E.T.S

Every Time Story

ပြည်တွင်းသတင်း

ပြည်နယ်နဲ့တိုင်း ၄ ခုမှာ ရေဘေးသင့်သူ ၄ ထောင်ကျော်ရှိ

fdjhfdjkhgfkjdhgfjkdlfkjdghsghjvnvncmgj7787436575685743865748365476857 1

မိုးဆက်တိုက် ရွာသွန်းခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ ရေဘေးဒဏ်ကြုံခဲ့ရပြီး ရေဘေးသင့်သူ ၄ ထောင်ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။ရေကြီးနေတာကြောင့် စစ်ကိုင်းတိုင်းထဲက ခန္တီး-ဟုမ္မလင်းကားလမ်းပိုင်းအချို့မှာ ရေကျော်နေလို့ သွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ထဲက ဒေသတချို့မှာလည်း ရေကြီးနေပြီး မြစ်ကြီးနားမှာဆိုရင် ဒုက္ခသည်စခန်းထဲ ပြောင်းရွှေ့ နေထိုင်ရသူတွေလည်း ရှိပါတယ်။ဇူလိုင် ၁၀ ရက် မနက်ပိုင်းက စပြီး မြစ်ကြီးနားမြို့ စီတာပူ၊ ရမ်ပူ၊ လယ်ကုန်း၊ မြို့သစ်ကြီး စတဲ့ ရပ်ကွက်တွေရဲ့ မြေနိမ့်ပိုင်း တချို့မှာ ရေစဝင်ခဲ့တာပါ။သူတို့တွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးထားပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြသူ တချို့လည်း ရှိနေတယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးဌာနရဲ့ တာဝန်ရှိသူ ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။

fdjhfdjkhgfkjdhgfjkdlfkjdghsghjvnvncmgj7787436575685743865748365476857 2

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေဟာ လာမယ့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်နိုင်လို့ လက်ရှိရေကြီးမှုဒဏ် ကြုံနေရတဲ့ မြစ်ကြီးနားနဲ့ ခန္တီးမြို့တွေမှာ သတိပြုနေထိုင်ကြဖု့ိ သတိပေးချက် ထုတ်ပြန်ထားပါတယ်။နိုင်ငံတွင်းမှာ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှုဒဏ် ကြုံရလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ တုန်းကဆို ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ ရေဘေးသင့်သူ သောင်းနဲ့ချီရှိခဲ့ပြီး လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

1K Shares
Share1K
Tweet
Share
Pin