E.T.S

Every Time Story

ပြည်တွင်းသတင်း

ဗစ်တိုးရီးယားအတွက် အလှူငွေကောက်ခံမှုကို တရားမဝင်ဟု ရဲတပ်ဖွဲ့သုံးနှုန်း

fjhdfjalfdajbvbvjjladjgjfha564532747564725847572656476574665654763728547

ဗစ်တိုးရီးယားအတွက် အလှူငွေကောက်ခံမှုကို တရားမဝင်ဟု ရဲတပ်ဖွဲ့သုံးနှုန်း

fjhdfjalfdajbvbvjjladjgjfha564532747564725847572656476574665654763728547

ဗစ်တိုးရီးယားအတွက် ဘဏ်ငွေစာရင်းဖွင့်ကာ အလှူငွေ ကောက်ခံမှုကို တရားမဝင်ဟု သုံး နှုန်းလိုက်ပြီး ပထမအဆင့်အနေ ဖြင့် သက္ကမိုးညိုအကောင့်ပိုင်ရှင် ကို အမှုဖွင့်ခြင်းဖြစ်ကာ ဆက်စပ် ပတ်သက်မှုများကို စိစစ်ဖော် ထုတ်အရေးယူမည်ဟု ရဲတပ်ဖွဲ့ က ယမန်နေ့ညတွင် ထုတ်ပြန် သည်။ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့် သတင်းများကို နေ့စဉ်ဖော်ပြနေ သည့် ဖေ့စ်ဘွတ်ခ်၏ တရားဝင် အသိအမှတ်ပြု အမှတ်အသား (အပြာရောင်အမှန်ခြစ်) ရထား သော ‘ရဲဇာနည်’ စာမျက်နှာ၌ ‘ဗစ်တိုးရီးယားကိစ္စ အကြောင်းပြု ပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိ လျှင်တော့ မပြောလိုပါ။ ရိုးသားမှု မရှိလျှင် လက်မခံဘဲ စိစစ်အရေး ယူပါမည်’ ဟုလည်း ရေးသား ထားသည်။

ထို့အတူ ‘အချို့က မိမိစိတ် အထင်ဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်မှုအ ရေးအသားများ’ ဆောင်ရွက်နေ ပြီး သက္ကမိုးညိုကို အရေးယူခြင်းသည် ပထမအဆင့်သာဖြစ် ကြောင်း ရေးသားထားသည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြော ရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး ထံမေးမြန်းရာ ‘‘ရဲဇာနည်ကထုတ် ပြန်တာဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင် ထုတ်ပြန်တာပါ’’ ဟု ပြောသည်။

jgfdhgkfdjhkgfjdlhg854768576765878569768549

သက္ကမိုးညိုအမည်ရ ဖေ့စ် ဘွတ်ခ်စာမျက်နှာ ပိုင်ရှင်သည် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန ဒုတိယ ကြားရေးမှူး ဒေါက်တာဝင်း ကိုကိုသိန်းဖြစ်ပြီး Victoria’s Finance Team က ဘဏ်စာအုပ်နှင့် ATM ကတ်ကို ဗစ်တိုးရီးယားမိသားစုနှင့် အနီး ကပ်ကူညီဆောင်ရွက်ပေးနေသူ ကိုသက္ကမိုးညိုထံတွင် ထားရှိမည် ဟု ထုတ်ပြန်ကြေညာထားသည်။

အဆိုပါအလှူငွေကို ဧရာ ဝတီဘဏ်တွင် ငွေစာရင်းဖွင့်လှစ် ကောက်ခံနေခြင်းဖြစ်ပြီး ဗစ်တိုး ရီးယားအမှု အထောက်အကူဖြစ် ရေးနှင့် ကလေးငယ်ရေရှည်ဖွံ့ ဖြိုးမှုအတွက် ရည်ရွယ်၍ ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ထားသည်ဟု သတင်းထုတ်ပြန်ထားကာ အလှူ ငွေ ကျပ်သိန်း ၁၆၀ ကျော်လက်ခံ ရရှိပြီးဖြစ်သည်ဟု ဇူလိုင် ၈ ရက် တွင် Victoria’s Finance Team က ပြောထားသည်။ထုတ်ပြန်သော ဘဏ်စာ ရင်းရှင်းတမ်း၌ တစ်ပတ်အတွင်း လှူဒါန်းသူစုစုပေါင်း ၁၈၂ ဦးရှိပြီး ကျပ်တစ်ထောင်ကစ၍ အများ ဆုံး ကျပ်သုံးသိန်းအထိ အသီးသီး လှူဒါန်းထားကြောင်း တွေ့ရ သည်။

fjhdfjalfdajbvbvjjladjgjfha564532747564725847572656476574665654763728547

မဖွယ်မရာပြုကျင့်ခံရသည့် နေပြည်တော် Wisdom Hill မူ ကြိုကျောင်းသူ (၃) နှစ်အရွယ် မိန်းကလေးငယ် (ဗစ်တိုးရီးယား) အတွက် ရည်ရွယ်ကာ ဖွင့်လှစ် သည့် ငွေစာရင်းကို အနုပညာရှင်တစ်ဦး၏မိသားစုဝင်၊ ကလေးကျန်း မာပညာဌာန ကထိက၊ ရတနာ ဆိုင်ပိုင်ရှင်အစရှိသူတို့က ဦး ဆောင်၍ ဧရာဝတီဘဏ်တွင် ဖွင့် လှစ်ထားသော ငွေစာရင်းမှတစ် ဆင့် အလှူငွေများ ကောက်ခံနေ ခြင်းဖြစ်သည်။ထို့အတူ ဝင်ငွေ၊ ထွက်ငွေ စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးရန် စီစဉ်မည်ဖြစ်ပြီး သုံးစွဲမှုမှန်သမျှ ပြေစာ (သို့မဟုတ်) သုံးစွဲသည့်အ ကြောင်းအရာကို ရှင်းလင်းစွာ ဖော်ပြချက်နှင့်တကွ လက်မှတ် နှင့် ခံဝန်ချက်တို့ ရယူနိုင်မည့်စည်း မျဉ်းချမှတ်ထားသည်ဟု ဒေါ်အေး အေးမျိုးဆက်က ကြေညာထား သည်။

ဗစ်တိုးရီးယား မိသားစုနှင့် နီးကပ်စွာကူညီဆောင်ရွက်ပေး နေပြီး ယခုရဲတပ်ဖွဲ့ကြေညာချက် တွင်ပါဝင်သူ သက္ကမိုးညိုက ‘‘အများပြည်သူ ထည့်ထားတဲ့၊ ကူ ညီပံ့ပိုးတဲ့ ငွေတွေကို တစ်ပြားမှ ထုတ်ယူ သုံးစွဲခြင်းမရှိသေးပါဘူး။ အနီးကပ် လိုက်ပါဆောင်ရွက်သူ များဟာလည်း ကိုယ့်စရိတ်နဲ့ကိုယ် ကူညီနေကြတာပါ။ သုံးစွဲရင် လည်း ပြည်သူတွေကို ပြောပြပြီးမှ သုံးမှာပါ’’ဟု ပြောထားသည်။ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အ ပေါ် Victoria’s Finance Team ထံမှ မှတ်ချက်ရရန် ကြိုးပမ်းနေ သော်လည်း ယမန်နေ့ညပိုင်း၌ မရရှိခဲ့ပေ။ တရားလွှတ်တော် ရှေ့နေအချို့ကမူ ရဲတပ်ဖွဲ့ထုတ် ပြန်ချက်ပါ တရားမဝင် အလှူငွေ ကောက်ခံမှုဟူသော အသုံးအနှုန်း သည် ဥပဒေအရ ကြည့်မည်ဆို လျှင် မမှားကြောင်းပြောကြသည်။

jgfdhgkfdjhkgfjdlhg854768576765878569768549

တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ‘‘ကျွန်တော်တို့ အတွေ့အကြုံမှာတော့ အဲဒီလိုမ တွေ့ကြုံဖူးဘူး’’ ဟု ဆိုသည်။‘‘ဗစ်တိုးရီးယားအမှုကို အ ကြောင်းပြပြီး လိမ်လည်အလှူခံ ရင် တရားစွဲမယ်ဆိုတဲ့သဘော ပေ့ါ၊ အမှန်တော့ ပြည်သူတွေကို ခြိမ်းခြောက်လိုက်တဲ့သဘောပဲ။ ဥပဒေဆိုတာ လိုချင်သလိုမျိုးသုံး သွားတာ၊ သူတို့လိုရင် ဥပဒေနဲ့ အညီလုပ်တယ်၊ မလိုရင်ဥပဒေနဲ့ မညီဘူးပြောတယ်။ အခုရဲတပ်ဖွဲ့ နာနေပြီလေ။ အမှုက ကမ္ဘာသိတဲ့ အမှုဖြစ်သွားပြီ’’ ဟု ထားဝယ် မြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းအဖွဲ့ဝင်ဟောင်း ဒေါ်မိုမိုချစ် ပြောသည်။

ဒုရဲမှူးဟောင်း မိုးရန်နိုင်ဖမ်း ဆီးတရားစွဲဆိုခံရစဉ်က ၎င်း၏မိ သားစုအတွက် ပြည်သူများက အလှူငွေထည့်ဝင်လို၍ စေတနာ့ ဝန်ထမ်းအချို့က အလှူငွေလက် ခံခဲ့ဖူးပြီး သဘာဝဘေးအန္တရာယ် ကျရောက်သည့် အခါများတွင် လည်း ပြည်သူအချို့ကဦးဆောင် ၍ ပရဟိတ အလို့ငှာအလှူငွေ ကောက်ခံလှူဒါန်းလေ့ရှိသည်။ သဘာဝဘေး အလှူငွေကောက်ခံ ကူညီဖူးသည့် Friend Forever Donation Group ဖြင့် ပရဟိ တလုပ်ငန်းများ လုပ်ဆောင်နေသူ ကိုအောင်မျိုးထွန်းက ‘‘အခုရဲတပ် ဖွဲ့က ထုတ်ပြန်ပုံကတော့ ကြမ်း တယ်လို့ ထင်ပါတယ်’’ ဟု သုံး သပ်သည်။

Facebook Comments

Comments are Closed

Powered by M.N.T

57 Shares
Share57
Tweet
Share
Pin