူတဦးဖြစ်သည့် မခင်အေးအေးအောင်က“ခန္ဓာဗေဒကကျတော့ စာသင်ပေမယ့် မမြင်ရဘူးပေါ့နော်။ စာပဲကျက်နေသလိုဖြစ်နေတယ်။ ဒီလိုမျိုး body တွေနဲ့ ခွဲစိတ်သင်ကြားတဲ့အခါမှာဆိုရင် သေချာမြင်ရတယ်ပေါ့နော်။ အဲဒီအတွက်ကြောင့် စာလည်း ပိုပြီးတော့မှတ်မိတယ်။ သေသေချာချာလည်း မှတ်သားလို့ရတယ်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 5


မျက်ဝါးထင်ထင် မြင်ရတဲ့အတွက်ကြောင့် body တွေနဲ့ သင်ရတာ အဆင်ပြေတယ်။ ဒီအတိုင်း ပုံကိုကြည့်ပြီးတော့ စာကျက်တာထက်စာလို့ရှိရင် သေသေချာချာကိုယ်က ကိုင်တွယ်ပြီးတော့ ဖြေရှင်းပြီး စာကျက်ရတဲ့အခါမှာ ပိုပြီးတော့မြင်တယ်ပေါ့နော်။ အဲဒီအခါမှာ ညီမတို့အတွက် အရမ်းကို အဆင်ပြေပါတယ်”ဟု ပြောကြားခဲ့သည်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 6

ဆေးတက္ကသိုလ် ဒုတိယနှစ်တွင် ဘာသာကြီးသုံးဘာသာဖြစ်သည့် ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ(Physiology)နှင့် ဇီဝဓာတုဗေဒ(Biochemistry)တို့ကို သင်ကြားရပြီး ခန္ဓာဗေဒဘာသာအတွက် ခန္ဓာကိုယ်များကို လေ့လာရသည်။ဒုတိယနှစ်ကျောင်းသားကျောင်းသူများအတွက် တနှစ်လျှင် ခန္ဓာကိုယ်(body) ၁၀ ခုထုတ်သုံးကြောင်း၊ ကျောင်းသူကျောင်သား ၅၀၀ ဦးရှိကြောင်း၊ ကျောင်းသူကျောင်းသား ၂၀ မှ ၂၅ အထိပါဝင်သည့် အုပ်စုတစုလျှင် ခန္ဓာကိုယ် ၁ ခုကို လေ့လာသင်ကြားရကြောင်းလည်း ဒေါက်တာမြင့်စန်းနွယ်က ရှင်းပြသည်။

gjfdkfjdlsghfjhgjfhsjkghfjn76748675849658476854 1

ခန္ဓာကိုယ်လှူဒါန်းလိုသူများသည် ဆေးတက္ကသိုလ်(၁)၊ ခန္ဓာဗေဒဌာန၊ ဖုန်း 09427617774သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း၊ အသက် ၁၈ နှစ်နှင့် အထက်ရှိလျှင် ခန္ဓာကိုယ် လှူဒါန်းနိုင်ကြောင်း၊ လက်ရှိတွင် လူငယ်များလည်း လာရောက်လှူဒါန်းကြကြောင်း၊ တရက်လျှင် လာရောက်လှူဒါန်းသူ ၂၀ မှ ၂၅ ဦးခန့်ရှိကြောင်းလည်း ၎င်းက ပြောသည်။ခန္ဓာကိုယ်များကို ဒုတိယနှစ်ကျောင်းသားကျောင်းသူများအပြင် ခွဲစိတ်နှင့်နှီးနွယ်ဘာသာရပ်အထူးပြု ဘွဲ့လွန်ကျောင်းသားကျောင်းသူများ၊ ခွဲစိတ်ဆရာဝန်များကလည်း လက်တွေ့လေ့ကျင့်သင်ကြားရာတွင် အသုံးပြုကြောင်း သိရသည်။

Facebook Comments
316 Shares

Comments are Closed

Powered by M.N.T