မိန်းက​လေးတို့ရဲ့ ဘဝကို အလွယ်​တကူ ပျက်​​စေနိုင်တဲ့ သကြားလုံး (သင်္ကြန်မှာ ဒါမျိုးမစားမိကြပါစေနဲ့..)

681
5K Shares

မိန်းက​လေးတို့ရဲ့ ဘဝကို အလွယ်​တကူ ပျက်​​စေနိုင်တဲ့ သကြားလုံး (သင်္ကြန်မှာ ဒါမျိုးမစားမိကြပါစေနဲ့..)

dakyarlone

ဒီပို့လေးကတော့ လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာ လွန်ခဲ့တဲ့နှစ်တွေကတည်းကပါ..။ ဒါပေမယ့်လည်း သတိဆိုတာပိုတယ်မရှိလို့ ပရိသတ်ကြီးနဲ့ ဆက်စပ် မရိသတ်များအတွက် ထပ်မံပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်..။

မိန်းကလေးတို့ရဲ့ ဘ၀ကို လွယ်ကူစွာ ဖျက်ဆီးခွင့်ရအောင် ကြံစည်နိုင်တဲ့ သကြားလုံးအသွင် ဆေးတစ်မျိုးလို့ သိရပါတယ်..။ မသိလို့ ခံလိုက်ရတယ်မရှိစေဖို့ ဒီပို့လေးကို သတိမူသွားကြပါရန်.. လေးစားစွာဖြင့်…

“မိန်းက​လေးတို့ရဲ့ ဘဝကို အလွယ်​တကူ ပျက်​​စေနိုင်တဲ့ သကြားလုံး”….(လက်​ဆင့်ကမ်း​ပေးကြပါ အမျိုးတို့​ရေ)

မိန်းက​လေးတို့ရဲ့ ဘဝကို အလွယ်​တကူ ပျက်​​စေနိုင်​တာမို့ shares ​ပေးခြင်းဖြင့်​ လက်​ဆင့်ကမ်း​ပေးကြပါ အမျိုးတို့​ရေ…

dakyarlone

ဒီနေ့ မိတ်ဆွေ နဲ့စကားလက်ဆုံ ကြရင်း သူက လူကုန်ကူးမှူ့ တိုက်ဖျက်ရေးအဖွဲ့ကို နမူနာပေး ပီး လူငယ်ထုအကြား အသိပညာ ဗဟုသုတရအောင် တကိုယ်ရေ အန္တာရာယ် ကာကွယ်နိုင်အောင် ဆိုတဲ့ ရည်ရွှယ်ချက်နဲ့ …..

ဒီနေ့ ခေတ် မှာအသုံးပြုနေတဲ့ ကာမစိတ်ကြွ ဆေး နမူနာတွေပြလို့၊ လူငယ်များ သတိထားနိုင်အောင် ပုံနဲ့တကွ ပြောပြလိုက်တာပါ။တကယ်တော့ လူငယ်ထုအကြား ဒီလို သကြားလုံး မျိုး စားမိရင် မိန်းကလေးငယ် တို့ စိတ်ကို မထိန်းနိုင်တော့ပါ ။မိမိတို့ အ ပျို ရည်ကို အလွယ်တကူ ပျက်စီးစေနိုင်ပါတယ်။

ပြီးတော့ အပြင် မှာကိုယ်နဲ့ သိပ်မ ရင်းနှီးသူ များ ရင်းနှီးသော် လည်း မိသားစုဝင် မဟုတ်သူများက ကျွေးသော အချိုရည် ကော်ဖီ လဘက်ရည် အအေး တို့ကို မသောက်ကြဘို့ အကြံပေးပါရစေ စသည့်တို့တွင် အလွယ်တကူ အရည် တစ်စက် နှစ်စက် ချပီး ရောစပ်လိုက်တာနဲ့ ပျော်ဝင်သွားနိုင် ပြီး….

သောက်မိလျှင် စိတ်လုံးဝ မထိန်းချုပ် နိုင်တော့ ဘဲ တဘက်သူ ပြုသမျှခံရ နိုင်ပါတယ်၊ သားကောင် ဖြစ်သွားပီး တဘက်သူရဲ့ ချု ပ်ကိုင် ခြင်း ခံရပီး ဘဝပျက်သွားနိုင်ပါတယ်။လူကုန်ကူးခြင်း ခံရနိုင်ပါတယ်၊ ဒါကြောင့် အသိသတိ ရှိရန် မျက်မြင် တွေ့ ရှိထားပီး သတိ ထားနိုင်အောင် တင်ပြ ရေးသားခြင်း ဖြစ်ပါတယ်။

dakyarlone

လူငယ်များအားလုံး အသိသတိရှိကြပီး ရှောင်ရှားနိုင်ကြပါစေ….. တစ်ဦးနဲ့တစ်ဦး စောင့် ရှောက်နိုင်ကြပါစေ….။

Facebook Comments
5K Shares