E.T.S

Every Time Story

ပြည်တွင်းသတင်း

Victoria လေးရဲ့ DNA နဲ့ပတ်သက်ပြီး ဘာမှဦးဆောင်မလုပ်ပါဘူးဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ghfjkdslhgfjdksghfjkds7546754368954743 1

Victoria လေးရဲ့ DNA နဲ့ပတ်သက်ပြီး ဘာမှဦးဆောင်မလုပ်ပါဘူးဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

ghfjkdslhgfjdksghfjkds7546754368954743 1

လတ်တလော မြန်မာနိုင်ငံမှာ ရေပန်းစား လူသိများနေတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်က ပြောပြခဲ့တဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..Victoria အမှုနဲ့ပတ်သက်ပြီး သူမခင်ပွန်းက နိုင်ငံခြားထွက်ပြီး DNA စစ်မယ်ဆိုတဲ့ကိစ္စနှင့် ပတ်သတ်ပြီး အဲ့ဒါကမဟုတ်ပါဘူး၊ သမီးချင်းကိုယ်ချင်းစာပြီး မခံချင်စိတ်လေးဖြစ်လာလို့ ရေးလိုက်တာပါ။ တကယ်တော့ ဘာမှဦးဆောင်မလုပ်ပါဘူး။

လတ်တလောကမှ ပုဂံမြေ ယူနက်စကိုဝင်သွားတဲ့အပေါ်။ အဲ့ဒါကလည်း အတိုင်းမသိပျော်ပါတယ်။ ဂုဏ်ယူစရာဝမ်းသာစရာနဲ့အတူ စိတ်ပူစရာတွေလည်းရှိပါတယ်။ နောက်ပိုင်းဒါတွေကို Maintain လုပ်ထိန်းသိမ်းဖို့ နောက်ဆက်တွဲလုပ်ရမှာလေးတွေရှိသေးတော့ ပြည်သူတွေအကုန်လုံးစည်းကမ်းလိုက်နာပြီး ပြင်ကြဖို့ စိတ်ပူတာလေးရှိပါတယ်။

ghfjkdslhgfjdksghfjkds7546754368954743 2

ပုဂံကိုရောက်ဖူးတာတော့ အကြိမ်ရေတွက်လို့မရတော့ဘူး၊ ကန်တော့ပါစေရဲ့ ပုဂံကဘုရားတွေဖူးရတာ အိမ်ကဘုရားကို ပေါ့သွားလောက်အောင် သပာယ်တယ်ဆိုတော့လေ။ ကိုယ့်ရှေးမြန်မာဘုရင်တွေတည်ခဲ့တာတွေကအရမ်းကို လက်ရာမြောက်တာပဲ ဆိုတာနဲ့ကို စိတ်ထဲမှာ အရမ်းဂုဏ်ယူမိနေတာလေ။

လတ်တလောမှာတော့ ကျွန်မရိုက်ထားတဲ့ကား သုံးကားတင်ပါမယ်။ Frequency, သူစိမ်းအိမ်, အောင်သွယ်တော်ရယ် တင်ဖို့ရှိပါတယ်။ သရဲကားနဲ့ ဟာသကားလေးကြိုက်တာကိုရွေးကြည့်ပေးပါလို့။ နောက်ထပ်ကားကြီးအသစ်လဲနောက်လထဲရိုက်ဖို့လည်းရှိပါတယ်။ ဒါရိုက်တာအသစ် Drama ကားလေးပါ။ အခန်းအများကြီးတော့မပါပေမယ့် ရိုက်ရတဲ့အခန်းက သေသေချာချာကြိုးစားပြီးရိုက်ခွင့်ရမယ့်ဇာတ်မျိုးပါ။ ကိုသားကြီးနဲ့ကတော့ အရင်ကကျွန်မကားတွေအများကြီးရိုက်ဖူးတယ်။ ကြော်ငြာတွေလည်းရိုက်ဖူးတယ်။ ကိုသားကြီးကတကယ်ကိုတော်တဲ့သရုပ်ဆောင်ကောင်းပါ။

ghfjkdslhgfjdksghfjkds7546754368954743 3

ခံစားမှုကို အပြည့်အဝခံစားပြီး မျက်လုံးနဲ့ပြန်သရုပ်ဆောင် သူမျိုးပါ။ သူနဲ့တွဲရိုက်ရတာအများကြီး အထောက်အပံ့တွေရပါတယ်။ အလုပ်ကိုတကယ်ကြိုးစားလုပ်တဲ့သူပါ။ ကျွန်မနဲ့တွဲရိုက်တဲ့ အသစ်တွေတော်တော်များများ ဒါရိုက်တာကပဲသင်ပေးရတာပါ။ ကျွန်မကသိမ့်ပြောစရာမလိုဘူး။ ပြောလဲနည်းနည်းပါးပါးလောက်ပါပဲ။ ခုကလေးတွေက ဒီဘက်ခေတ်မှာ Learn လုပ်ဖို့အရမ်းလွယ်တော့ အတက်မြန်တယ် တော်လည်းတော်ကြတယ်။

Facebook Comments
416 Shares

Comments are Closed

Powered by M.N.T