မြစ်ဆုံစီမံကိန်း တစ်ဦးတစ်ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှုစတင်မယ်….

533
5K Shares

မြစ်ဆုံစီမံကိန်း တစ်ဦးတစ်ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှုစတင်မယ်….

setrh 5

မြစ်ဆုံစီမံကိန်း ရပ်တန့်ဖို့အတွက် တစ်ဦး ကို တစ်ဒေါ်လာပေးလျော်မယ့် လှုပ်ရှားမှု စတင်မယ်လို့ ဦးဆောင်ပြု လုပ်ကြမယ့်သူများက ဆိုလိုက်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဧရာဝတီကို ပြန်ရွေးယူကြမယ် ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ ၊ နိုဗိုတယ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကြေညာခဲ့တာပါ။

setrh 4

ဆွေးနွေးပွဲမှာတော့ မြစ်ဆုံစီမံကိန်းရပ်တန့်ဖို့အတွက် တရုတ်သမ္မတ ဆီကို အိတ်ဖွင့်ပေးစာ လည်း ပေးပို့ခဲ့ပါသေးတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်တန့်ဖို့နဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက တရားဝင်ကုန်ကျထားတာတွေကို ပြန်ပေးလျော်မယ်လို့ ဧရာဝတီကိုပြန်ရွေးယူဖို့ ဦးဆောင်လှုပ်ရှားနေသူတွေက တရုတ်သမ္မတဆီထံ စာပေးပို့ကမ်းလှမ်းလိုက်ပါတယ်။

setrh 3

ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြန်တည်ဆောက်လိုကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြန်မာပြည်သူတွေ အထူးစိုးရိမ်နေကြတယ်လို့လည်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

အဲဒီ အိတ်ဖွင့်ပေးစာကို ရန်ကုန်မှာ ဒီနေ့ပြုလုပ်နေတဲ့ ဧရာဝတီကို ပြန်ရွေးယူကြမယ်ဆိုတဲ့ ဟောပြောပွဲကနေ ထုတ်ပြန်လိုက်တာပါ။

setrh 2

ဒီဟောပြောပွဲမှာ နိုင်ငံရေးသမားတွေ၊ မိုးလေဝသပညာရှင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်၊ ကာတွန်းဆရာ၊ စာရေးဆရာ၊ သရုပ်ဆောင်၊ တေးရေးဆရာနဲ့ အဆိုတော် စတဲ့သူတွေ ပါဝင်ဆွေးနွေးပြောဆိုနေကြပါတယ်။

ဒါကို လျစ်လျူရှုပြီး ဆက်လုပ်မယ်ဆိုရင်တော့ မြန်မာတွေဟာ ဂုဏ်သိက္ခာအချိုးနှိမ်ခံရတယ်၊ အနိုင်ကျင့်ခံရတယ်ဆိုပြီး စွဲမှတ်ယူကြနိုင်လို့ တရုတ်- မြန်မာဆက်ဆံရေးမှာ ပြင်ဆင်ဖို့ခက်တဲ့ ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

setrh 1

ဒါကြောင့် မြစ်ဆုံနဲ့ပတ်သက်ပြီး စာချုပ်ပါအတိုင်း တရုတ်နိုင်ငံက တရားဝင် ကုန်ကျထားတာတွေကို ပေးလျော်ဖို့အတွက်လည်း ကမ်းလှမ်းလိုက်သလို ဒါကို အဖြေအဖြစ် လက်ခံဖို့လည်း တိုက်တွန်းထားပါတယ်။

Facebook Comments
5K Shares