E.T.S

Every Time Story

ပြည်တွင်းသတင်း

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အခန်းအတွင်းမှ ကျပ်သိန်း ၁၀၀ ကျော်တန်ကြေးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံရ

fdgifdlgjfdsghidsgfdigjio574356475879667565476854935498685946 1

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အခန်းအတွင်းမှ ကျပ်သိန်း ၁၀၀ ကျော်တန်ကြေးရှိ ရွှေထည်ပစ္စည်းများ ခိုးယူခံရ

fdgifdlgjfdsghidsgfdigjio574356475879667565476854935498685946 1

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)၊ အဆောင်(၁)တွင်နေထိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦး၏အခန်းအတွင်းမှ ရွှေထည်ပစ္စည်းများ ခိုးယူခြင်းခံရမှု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပြင်သို့သွားခိုက် ၎င်း၏ဇနီးဖြစ်သူမှာနေအိမ်တွင် တဦးတည်းကျန်ရှိနေခဲ့ကြောင်း၊ ယင်းအချိန်တွင် ဇနီးဖြစ်သူမှာ အနီရောင်ဘူးဖြင့်ထည့်ထားသော ရွှေထည်ပစ္စည်းများအား ၎င်းကိုင်ဆောင်သည့် ဆလင်းဘတ်အိတ်တွင်းထည့်ကာ အခန်းအတွင်းရှိ ကုတင်ပေါ်တွင်တင်ထားခဲ့ပြီး ရေချိုးခန်းအတွင်း (၁၀) မိနစ်ခန့်အကြာ ရေချိုးဝင်ခဲ့ကြောင်း၊ ရေချိုးပြီးပြန်အထွက် ကုတင်ပေါ်တင်ထားသော ဆလင်းဘတ်အိတ်အတွင်းမှ ရွှေထည်များခိုးယူခြင်းခံရသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

fdgifdlgjfdsghidsgfdigjio574356475879667565476854935498685946 1

“ပြတင်းတံခါးကိုကလန့်ပြီး အခန်းထဲက ကုတင်ပေါ်တင်ထားတဲ့ ဆလင်းဘတ်အိတ်ကိုဆွဲယူပြီး ရွှေဘူးကို နှိုက်ယူတယ်ပေါ့။ ပြီးတော့ အိတ်ကိုပြန်ထားတဲ့အချိန်မှာ အမျိုးသမီးက လက်ကိုမြင်လို့လိုက်ဆွဲတယ်။ အော်ပါတယ်။ ဒါပေမဲ့ ကိုယ့်အနီးဝန်းကျင်မှာ ဘယ်သူမှမရှိကြဘူး။ ကိုယ်စားလှယ်တွေက မရောက်ကြသေးဘူးလေ။ ပြတင်းဘောင်ပေါ်မှာ ဆွဲကုံးတကုံးနဲ့လက်စွပ်တ ကွင်းကျန်ခဲ့တယ်”ဟု ကာယကံရှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ခိုးယူခြင်းခံရသော ရွှေထည်ပစ္စည်းများမှာ(၁) စိန်လက်ကောက် ၁ ကွင်း (စိန်ပွင့် ၆၂ ပွင့်ပါ) ကာလတန်ဖိုး ကျပ် ၂၅ သိန်းခန့်(၂) စိန်လက်စွပ် ၁ ကွင်း (စိန်ပွင့် ၂၃ ပွင့်ပါ) ကာလတန်ဖိုး ကျပ် ၁၀ သိန်းခန့်(၃) စိန်လက်စွပ် ၁ ကွင်း (စိန်ပွင့် ၅၀ ပါ၊ ပုလဲသီးပါ) ကာလတန်ဖိုး ကျပ် ၁၈ သိန်းခန့်(၄) ၁ ကွင်းလျှင် ၅ မူးသားခန့်ရှိ ပိုက်ပွရွှေလက်ကောက် (၉) ကွင်း၊ ကာလတန်ဖိုး ကျပ် ၄၅ သိန်းခန့်(၅) ရွှေခြေချင်း ၁ ကွင်း၊ ကာလတန်ဖိုး ကျပ် ၆ သိန်းခန့် စုစုပေါင်း ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုးငွေ ကျပ် ၁၀၄ သိန်းဖိုးခန့် ခိုးယူခံရခြင်းဖြစ်ကြောင်း ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းမှ သိရသည်။

fdgifdlgjfdsghidsgfdigjio574356475879667565476854935498685946 2

“လွှတ်တော်ကိုယ်စားလှယ်အခန်းထဲက ရွှေထည်တွေ ဝင်ခိုးတာပေါ့။ တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု အမှတ်(၁)မြို့မရဲစခန်းမှ ရဲအုပ်ဝေဖြိုးလွင်က ပြောသည်။ထိုသို့ ရွှေထည်ပစ္စည်းများခိုးယူခံရသဖြင့် စုံစမ်းဖော်ထုတ်ပေးပါရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ဇနီးဖြစ်သူမှ ဇဗ္ဗူသီရိမြို့နယ် အမှတ်(၁)မြို့မရဲစခန်းသို့တိုင်ကြားလာသဖြင့် ပ/၁၄၂/၂၀၁၉ ရာဇဝတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာ ခေတ်သစ်မီဒီယာ “Maharmedianews” သည် “News Watch” သတင်းဌာန၏ သတင်းများကို ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါသည်။

Facebook Comments
433 Shares

Comments are Closed

Powered by M.N.T