E.T.S

Every Time Story

ပြည်တွင်းသတင်း

မီတာခတက်သွားတော့ ပြည်သူတွေစည်းကမ်းရှိလာတာပေါ့ဆိုတဲ့ နွယ်ဒါလီထွန်း

fhdakdgafdhajkghfksafdgafjk5783643567479345432574385473584798 1

မီတာခတက်သွားတော့ ပြည်သူတွေစည်းကမ်းရှိလာတာပေါ့ဆိုတဲ့ နွယ်ဒါလီထွန်း

fhdakdgafdhajkghfksafdgafjk5783643567479345432574385473584798 1

နွယ်ဒါလီထွန်းဟာ အနုပညာလောကထဲမှာ နှစ်တွေကြာအောင် အောင်မြင်မှုရနေပြီး အခုအချိန်အထိလည်း အောင်မြင်နေဆဲမော်ဒယ်တစ်ဦးဖြစ်ပါတယ်။ နွယ်ဒါလီထွန်းက အခုလက်ရှိမှာ ကြော်ငြာတွေရိုက်နေသလို photoshoot တွေလည်းမအားရအောင်လုပ်နေတဲ့ မင်းသမီးတစ်လက်ပါ။ နွယ်ဒါလီထွန်းက မကြာသေးမီက Stun Magazine နဲ့ Interview မှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ မီတာခတွေတက်သွားတဲ့အပေါ်အမြင်ကိုပြောပြသွားပါတယ်။

fhdakdgafdhajkghfksafdgafjk5783643567479345432574385473584798 2

နွယ်ဒါလီထွန်းက လက်ရှိအနုပညာလှုပ်ရှားမှုကို “ပွဲတက်တွေ ပြီးတော့ Photo shooting တွေ အဲဒါတွေပဲလုပ်ဖြစ်နေပါတယ်။ ပရိသတ်တွေကိုပြောချင်တာက ရှေ့လျှောက်အနုပညာလေးတွေကို အားပေးပါဦး ဝေဖန်အကြံပြုပေးပါဦးလို့ပြောချင်ပါတယ်။ ဒီထက်လည်းပိုချစ်ပေးပါဦးလို့ပြောချင်ပါတယ်”လို့ပြောထားပါတယ်။ မီတာခတက်သွားတဲ့အပေါ်ကိုတော့ “ညီမကြားတာက လွန်ခဲ့တဲ့နှစ်တွေကတည်းက တက်ရမှာ။မတက်သေးပဲနဲ့ထားထားတယ်ဆိုတာက အစိုးရက အရှုံးခံပြီးဈေးတွေချပေးပြီးထားထားတာပေါ့။ အခုမှ ဈေးတွေတက်လိုက်တာပေါ့”လို့ပြောထားပါတယ်။

fhdakdgafdhajkghfksafdgafjk5783643567479345432574385473584798 3

မီတာခတက်လိုက်လို့ ဆင်ဆင်ခြင်ခြင်းလေးနေဖြစ်သွားကြောင်းကို “ကိုယ့်အနေနဲ့တော့ ပုံမှန်တစ်အိမ်လုံးနီးပါး မီးဖွင့်ထားမယ်ဆိုရင် အခု မီတာခဈေးတက်သွားပြီဆိုတော့ ကိုယ်သုံးတဲ့နေရာ ကိုယ်ရှိနေတဲ့ အခန်းလောက်ပဲမီးကိုဖွင့်တယ်။ ပိုပြီးချွေတာတတ်သွားတယ် ။ ဒီနိုင်ငံမှာမှမဟုတ်ဘူး။အခြားနိုင်ငံ စင်ကာပူတို့ဘာတို့မှာလည်း မီတာခတွေဈေးကြီးတယ်။ အဲဒီမှာ အကုန်လုံးက ရေဆိုလည်းရေ ချွေချွေတာတာ စည်းစနစ်တကျနဲ့သုံးတတ်သွားတယ်”လို့ပြောထားသလို မီတာခတက်တော့ လူတွေပိုပြီးတော့ စည်းကမ်းရှိသွားတယ်လို့လည်း “အဲ့လိုမျိုးလူတွေကိုပိုပြီးတော့ စည်းကမ်းပိုရှိလာစေချင်တယ်။

fhdakdgafdhajkghfksafdgafjk5783643567479345432574385473584798 4

အရမ်းတန်ဖိုးသိပ်မရှိဘူး ဈေးပေါတယ်ဆိုလို့ရှိရင်လူတွေက တန်ဖိုးမထားတတ်ကြဘူးလေ။ လူတွေက မီးလည်းမှန်မှန်လာပေးတယ်ဆိုတော့ အစိုးရအတွက်လည်းကောင်းတယ်။ ပြည်သူတွေအတွက်လည်း အပိုဖြုန်းတဲ့ဟာတွေမလုပ်ဖြစ်တော့ဘူးပေါ့”လို့ ဖြေကြားထားပါတယ်။

နွယ်ဒါလီထွန်းက လက်ရှိမှာ ကျန်းမာရေးကြောင့် သွား braces တပ်ထားတဲ့အကြောင်း “လူတွေက သွားကလှရဲ့သားနဲ့ ဘာလို့တပ်တာလဲလို့ ပြောကြတယ်။ တကယ်တမ်းက လှချင်လို့မဟုတ်ဘူး။ ဒါလီ့မှာငယ်ငယ်ကတည်းက နှုတ်ထားတဲ့သွားတစ်ချောင်းရှိတယ်။ အဲဒါကို ပြန်မစိုက်ဖြစ်ဘူး။ ပြန်မစိုက်ဖြစ်တော့ နောက်ကသွားလေးတွေက ယိုင်လာတယ်။ ကြီးလာလို့ရှိရင်မကောင်းဘူးပေါ့နော်။အဲဒါကြောင့် သေချာ ဆေးခန်းတွေဘာတွေပြပြီးတော့ ယိုင်နေတဲ့ဟာလေးကိုပြန်တည့်ပေးမယ်။ အဲဒီသဘောပါပဲ”လို့ပြောပြထားပါသေးတယ်။

Facebook Comments
963 Shares

Comments are Closed

Powered by M.N.T