ရေခဲ​တောင်​ ပ​ဟေဠိ (သို့) မစိမ့်​ထက်​အတွက်​ အမှန်​တရား ဘယ်​မလဲ?

445
0 Shares

ရေခဲ​တောင်​ ပ​ဟေဠိ (သို့) မစိမ့်​ထက်​အတွက်​ အမှန်​တရား ဘယ်​မလဲ?

tcgk 1

ဧပြီ ၆ ရက် ၂၀၁၉ တုန်းက ဖန်ဂရန်ရာဇီရေခဲတောင်ခရီးစဉ်မှာ ညီမငယ် စိမ့်ထက် တစ်ယောက်တောင်ပေါ်ကနေ ခြေချော်ပြီး အသက်ဆုံးပါးသွားခဲ့ရပါတယ်။ အဲဒီ့သတင်းကို သူနဲ့အတူတူတက်ခဲ့တဲ့၊ လူအယောက် ၂၀ အနည်းဆုံးပါတဲ့ “The Summiter” လို့ခေါ်တဲ့ တောင်တက်အဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။ သူတို့ရဲ့အဆိုအရ ညီမငယ်ဟာ ပေ ၂၀၀၀ အနက်ကို ခြေချော်ကျခဲ့တာဖြစ်လို့ အသက်ဆုံးရှုံးသွားပြီလို့ ယူဆခဲ့လိုက်ကြပြီးနောက် တစ်ဖွဲ့လုံးပြန်လာခဲ့ကြပါတယ်တဲ့။ ၎င်းအဖွဲ့ဟာ ညီမငယ်ကို ကယ်ဆယ်မှု တစ်ခုမှမလုပ်ခဲ့ကြသည့်အပြင်၊ ဓာတ်ပုံသက်သေအထောက်အထား ဘာတစ်ခုမှ မပြနိုင်ပါဘူးလို့ ပြောထားပါတယ်။

၎င်းအဖွဲ့ဝင်များရဲ့ Public Post များမှတဆင့် ပြောကြားမှုများကို သုံးသပ်ကြည့်တဲ့အခါ အခင်းအနေအထားရဲ့ သက်သေအထောက်အထား တစ်ခုဆိုတစ်ခုမှ မပြနိုင်တာဟာ အလွန်ကို အဓိပ္ပါယ်မဲ့လွန်းပါတယ်။ ကာယကံရှင် မိသားစုကို သက်သေအထောက်အထား အစုံအလင် သွားပြပြီးသွားပြီဆိုရင်တော့ ထားပါတော့။ ဒါလဲ ညီမငယ်ရဲ့နီးစပ်ရာ သူငယ်ချင်းအသိုင်းအဝိုင်းများရဲ့ အဆိုအရ ၎င်းအဖွဲ့မှ ဘာအထောက်အထားမှ ခိုင်ခိုင်လုံလုံ မတင်ပြလာသေးဘူးလို့ သိရပါတယ်။

tcgk 2

တကယ်ဆိုရင် ဒီဟာက လူသေမှုဖြစ်နေလို့ အဲလောက်နဲ့တောင်မှ မလုံလောက်သေးပါဘူး။ ရဲဆီကို ရှိသမျှ သက်သေအထောက်အထားတွေအကုန်ပေးအပ်ပြီး လူသေမှုအနေနဲ့ တရားဝင် စာရင်းတင်ရမှာပါ။ ပြီးရင် တရားဝင်​ သေဆုံးမှုလက်​မှတ်​ကို ရဲစခန်း၊ တရားရုံး၊ ဆေးရုံ စသည့် အဖွဲ့အစည်းများမှ တရားဝင် အတည်ပြုထုတ်ပေးပြီးမှသာ သေဆုံးမှုတစ်ခုဟာ တရားဝင်အဆုံးသတ်တာပါ။ အဲလိုမျိုးတွေ တစ်ခုမှမလုပ်ထားခဲ့ဘူး / ဒီကိစ္စကြီးကို ဒီလူတွေပါးစပ်ကပြောသမျှလောက်နဲ့ မျက်စိမှိတ် ၁၀၀% ယုံပေးလိုက်ရတော့မယ် ဆိုရင်တော့ ဒီကိစ္စကြီးက လုံးဝ အဓိပ္ပါယ်မရှိတော့ပါဘူး။ တစ်ခုခုတော့ မှားနေပါပြီ။

ဒီနေရာမှာ စဉ်းစားစရာတွေ အများကြီးပေါ်လာပါပြီ။

(၁) နေရာမှာတင် သေဆုံးသွားပါတယ်ဆိုတဲ့ သက်သေအထောက်အထား?

tcgk 2

တောင်တက်ဖူးလားတွေ၊ ပေ ၂၀၀၀ အမြင့်ရှိပါတယ် ဆိုတဲ့ စကားတွေနဲ့ အလွယ်လျှောက်ပြောလို့မရပါဘူး။ ညီမငယ်ဟာ တကယ်သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ဓါတ်ပုံသက်သေတွေတော့ ပြကိုပြနိုင်ရမှာပါ။ ဒီနေရာမှာ ၎င်းအဖွဲ့ရဲ့ လက်ကိုင်တုန့်ပြန်မှုတစ်ခုက “အဲဒီလိုပုံတွေ ပြလို့မရပါဘူး၊ သေဆုံးသူရဲ့ Privacy ကို ထိခိုက်ပါတယ်” ဆိုတဲ့ ကလေးစကားပါပဲ။ ဓါတ်ပုံသက်သေတွေဆိုရာမှာ (၁) ကောင်မလေး စပြီးပြုတ်ကျသွားတဲ့ နေရာအစ (၂) ကောင်မလေး ပြုတ်ကျပြီး ရောက်သွားတဲ့နေရာ / အဝေးဓါတ်ပုံဖြစ်ဖြစ် (၃) အခင်းဖြစ်ခဲ့တဲ့အချိန်ရဲ့ နေရာအနေအထား၊ ပါတ်ဝန်းကျင်အခြေအနေတွေ (၄) အခင်းဖြစ်ခဲ့တဲ့အချိန်ရဲ့ ရာသီဥတု အနေအထားတွေ စသဖြင့်ကို ပြောတာပါ။

ဒါတွေဟာ ဘယ်သူ့ရဲ့ Privacy ကိုမှ မထိခိုက်လို့ ပြကိုပြနိုင်ရမှာပါ။ မပြနိုင်လို့မရပါဘူး။ Camera တွေမရှိခဲ့လို့ ဘာမှမပြနိုင်ပါဘူး၊ သက်သေအထောက်အထားတွေလဲ မယူနိုင်ခဲ့ပါဘူးလို့ တောပြောတောင်ပြောနဲ့ ရှောင်နေလို့လဲ မရပါဘူး။ ဒီခရီးစဉ်ကြီးတစ်လျှောက်လုံးမှာ ဒီတောင်ကြီးကို တက်နေလျက်တန်းလန်း ရိုက်လာခဲ့ကြတဲ့ဓါတ်ပုံတွေဆိုတာလဲ သူတို့ဆီမှာ အများအပြားပဲါ။ သူတို့ပဲ Share နေကြတာပါ။ ဒီထဲမှာ Tag ထားတဲ့လူတွေတစ်ချို့ရဲ့ Profile တွေထဲကို ဝင်ကြည့်ရင်တောင် DSLR တွေသယ်လာတဲ့လူတွေ ရှိပါတယ်။ DRONE တွေတောင် ပါပါတယ်။

tcgk 2

ဒါဆိုရင်ဘာလို့ လူသေမှုဖြစ်တော့မှ အခင်းအနေအထားကို ဘာတစ်ခုမှ သက်သေမပြနိုင်ရတာလဲ?

(၂) ဒီအဖွဲ့ခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့/လိုအပ်တဲ့ Safety Precaution အသက်အန္တရာယ်ကာကွယ်ရေး လုပ်ဆောင်မှု ဘယ်လောက်ရှိခဲ့လဲ?

လူအယောက် ၂၀ ကျော်ကြီး ရေခဲတောင်ထိပ်ကိုတက်/ဆင်းနေတဲ့ အချိန်တောက်လျှောက်လုံးမှာ လူအတွဲလိုက်ကြီးကို Mountaineering Ropes တောင်တက်ကြိုးတွေနဲ့ တစ်ချိန်လုံးတွဲပြီးသွားရတာပါ။ အဲဒါက MUST ပါ။ ဒီအဖွဲ့ရဲ့ဓာတ်ပုံတွေထဲမှာ အသက်ကယ်ကြိုးသုံးထားတဲ့ပုံတွေ အထောက်အထားတွေ ဘာတစ်ခုမှ မရှိပါဘူး။ ၉၀ ဒီဂရီလောက် မတ်တဲ့အတက်ကြီးကိုတောင် ကြိုးတွေမသုံးခိုင်းပဲ အလွတ်ကြီးတွေတက်ခိုင်းနေနဲ့ပုံတွေတောင် တွေ့ခဲ့ရပါတယ်။ တောင်တက်ကြိုး Mountaineering Ropes ကိုသုံးထားရင် / သုံးတဲ့အခါမှာ ဟိုးထိပ်ဆုံးနဲ့ ဟိုးနောက်ဆုံးနေရာတွေမှာ အဖွဲ့ခေါင်းဆောင်တွေက နေရတာပါ။ အလယ်ကလူက ဘယ်လိုမှ ဖောက်ပြီးကျမသွားပါဘူး။

tcgk 2

(၃) အခင်းဖြစ်ပွါးခဲ့တဲ့ နေရာနဲ့ ညီမငယ်ပြုတ်ကျသွားခဲ့တဲ့ နေရာတွေကို GPS Marking တွေလုပ်ခဲ့လား?

GPS Marking တွေမှတ်ခဲ့တော့မှ အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်လို့ရတာပါ။ အနည်းဆုံးတော့ နောက်တော့မှ အလောင်း (Body) ကိုပြန်သွားယူချင်ရင်လဲ လိုပါတယ်။ အခင်းဖြစ်ပွါးရာကိုလဲ သက်ဆိုင်ရာအနေနဲ့ သွားရောက်သုံးသပ်လို့ ရပါတယ်။ ဒါကလဲ ဒီလောက်အထိအန္တရာယ်များတဲ့ Hiking တွေမှာ လိုက်နာရမယ့် Formal Procedure ပါပဲ။

(၄) စာချုပ်စာတန်း (Indemnity Form)

tcgk 2

အခုလို အသက်အန္တရာယ်များတဲ့ တောင်တက်ခရီးတွေမှာ Indemnity Form လို့ခေါ်တဲ့ သဘောတူညီမှုစာရွက်တစ်ခုကို လက်မှတ်ထိုးကြလေ့ရှိပါတယ်။ မိမိအသက်အန္တရာယ်ရောက်နိုင်တာကို သိပါတယ်ပေါ့။ ဒါပေမယ့် Indemnity Form တိုင်းက အချက်တွေ Terms တွေက အတိအကျတော့ မတူကြပါဘူး။ သူတို့ဘယ်လောက်အထိ Agreement ယူထားသလဲဆိုတာ ပြဖို့လိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိမိအသက်အန္တရာယ်သက်ရောက်နိုင်တာကို သိရှိပါတယ် ဆိုတာလောက်နဲ့တော့ “မိမိတစ်ခုခုဖြစ်တဲ့အခါ ပစ်ထားခဲ့ကြပါ” လို့တော့ မမည်ပါဘူး။ အဲလိုလုပ်လို့မရပါဘူး။ ဒီဖောင်ကို လက်မှတ်ထိုးခဲ့ရတာနဲ့ တောင်ပေါ်ကတွန်းအချခံရတာနဲ့ သဘောတရားချင်းကွာသလို ကွာပါတယ်။

အထက်ပါအချက်တွေ မပြည့်စုံခဲ့ရင်တော့ ဒီကိစ္စကြီးက သာမန်သေဆုံးမှုပါလို့ ဘယ်သူပြောနိုင်မလဲ? အနည်းဆုံးတော့ တစ်ခုခုမှားယွင်းနေပြီ။ အထူးသဖြင့် လူတစ်ယောက်လုံးသေသွားခဲ့တာတောင် ဒီလိုအဓိပ္ပါယ်မရှိတဲ့ ခရီးအကြောင်းကို ဆက်လက်ဂုဏ်ယူနေတဲ့စကားတွေ ဆက်ပြောနေကတည်းက မဟုတ်တော့ဘူး။ Everest တောင်ထိပ်ပဲရောက်ရောက်၊ သေသူကိုအားမနာပဲ / လူတစ်ယောက်ရဲ့အလောင်းကြီးကို စတေးပြီး ဂုဏ်ယူနေတဲ့စကားတွေပြောလို့မရဘူး။ ကာယကံရှင်မိသားစုကို အများကြီးအားနာသင့်နေပါတယ်။

tcgk 2

ဒီနေရာမှာ အရေးကြီးတဲ့ မေးခွန်း (Check List) တွေ ထွက်လာပါတယ်။

(၁) အကယ်၍ နေရာမှာတင် သေဆုံးသွားပါတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကို ရိုးရိုးသားသား မပြနိုင်ဘူးဆိုခဲ့ရင် ဒီဟာက ဘာလိုဆိုလိုနေပါသလဲ? ဘာကိုဖုံးကွယ်ဖို့ ကြိုးစားနေကြတာပါလဲ?

(၂) နေရာမှာတင် သေဆုံးသွားပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူက ချခဲ့တာပါလဲ?

tcgk 2

(၃) နေရာမှာတင် သေဆုံးသွားပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တဲ့သူကို သဘောမတူခဲ့တဲ့အခြားအဖွဲ့ဝင်တွေ ရှိခဲ့ကြပါသလား? (သေပြီဆိုတာကို လက်မခံသေးပဲ လူ ၂၀ကျော်အားနဲ့ အနည်းနဲ့အများ ကြိုးစားကြည့်ကြဖို့ အားသန်ခဲ့ကြတဲ့လူတွေ ရှိခဲ့ကြပါသလား?)

(၄) အကယ်၍ ညီမငယ်ဟာ နေရာမှာတင် မသေဆုံးသွားခဲ့သေးပါဘူး ဆိုရင်ရော? ဒီလိုသာဆိုရင် အသက်ရှင်နေလျက် ရေခဲထဲမှာသူ့ဟာသူ သေတဲ့အထိ ပစ်ထားခဲ့ကြတာပါလား?

(၅) Safety Precautions တွေဘယ်လောက်အထိ ထားခဲ့/သုံးခဲ့ ကြပါသလဲ? အဲဒါတွေကိုဆုံးဖြတ်ခဲ့တဲ့ ခေါင်းဆောင်တွေက ဘယ်သူတွေလဲ?

tcgk 2

(၆) သက်ဆိုင်ရာကို ဘယ်လောက်အထိ ပြည့်ပြည့်စုံစုံ တင်ပြခဲ့ကြပါသလဲ? ဘယ်အဖွဲ့အစည်းတွေက ၎င်းအချက်အလက်တွေကို အတည်ပြုပေးခဲ့တာပါလဲ?

(၇) ညီမငယ်ရဲ့ မိသားစုတွေကို ဒီအချက်အလက်တွေထဲက ဘယ်လောက်အထိ Corporate လုပ်၊ ပေးသိ/ရှင်းပြပြီးခဲ့ကြ ပါပြီလဲ?

ညီမငယ် နဲ့ ညီမငယ်ရဲ့ မိသားစုအတွက် အမှန်တရားသာ ပေါ်ပေါက်စေခြင်ပါတယ်။ ကောင်းရာသုဂတိလားပါစေ ညီမငယ်ရေ ..

Facebook Comments
0 Shares