E.T.S

Every Time Story

ပြည်တွင်းသတင်း

ကိုယ်ပိုင်မွေး ထား တဲ့ ခွေး ၁၆ ကောင် က အရှင်လတ်လတ် ဝိုင်းစားတာကိုခံခဲ့ရသူ

fhdjsahfdjhsafhjdsafdghsajfkd36574343762576324 1

ကိုယ်ပိုင်မွေး ထား တဲ့ ခွေး(၁၆)ကောင် က အရှင်လတ်လတ် ဝိုင်းစားတာကိုခံခဲ့ရသူ

fhdjsahfdjhsafhjdsafdghsajfkd36574343762576324 1

အ သက်(၅၇)နှစ်အရွယ် Freddie Mack May အမည်ရ အမျိုးသားဟာ အများနဲ့အတူတူမနေဘဲ၊ သီသန့်နေရာမှာ အိမ်မွေးခွေးတွေနဲ့ အတူတူနေခဲ့သူပါ။ သူ့ကို တစ်ချို့က တစ်ဦးတည်း ဧကစာရီကျင့်နေသူလို့တောင် ကင်ပွန်းတပ်ကြပါတယ်။ သူဟာ မွေးထားတဲ့ခွေးတွေက ပြန်စားတာကို ခံခဲ့ရတာပါ။Freddie ဟာ မသေခင်က သူရဲ့ဆွေမျိုးတစ်ဦးထံကို နောက်ဆုံး မက်ဆေ့ပို့ထားခဲ့ပြီး၊ အဲဒါကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၉)ရက်က ဖြစ်နေပါတယ်။ ယူဆချက်အရတော့ သူဟာ ဧပြီ(၁၉)နောက်ပိုင်းမှာ ဘယ်သူ့ကိုမှ ဆက်သွယ်ခဲ့ပုံမထောက်ရင် အဲဒီကတည်းက သေခဲ့ပုံပါဘဲ။

fhdjsahfdjhsafhjdsafdghsajfkd36574343762576324 2

Freddie ရဲ့အိမ်လေးဟာ တက္ကဆက်က၊ Johnson ကောင်တီရဲ့ ခပ်ခေါင်ခေါင်နေရာလေးမှာ တည်ရှိပြီး၊ သူ ဘယ်မှာနေတယ်ဆိုတာတောင် ဆွေမျိုးတော်တော်များများက မသိကြပါဘူး။ နောက်ဆုံး ဘယ်လိုမှ ဆက်သွယ်လို့မရမှ သက်ဆိုင်ရာရဲတပ်ဖွဲ့က သူရှိရာကို ခြေရာခံလိုက်ခဲ့တာပါ။မေလ (၉)ရက်မှာ Freddie ရဲ့ ခွေးတွေကို တွေ့ရှိခဲ့ပြီး၊ မေလ (၁၅)ရက်ကျမှ သူနေထိုင်ရာ အိမ်ကို ခြေရာခံနိုင်ခဲ့တာပါ။ အဲဒီအချိန်မှာတော့ Freddie ရဲ့အရိုးတွေဟာ နေရာအနှံ့မှာပျံ့ကျဲနေပြီး၊ သူ မွေးထားတဲ့ခွေးတွေက စိမ်ပြေနပြေ ဝိုင်းပြီးစားခဲ့ပုံရပါတယ်။

fhdjsahfdjhsafhjdsafdghsajfkd36574343762576324 1
fhdjsahfdjhsafhjdsafdghsajfkd36574343762576324 2

ပိုပြီးသေချာသွားတာက ခွေးတွေ စွန့်ပစ်ထားတဲ့ မစင်ထဲမှာ Freddie ရဲ့ အရိုးအပိုင်းအစနဲ့ အဝတ်အစားတွေ တွေ့ရှိခဲ့ရတာပါ။ တစ်ချို့ကတော့ လူကို အိမ်မွေးခွေးတွေက ဝိုင်းပြီးကိုက်သတ်တာ မဖြစ်နိုင်ကြောင်း၊ Freddie ဟာ ရောဂါတစ်ခုကြောင့် လဲကျသေဆုံးခဲ့ပုံရပြီး၊ အဲဒီနောက်မှ သူ့အလောင်းကို ခွေးတွေက စားခဲ့တာဖြစ်ဟန်ရှိတယ်လို့ ဆိုနေပါတယ်

Facebook Comments

Comments are Closed

Powered by M.N.T

502 Shares
Share502
Tweet
Share
Pin