E.T.S

Every Time Story

ပြည်တွင်းသတင်း

၁ နှစ်နဲ့ ၈ လအရွယ်မှာပဲ လူယုတ်မာရဲ့ လက်ချက်မိခဲ့တဲ့ ရွှေပေါက်ကံက သမီးလေးနဲ့ မိသားစုကို ကူညီပေးခဲ့တဲ့ လင်းလင်း

hgjkhkglfjhlkgfjdhgkjfdlkhjgfdklhg65843768594736954837685476843796549837 1

၁ နှစ်နဲ့ ၈ လအရွယ်မှာပဲ လူယုတ်မာရဲ့ လက်ချက်မိခဲ့တဲ့ ရွှေပေါက်ကံက သမီးလေးနဲ့ မိသားစုကို ကူညီပေးခဲ့တဲ့ လင်းလင်း

hgjkhkglfjhlkgfjdhgkjfdlkhjgfdklhg65843768594736954837685476843796549837 1

သိက္ခာ သမာဓိပြည့်စုံတဲ့ ဦးဇင်းတစ်ပါးနဲ့ညီအကိုလိုရင်းနှီးချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့်ရွှေပေါက်ကံက ကလေးလေးရဲ့ မိသားစုနဲ့တွေ့ဆုံခဲ့ပြီးပါပြီ။ကလေးလေးအတွက် လက်ဆောင်တချို့နဲ့ လက်တလောအဆင်ပြေရေး သုံးဖို့အလှူငွေ ကူရင်းနဲ့ပါ။အဓိက,ကတော့ ကလေးလေးရဲ့ အနာဂတ်အတွက်နေရာထိုင်ခင်း အလုပ်အကိုင် ပတ်ဝန်းကျင်အားလုံး အသစ်ကပြန်စရေးအတွက် ဖခင်မိခင်နဲ့ ဆွေးနွေးတိုင်ပင်ပါတယ်။

ကျွန်တော်တို့မိသားစုမှ လိုအပ်တာများကို ပြင်ဆင်ထောက်ပံ့ဝန်းရံပေးသွားမှာပါ။လက်ရှိမှာလဲ ပြည်သူများရဲ့ဝန်းရံပံ့ပိုးမှုကြောင့် လက်တလော အဆင်ပြေမှုတွေ တွေ့ရလို့ဝမ်းသာမိပါတယ်။ပြည်သူ့ခေါင်းဆောင်စစ်စစ် လူထုခေါင်းဆောင်ရဲ့ အရိပ်အောက်မှာ အားလုံးကျန်းမာကြပါစေ 🙏🏼🙏🏼🙏🏼

hgjkhkglfjhlkgfjdhgkjfdlkhjgfdklhg65843768594736954837685476843796549837 1

ရွှေပေါက်ကံက သမီးလေးဟာ တစ်နှစ်နဲ့ ရှစ်လအရွယ်မှာပဲ အဓမ္မပြုကျင့်ခံရပါတယ်။ ကလေးမိဘတွေ ညဘက် ရေသန့်ဘူးဆေးနေတုန်း သမီးလေးကို အကိုဖြစ်သူ ကလေးနဲ့အတူ အိပ်ရာထဲမှာ သိပ်ထားခဲ့ပါတယ်။ ကလေးအိပ်တဲ့နေရာနဲ့ မိဘအလုပ်လုပ်တဲ့ နေရာဟာ သိပ်မဝေးလှပါဘူး။ လှမ်းခေါ်လို့ ကြားတဲ့ အကွာအဝေးပါ။အလုပ်လုပ်ပြီး ပြန်လာတဲ့အခါ Graceလေး အိပ်ရာထဲမှာ မရှိတော့ပါဘူး။ တစ်ညလုံး ပျောက်သွားပါတယ်။ မိဘတွေ လိုက်ရှာကြပါတယ်။ တစ်ညလုံး မိုးကလည်း သဲသဲမဲမဲ ရွာနေပါတယ်။

hgjkhkglfjhlkgfjdhgkjfdlkhjgfdklhg65843768594736954837685476843796549837 2

နောက်နေ့ နေ့လယ်ခင်းမှာ သမီးလေးကို ကားဝပ်ရှော့ဘေးက ကိုင်းတောကြီးထဲမှာ ပြန်တွေ့ပါတယ်။ ပါးစပ်ကို ပလာစတာနဲ့ ပိတ်ထားပြီး အဓမ္မပြုကျင့်မှုကို ဆိုးဆိုးဝါးဝါး ခံထားရပါတယ်။ သူတို့ကို ကူညီပေးတဲ့သူတစ်ယောက်ရဲ့ ရေးသားချက်အရ ကလေးဟာ အသက်လုရတဲ့ အနေအထားပါ။ မိန်းမကိုယ်တွေ စုတ်ပြဲကွဲထွက်ပြီး အတော်ကို သေကောင်ပေါင်းလဲ စိုးရိမ်ရတဲ့ အနေအထားကနေ ဆေးရုံက ကုသပေးထားပါတယ်။

တစ်ညလုံး မိုးရေထဲမှာ ပစ်ထားခံရပြီး ဖြုတ်တွေခြင်တွေ ကိုက်ထားတာလည်း တစ်ကိုယ်လုံးပါပဲ။ ကလေးကို သေပြီမှတ်ပြီး ပစ်ထားတဲ့ ပုံပါ။ ပြုကျင့်သူကို ဖမ်းဆီးထားပါပြီ။ ကလေးနေတဲ့နေရာအနီး ဘုန်းကြီးကျောင်းက သင်္ကန်းဝတ်တစ်ယောက်ပါ။ အရမ်းကို တုန်လှုပ်စရာကောင်းတဲ့ ဖြစ်စဉ်ပါပဲ။

Facebook Comments

Comments are Closed

Powered by M.N.T

741 Shares
Share741
Tweet
Share
Pin