E.T.S

Every Time Story

ပြည်တွင်းသတင်း

မတွေးဝံ့စရာကလေးတို့ရယ်

kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 1 1

မတွေးဝံ့စရာကလေးတို့ရယ်

kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 1

၁၁-၇-၂၀၁၉ ရက်နေ့ နေ့လည်၂ နာရီခန့် ပခုက္ကူမြို့ ကားကြီးကွင်းထဲကို ကောင်မလေး၃ယောက် စက်ဘီးလေးတစ်စီးနဲ့ ရောက်လာတယ်။ ရန်ကုန်သွားချင်လို့တဲ့၊ လက်မှတ်ဘယ်ဖြတ်ရတာလဲတဲ့၊ ခလေးမတွေကြည့်ရတာ အိမ်ကပြေးလာတဲ့ပုံစံတွေမို့ ချော့မေးကြည့်တော့ ပခုက္ကူမြို့အမှတ် ၃ ရပ်ကွက်ကပါတဲ့၊ ရန်ကုန် ဘာလို့သွားမှာလဲ၊ အသိရှိလားဆိုတော့ မရှိဘူးတဲ့၊အိမ်မှာလည်း မနေချင်ဘူးတဲ့၊ အဖွားက ရိုက်လို့တဲ့ လက်မောင်းဒဏ်ရာတွေပြပြီးငိုတယ်။

kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 2
kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 3

လမ်းစားရိတ်ဘယ်ကရလဲ ဆိုတော့ပါလာတဲ့ နားကပ်လေးတွေ ရောင်းတာတဲ့၊ ပခုက္ကူဈေးကြီး သမဂ္ဂသုခ နားကဦးလေးကြီးဆီ ရောင်းတာတဲ့၊ ဒီတိုင်းတော့မဖြစ်ဖူး ဆိုပြီး သူတို့ ၃ယောက်ကို ရဲစခန်းပို့ပေးလိုက်တယ်၊ သူတို့နေတဲ့ အမှတ် ၁၇ ကျောင်းက ကျောင်းအုပ်ကြီးကိုလည်း အကြောင်းကြားပေးပြီးအမှတ် ၃ အုပ်မှူး ကိုဝင်းမြင့်လည်း အကြောင်းကြားပေးလိုက်တယ်။

kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 4
kghdhgkdjshgjkshgfhdsgkjfdjks5746584365735894697356946758493 5

တကယ်သာ ရန်ကုန်ရောက်သွားရင် မတွေးဝံ့စရာအဖြစ်ကြီးမို့ အခုလိုရေးတင်မိတာပါ။
မိဘတွေ သားသမီးတွေရဲ့ ခံစားချက်လေးတွေပြန်ကြည့် ခံစားနားလည် ဖြည့်ဆည်းပေးနိုင်ကြပါစေ။မသမာသူရွှေဝယ်တဲ့သူကိုလည်း ဆုံးမနိုင်ကြပါစေ။ဒီကလေးတွေရဲ့မိဘဆွေမျိုးတွေ သိက္ခာကျစေရန် မရည်ရွယ်ပါခင်ဗျာ…နောက်ဆက်တွဲ…အိမ်ကပြေးတဲ့ကလေးတွေကို ရဲစခန်း၊လွှတ်တော်ကိုယ်စားလှယ်ဦးပိုက်ကို၊ကလေးမိဘအုပ်ထိန်းသူများ၊ တာဝန်ရှိအဖွဲ့များနဲ့အတူ ပြန်လည်အပ်နှံပေးလိုက်ပါတယ်။

Facebook Comments

Comments are Closed

Powered by M.N.T

0 Shares
Share
Tweet
Share
Pin