E.T.S

Every Time Story

ပြည်တွင်းသတင်း

မြန်မာ့ထန်းရည်မှ အချိုမှုန့် အစားထိုး ဟင်းခတ်မှုန့်အဖြစ် ထုတ်လုပ်ရောင်းချတော့မည်

ghfdgjrhurhgufdhjsgfjhjjhfg75476854675687456859468549

မြန်မာ့ထန်းရည်မှ အချိုမှုန့် အစားထိုး ဟင်းခတ်မှုန့်အဖြစ် ထုတ်လုပ်ရောင်းချတော့မည်

ghfdgjrhurhgufdhjsgfjhjjhfg75476854675687456859468549

မြန်မာနိုင်ငံတွင် ထန်းရည်မှချက်လုပ်ရရှိသည့် အနှစ်အား အချိုမှုန့် အစားထိုးဟင်းခတ်ပစ္စည်းအဖြစ် ထုတ်လုပ်ရောင်းချရန်ဆောင်ရွက်နေကြောင်း ထန်းချစ်သူများအသင်း က သိရသည်။ထိုသို့ ဟင်းခတ်မှုန့် ထုတ်ရာတွင် ထန့်လျှက်နံ့ မထွက်စေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းမှတ်ပုံတင် ပြုလုပ်၍ ဖြန့်မည်ဖြစ်ကာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်ပါ ဆက်လက် ရယူသွားမည်ဖြစ်ကြောင်း သိရသည် ။

ghfdgjrhurhgufdhjsgfjhjjhfg75476854675687456859468549

“ ယိုးဒယားမှ အောင်မြင်နေတဲ့ အုန်းရည်ကနေ ဟင်းခတ်အချိုမှုန့် ထုတ်သလို စမ်းသပ်လုပ်ဆောင်ကြည့်တာပါ ။ ထန်းလျှက်နံ့ ထွက်ရင် အဆင်မပြေတဲ့အတွက် ထန်းလျှက်နံ့မထွက်အောင် လုပ်ရပါတယ် ။”ဟု ထန်းချစ်သူများ အသင်းမှ ဦးမောင်မောင်စိုး က ပြောသည် ။ ထန်းရည်မှ အချိုမှုန့်အစားထိုး ဟင်းခတ်ပစ္စည်း ထုတ်လုပ်မှု အောင်မြင်ပါက ထန်းတက် တောင်သူများ၏ ဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး အချိုမှုန့်အစားထိုး သုံးစွဲနိုင်မည် ဖြစ်သည် ။

ghfdgjrhurhgufdhjsgfjhjjhfg75476854675687456859468549

ထန်းရည်ကတဆင့် ချက်လုပ်ရရှိသည့် အနယ်အနှစ်မှာ နိုင်ငံတကာ ဈေးကွက်၌ ဈေးနှုန်းမြင့်မားပြီး မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်၌ ကြံမှ ထုတ်လုပ်သည့် သကြားထက်ဈေးကြီးသော်လည်း ပြည်တွင်းမှ ထုတ်လုပ်သည့်အတွက် အများ သုံးစွဲနိုင်ရန် သက်သာသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူး ရောင်းချပေးနိုင်မည်ဖြစ်ကြောင်း သိရသည် ။ ယခုလက်ရှိတွင် တစ်ရက်လျှင် ၄၀၀ ဂရမ်ပါ အနှစ်ဗူး ၁၅၀ ခန့် စမ်းသပ် ဖြန့်ဖြူးလျက်ရှိကြောင်း ထန်းချစ်သူများအသင်း ကသိရသည် ။

Facebook Comments
749 Shares

Comments are Closed

Powered by M.N.T